ရပ်ပ်ပါ
Soulja Boy ဟာ တရားမ၀င် သေနတ်ကိုင်ဆောင်မှုနဲ့ ဇန်န၀ါရီလ ၂၂ရက်နေ့
နံနက်အစောပိုင်းမှာ အဖမ်းခံလိုက်ရပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်မှာပါ။
Soulja
Boy လိုက်ပါစီးနင်းလာတဲ့ကားဟာ San Fernando တောင်ကြားဒေသအရောက်
ရဲကတားခဲ့ပါတယ်။ အစကတော့ ယာဉ်စည်းကမ်း အသေးစား ချိုးဖောက်မှုနဲ့ပါပဲ။
ဒါပေမဲ့ တရားမ၀င် သေနတ်ကိုင်ဆောင် ထားတာကို တွေ့ရတဲ့အတွက်
ထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ TMZ သတင်းဝဘ်ဆိုဒ်အရ သိရပါတယ်။
Soulja Boy ကို ပြည်နယ်ထောင် ပို့ဖို့ လုပ်ထားပါတယ်။
မနှစ်က
ဇန်န၀ါရီလကလည်း သူ့ဘော်ဒါ Abrahim Mustafaဟာ သူရဲ့တန်ဖိုးကြီး Bentley
ကားကို မောင်းသွားပြီး ဆိုင်ကယ်တစ်စီးနဲ့တိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ
Soulja Boyဟာ ယာဉ်တိုက်မောင်းပြေးမှုနဲ့ တရားဆွဲခံခဲ့ရပါသေးတယ်။
Soulja
Boyဟာ “Crank That” သီချင်းနဲ့ ၂၀၀၇ခုနှစ်မှာ ပေါက်ခဲ့ပြီး
အသက်၁၆နှစ်အရွယ်နဲ့ အောင်မြင်ကျော်ကြားလာခဲ့သူပါ။ Billboard hot 100ရဲ့
နံပါတ် (၁) ချိတ်တဲ့သီချင်းတွေထဲကမှ တေးရေး၊ တေးဆို၊ အသံသွင်းအင်ဂျင်နီယာ
အဖြစ်တာဝန်ယူခဲ့ပြီး နံပါတ် (၁)ချိတ်လာခဲ့သူဟာလည်း သူ ပထမဆုံးပါပဲ။ “Crank
That” သီချင်းနဲ့ ဂရမ်မီဆု လျာထားခြင်းခံခဲ့ရပါသေးတယ်။
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment