
နှစ်သစ်မှာ ပုံစံအသစ်နဲ့ပေါ့။ Coco Chanel ရဲ့ စကားအရဆိုရင်တော့
“မိန်းမတစ်ယောက် ဆံပင်ညှပ်တယ်ဆိုတာ သူ့ဘ၀ကို ပြောင်းလဲပစ်တာပါပဲ” တဲ့။
ဒီနှစ်သစ်ကို စတိုင်အသစ်လေးနဲ့ သွက်လက်ပေါ့ပါးတဲ့ပုံစံလေး
ဖြစ်ချင်တယ်ဆိုရင်တော့ ဒီ K-Pop စတားလေးတွေရဲ့ ဆံပင်အရှည်ကြီးတွေကနေ
အတိုလေးတွေ ပြောင်းလဲထားပုံကို ကြည့်ပြီး နမူနာယူနိုင်ပါတယ်နော်။
(၁) IU
လွန်ခဲ့တဲ့နှစ်က “Pretty Man” ဆိုတဲ့ ဇာတ်ကားရိုက်ကူးရာမှာ
ညှပ်ပစ်ခဲ့တာဖြစ်ပါတယ်။ IU ဟာ ဆံပင်အရှည်နဲ့ကတည်းက နှစ်လိုဖွယ်ကောင်းပြီး
ငယ်ရွယ်မှုအပြည့်အ၀ ရှိပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆံပင်အတိုလေးနဲ့လည်း
ချစ်ဖို့ကောင်းတယ်ဆိုတာ ငြင်းလို့မရပါဘူး။
(၂) Hyuna
ဆံပင်အရှည်ကြီးနဲ့ကတည်းက sexy ကျတဲ့သူမဟာ ဒီလို ရွှေရောင်တလက်လက်
တောက်နေတဲ့ ဆံပင်အတိုမျိုး ရုတ်တရက်ပြောင်းလိုက်တဲ့အခါမှာတော့ sexy
ကျရုံသာမက ခေတ်ရှေ့ပြေးတဲ့ မော်ဒန်ဒီဇိုင်းမျိုးပါ ရသွားပါတယ်။
(၃) Kahi
သူမဟာ ဆံပင်အတိုကြောင့် ပိုပြီး ပြတ်သားတဲ့
မျက်နှာပုံပေါ်လွင်သွားပါတယ်။ အထူးသဖြင့် သူမရဲ့ ထင်ပေါ်တဲ့ မေးရိုးကြောင့်
ပိုပြီးငယ်ရွယ်ကာ စတိုင်ကျတဲ့အသွင် ပေါ်သွားပါတယ်။ ဒီဆံပင်ကို သူမရဲ့
ပထမတစ်ကိုယ်တော် အယ်လ်ဘမ် စတင်ထွက်ရှိချိန်မှာ ညှပ်လိုက်တာပါ။
(၄) Son Dam Bi
သူမရဲ့ ဆံပင်စတိုင်အသစ်နဲ့ အတော်လေး ဟန်ကျပန်ကျ ဖြစ်သွားပါတယ်။ မှန်ကန်တဲ့ အရှည်နဲ့ စတိုင်လည်းကျပါတယ်။
(၅) Kan Min Kyung
IU လိုပဲ သူမကိုလည်း “baby face” လို့ ချစ်စနိုးခေါ်ဝေါ်ခြင်း
ခံရသူပါ။ သွက်လက်မှု အပြည့်နဲ့ ဆံပင်စတိုင်အသစ်က ပိုပြီးတောင်
ငယ်သွားတယ်လို့ထင်ရပါတယ်။
(၆) Hyolyn
ဒီလို ဆံပင်အတိုကို လိမ္မော်ရောင်တောက်တောက် ကာလာနဲ့ လှနိုင်တဲ့
သူဆိုတာ အတော်လေးရှားပါတယ်။ သူမရဲ့ ဆံပင်အတိုက သူမကို ပိုပြီးထင်ရှားတဲ့
အသွင်ဖြစ်လာအောင် ပြောင်းလဲပေးလိုက်တာကို SISTAR မှာ တွေ့နိုင်ပါတယ်။
ဆံပင်လိုပဲ သူမရဲ့ နေပုံထိုင်ပုံနဲ့ ပါဆင်နယ်တွေဟာလည်း တကယ်တောက်ပလာပါတယ်။
ဒီတော့ ၂၀၁၄ မှာ ဆံပင်အတိုညှပ်ချင်စိတ် ရှိနေတယ်ဆိုရင်တော့
သိပ်အများကြီး တွေဝေ မနေပါနဲ့။ ကိုယ်နဲ့လိုက်ဖက်နိုင်တဲ့ ပုံစံကိုသာ
မှန်ကန်စွာ ရွေးချယ်လိုက်ပါ။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




12:56 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment