Related Posts Plugin for WordPress, Blogger...

Tuesday, January 14, 2014

ဖုန်းဘယ်အချိန်ဆက်သလဲ

ချစ်သူကို ဘယ်အချိန်ဖုန်းဆက်တက်သလဲ….
(1)အိပ်ယာနိုးနိုးချင်း
(2)လမ်းမပေါ်မှာ
(3)အလုပ်ချိန်မှာ
(4)အိပ်ယာမ၀င်ခင်
(5)ဆက်ချင်တဲ့အချန်ဆက်တယ်…။
ဖတ်ဖူးတာလေးပါ..ပျော်ပျော်ပါးပါးစမ်းကြည့်ကြတာပေါ့။ကိုယ်ဘယ်လိုလူမျိုးလဲ….။
(1)အိပ်ယာနိုးနိုးချင်းဆက်တက်သူ
အချစ်နဲ့ပတ်သတ်ရင်သင်ဟာအရင်လှုပ်ရှားတက်သူဖြစ်တယ်။သင်ဟာအခွင့်အရေးကောင်းနဲ့ကြုံရင် လက်မလွှတ်တက်သူဖြစ်တယ်။``အချစ်စစ်သူရဲကောင်း´´အမျိုးအစားဖြစ်တယ်။အချစ်အတွက်ပျော်ပျော်ကြီးစွန့်လွှတ်အနစ်နာခံရဲသူဖြစ်တယ်။ချစ်သူဆီကဘာမှမမျှော်ကိုးဘဲ ပေးဆပ်သူ။ချစ်သူကျေနပ်အောင် ကြင်နာသူ။အချစ်ဆီက ဘာတုန့်ပြန်မှုမရလည်း အပြစ်မတင်တက်သူဖြစ်တယ်။အချစ်မှာသင်ဟာပျော်ပျော်နေတက်ပေမယ့် အကြံတစ်ခုတော့ပေးချင်တယ်။ချစ်သူအပေါ်ထားတဲ့သင်ရဲ့ကြင်နာယုယမှုတွေဟာ ချစ်သူအတွက်အကျင့်ဖြစ်မသွားစေပါနဲ့။ချစ်သူဆိုတာ နှစ်ဦးနှစ်ဖက်အပေးအယူမျှဖို့လို။သင့်အတွက်အလိုက်ဖက်ဆုံးလူဟာလည်း သင့်ကိုချစ်ခင်ကြင်နာတဲ့သူ။သင့်ကို တန်ဖိုးထားသူပဲဖြစ်သင့်ပါတယ်။
(2)လမ်းပေါ်မှာဆက်တက်သူ
       အချစ်ကြောင့်အရသာမပျက်သူ။ဘ၀မှာပျော်ပျော်နေတက်သူဖြစ်ပြီး အချစ်မရှားသူဖြစ်တယ်။ဘ၀ရဲ့ထောင့်တစ်နေရာရာကနေ ကိုယ့်အတွက်ပျော်ရွှင်မှုကို ရှာတက်သူဖြစ်ပြီးနှစ်ဦးနှစ်ဖက်ရဲ့ အပြောအဆိုကို အလွန်ဂရုစိုက်တက်သူဖြစ်တယ်။ချစ်သူဘာကိုအလိုရှိသလဲဆိုတာသင်သိဖို့အတွက်အကြံတစ်ခုပေးချင်ပါတယ်။သင်ဟာစန်းပွင့်သူဖြစ်ပေမယ့် တစ်ယောက်တည်းကိုပဲသတ်သတ်မှတ်မှတ်ချစ်တဲ့အချစ်ကမှ သင့်နဲ့အသင့်တော်ဆုံးဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့စိတ်တစ်ခုတည်းနဲ့ လူအများကို ခွဲဝေပေးဖို့မဖြစ်နိုင်လို့ပါပဲ။
(3)အလုပ်ချိန်မှာဆက်တက်သူ
       သင်ဟာအချစ်လူရိုးကြီးပါ ။၇ိုမန်တစ်မဆန်သလို နားဝင်ချိုတဲံ့စကားကိုလည်းပြောခဲသူဖြစ်ပါတယ်။အချစ်ဆိုတာဘ၀ရဲ့တစ်စိတ်တစ်ဒေသလို့ထင်သူဖြစ်တယ်။သင်ဟာအချစ်ကို ချစ်သော်လည်းအချစ်ကြောင့်ခေါင်းမစားသူဖြစ်တယ်။သင့်အတွက်အကြံက အချစ်ကို သင်စတင်တော့မယ်ဆိုရင် သူငယ်ချင်းအဆင့်ကနေ တစ်ဖြည်းဖြည်းစတင်တာဟာအကောင်းဆုံးဖြစ်တယ်။ဒါပေမယ့် သူငယ်ချင်းအဆင့်ပဲရှိသေးတယ်။သူငယ်ချင်းအဖြစ်နဲ့တော့မရပ်စဲမိဖို့လိုလိမ့်မယ့်။
(4)အိပ်ယာမ၀င်ခင်ဆက်တက်သူ
       သင်ဟာအချစ်ရဲ့ကျေးကျွန်ဖြစ်တယ်။အချစ်ကိုကိုးကွယ်သူဖြစ်တယ်။ချစ်သူက သင့်ပေါ်နည်းနည်းကောင်းပြ၊ကြင်နာပြတာနဲ့ သင်ဟာသူ့အပေါ်ဆယ်ဆပြန်ကောင်းလိုက်တက်တယ်။ချစ်သူအလိုရှိတာကို ပါးစပ်ကဟလိုက်တာနဲ့ သင်ကဘာမဆို အားလုံးအိုကေစေရမယ်ဆိုတဲ့ အမျိုးအစားဖြစ်တယ်။သင့်ကိုအကြံတစ်ခုပေးချင်ပါတယ်။တစ်ခါတစ်လေမှာ အချစ်ဆိုတာတရားမမျှတတဲ့ကစားနည်းပါ။ပေးဆပ်မှုနဲ့ရယူမှုကဘယ်တော့မှ တစ်ထပ်တည်းမကျဘူး။ဒါကြောင့်အချစ်နွံထဲအရမ်းနစ်ဝင်မသွားပါနဲ့။နောက်သင့်မှာအချစ်အတွက်တိုင်ပင်ဖော်လေးလိုပါတယ်။ဥပမာ-သူငယ်ချင်း သို့မဟုတ်အိမ်သူအိမ်သား၊သူတို့ကသင့်အတွက်အကြံဥာဏ်ကောင်းတွေပေးနိုင်လိမ့်မယ်။
(5)ဆက်ချင်တဲ့အချိန်ဆက်တက်သူ
       ချစ်သူကိုယ်ပေါ်ကနေ ကိုယ်လိုချင်တဲ့အရာကိုရှာဖွေတက်သူဖြစ်တယ်။ချစ်သူလိုတစ်မျိုး၊သူငယ်ချင်းလိုတစ်မျိုး ကူညီစောင့်ေ၇ှာက်တက်သူလည်းဖြစ်တယ်။တခြားသူနဲ့ခင်မင်သွားလည်းချစ်သူအပေါ်အချစ်မပြောင်းသူဖြစ်တယ်။အကြံပေးချင်တာချစ်သက်တမ်းကြာလေလေ ချစ်သူရဲ့အပြစ်အနာအဆာကို တွေ့မြင်နိုင်ဖို့ခဲယဉ်းလေလေဖြစ်တက်တာကြောင့် ချစ်သူအပေါ်မကျေနပ်တာ။အလိုမကျတာတွေကို စိတ်ထဲမှာသိမ်းမထားဘဲ ချက်ချင်းထုတ်ဖော်ပြောသင့်တယ်။အလိုမကျတာတွေကို ရင်ထဲမှာပဲသိမ်းဆည်းထားရင် နောက်ဆုံးမှာအင်အားပြင်းတဲ့မီးတောင်အဖြစ်ပေါက်ကွဲနိုင်ပါတယ်။
မှတ်ထားဖူးတာလေးတစ်ခုပါ.....သူငယ်ချင်းတို့ ပျော်ရွှင်ပါစေဗျာ.....
တိုက်ဆိုင်ရင်လဲခွင့်လွှတ်နော်.....Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U