Related Posts Plugin for WordPress, Blogger...

Saturday, January 11, 2014

မင်္ဂလာသတင်းက မကြာမီ၊ လာမည်လို့ ဖွင့်ဟလိုက်တဲ့ ချစ်စနိုးဦး



သရုပ်ဆောင်နယ်ပယ်ကနေ ဂီတအနုပညာထဲကို စီးမျောဝင်ရောက်သွားသူဖြစ်တဲ့ ချစ်စနိုးဦး ဟာ အကယ်ဒမီရုပ်ထုကို ပိုင်ဆိုင်ရရှိပြီးကာမှ သရုပ်ဆောင်နယ်ပယ်မှာ အနေအေးသွားပြီး ဂီတဖက်ကို ပြောင်းလဲလုပ်ကိုင်သူပါ။ သူမဟာ လတ်တလောမှာ နယ်ပွဲဖျော်ဖြေရေးများနဲ့ အလုပ်ရှုပ်နေပြီး သူမရဲ့ ဗီစီဒီအတွက်လည်း ပုံဖော်ရိုက်ကူးမယ်လို့ သိရတာကြောင့် သူမနဲ့ ဆုံတွေ့ခိုက် မေးမြန်လိုက်တဲ့အခါ ‘အစ်မ အခုလာမဲ့၁၂ ၊ ၁၃မှာ ရခိုင်ခြေတော်ရာမှာ သီချင်းသွားဖျော်ဖြေဖို့ရှိတယ်။ ပြီးရင် ၁၆ မှာ မန္တလေးဈေးချိုဖွင့်ပွဲမှာ သွားဖျော်ဖြေဖို့ရှိတယ်။ ဒီကြားထဲမှာတော့ အစ်မ ဖျော်ဖြေရေးတွေပဲ တောက်လျှောက် လက်ခံထားတာပေါ့နော်။ ကားရိုက်ကကျတော့ သီချင်းသွားဆိုဖို့နဲ့ တိုက်နေတဲ့အခါကျရင် အဆင်မပြေမှာစိုးလို့သိပ်မရိုက်ဖြစ်ဘူး။ ကားရိုက်က အနည်းဆုံး ၇ ရက် ၁၀ ရက်လောက်ကြာတာဆိုတော့ သီချင်းဆိုတာနဲ့တိုက်မှာစိုးလို့သိပ်လက်မခံဖြစ်ဘူး။ ဒါပေမဲ့လို့ ကိုယ်က သီချင်းသွားဆိုဖို့မရှိတဲ့အခါတွေကျရင်တော့ ကားရိုက်တွေကို ပြန်လက်ခံဖြစ်မှာပါ။ ခိုနားခွင့်ပေးပါ တေးစီးရီးနဲ့ပတ်သတ်ပြီးတော့လဲ အခွေအခြေအနေက မဆိုးဘူးလို့ပြောလို့ရမယ့် အနေအထားပေါ့။ ပရိသတ်တွေလဲအားပေးကြတယ်။ ကြိုက်ကြတဲ့အတွက် ကျေးဇူးတင်တယ်။ ဒီအခွေလေးကို လုပ်ဖြစ်တာကလဲ ပရိသတ်တွေတောင်းဆိုလို့လုပ်ခဲ့တာဖြစ်တဲ့အတွက် အခုလို အားပေးတဲ့အပေါ်ကို အစ်မက အရမ်းကျေးဇူးတင်ပါတယ်လို့ပဲပြောချင်ပါတယ်။ အခု၂၀၁၄ ထဲမှာဆို အစ်မအမ်တီဗီရိုက်ဖို့အတွက်စီစဉ်ထားတယ်။ မရိုက်ဖြစ်သေးတာက အစ်မကိုယ်တိုင်ကလဲ သီချင်းတွေ သွားဆိုတော့မအား၊ အစ်မအားတော့ ဒါရိုက်တာတွေက မအားနဲ့ သူတို့ရော၊ အစ်မရော အားမဲ့အချိန်ကို စောင့်ပြီး အစ်မရဲ့အမ်တီဗီလေးကို ပရိသတ်အတွက် အကောင်းဆုံးပေးဆပ်ချင်လို့ပါ။’လို့ သူမက ဆိုပါတယ်။

သူမရဲ့ အချစ်ရေးသတင်းနဲ့ ပတ်သက်ပြီးတောလည်း သူမက ‘အခုချိန်မှာ အစ်မက တစ်ယောက်တည်းတော့ မဟုတ်တော့ပါဘူး။ ချစ်သူရှိနေပါပြီ။ အဆင်ပြေပါတယ်။ အေးဆေးပါပဲ။ အစ်မရဲ့မင်္ဂလာသတင်းကတော့ မကြာမှီ လာမည်။ ယူမယ်ဆိုရင် ပရိသတ်တွေကို အရင်အသိပေးမှာပါ။ အခုလောလောဆယ်တော့ ကိုယ်ကလဲ အနုပညာအလုပ်တွေကို လုပ်လို့မ၀သေးတဲ့အတွက် အိမ်ထောင်ရေးဖက်ကို မလှည့်သေးတာပါ။ စနိုးအိမ်ထောင်ပြုတော့မယ်ဆိုရင် ပရိသတ်ကြီးကို အရင်အသိပေးမှာပါ’တဲ့။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U