ပရိသတ်တွေ
ချစ်ခင်အားပေးကြတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်အပြင်၊ ဂီတအနုပညာကို
ရွေးချယ်လုပ်ကိုင်ခဲ့တဲ့အတွက် ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်ရသူလေးဖြစ်တဲ့
နန်းမြတ်ဖြိုးသင်းနဲ့တွေ့ဆုံခိုက်မှာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်း
မေးမြန်းဖြစ်တဲ့အခါ သူမက ‘နန်းမြတ် မနေ့ကမှ ချောင်းသာက ပြန်ရောက်ပါတယ။်
ဦးညီညီထွန်းလွင်တို့နဲ့ ဇာတ်လမ်းတွဲ သွားရိုက်တာပါ။ အဲဒီမတိုင်ခင်က
ကိုပြေတီနဲ့ဗီဒီယို တစ်ကားရိုက် ဖြစ်ပါတယ်။ နန်းမြတ် မနက်ဖြန် စင်ကာပူမှာ
သွားရိုက်ခဲ့တဲ့ကားလေးကို လက်ကျန်ဖြတ်မယ်။ ပြီးတော့ မီးသတ်တပ်ဖွဲ့အတွက်
ဂုဏ်ပြုကားလေး ရိုက်ရမယ။် ချောင်းသာမှာ သွားရိုက်ခဲ့တဲ့ကားက
ဝါစိမ်းနီကမ္ဘာသိမ်းမည်တဲ့။ ဇာတ်လမ်းတွဲလေးပေါ့။
ဦးညီညီထွန်းလွင်ရိုက်တာပါ။ နန်းမြတ်က မင်းသမီးရူးပေါ့။ နန်းမြတ် အဲဒီထဲမှာ
ရိုက်ကူးရေးခန်းတွေလဲ ပါတယ်။ အဲဒါလေးတွေကို ပီပီပြင်ပြင်ဖြစ်အောင်
ပြင်ဆင်ပါတယ်။ ရပ်ကွက်ထဲမှာ ဖြစ်ပျက်နေတာလေးတွေကို ရိုက်ပြထားတာဆိုတော့
သဘာဝကျအောင်ပဲ သရုပ်ဆောင်ထားပါတယ်’ တဲ့။
သီချင်းဆိုတဲ့အပိုင်းကို
မေးကြည့်တဲ့အခါမှာလည်း ‘ရှိုးပွဲမှာလဲပရိသတ်ကို ထူးခြားတဲ့ တင်ပြပုံတွေနဲ့
ဖန်တီးပြဖို့ စီစဉ်ထားပါတယ်။ နန်းမြတ်တို့ရဲ့ သူငယ်ချင်း အမ်တီဗီအခွေလေးကလဲ
အကောင်အထည် စဖော်နေပါပြီ။ မရိုက်တော့ မရိုက်ရသေးဘူး။ အခုလဲ အမ်တီဗီလေး
ထွက်ပြီးသွားရင်နန်းမြတ်ရဲ့တစ်ကိုယ်တော်အခွေအတွက် အားစိုက်ဖြစ်မှာပါ။
တစ်ကိုယ်တော် အခွေအတွက် သီချင်းတွေ စစုနေပါပြီ။ ထူးထူးခြားခြား အနေနဲ့က
နန်းမြတ်ရဲ့ အနုပညာလှုပ်ရှားမှုတွေ ပိုပြီးစိပ်လာတယ်။ ပြီးတော့၂၀၁၄ မှာ
အမ်တီဗီအခွေလေးကို ထွက်နိုင်အောင်ကြိုးစားမယ်။’လို့ သူမက ပြောပါတယ်။
နန်းမြတ်
ကိုယ်တိုင်အနုပညာအလုပ်ကို ရွေးချယ်ဖြစ်တဲ့အတွက် နောင်တရလားလို့
မေးကြည့်တော့ သူမက ‘နောင်တမရပါဘူး။ ကျောင်းတက်တုန်းကလဲ
နန်းမြတ်ကျောင်းကိုပဲ ဦးစားပေးခဲ့ပါတယ်။ အခုကျောင်းပြီးသွားတော့
အနုပညာအလုပ်ကို ဦးစားပေးလုပ်ကိုင်ခဲ့တဲ့အတွက် နောင်တရစရာမရှိပါဘူး’တဲ့။
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment