K-Pop စတားတွေ ဆံပင်ဖြူဖျော့ဖျော့နဲ့ ရွှေအိုရောင် ဆိုးကြတာ
အများအပြားတွေ့ဖူးကြပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် စတားလေးတွေလောက်
ရွှေရောင်နဲ့လိုက်တဲ့သူမျိုးကို မတွေ့ဖူးသေးပါဘူး။
Sandara က “Falling In Love” ထဲမှာ
ဆံပင်ရွှေရောင်ပြောင်းလိုက်တဲ့အခါ အားလုံးကလည်းပဲ fell in love
ဖြစ်သွားရပါတယ်။ သူမဟာ နတ်ဘုရားမတပါးအသွင်ပါပဲ။ သူမဟာ တကယ့်ကို
ရွှေရောင်ကောင်မလေးလို့ ခေါ်ဆိုနိုင်သူပါ။
အနီ ၊ အညို ၊ အနက် ဘယ်အရောင်ပဲပြောင်းပြောင်း Gyuri ဟာ
ရွှေရောင်လောက် သူမနဲ့ လိုက်ဖက်တဲ့ အရောင်မရှိပါဘူး။ ရွှေရောင်နဲ့သူမဟာ
ပိုပြီးအမျိုးသမီးဆန်လို့ ပြေပြစ်ပါတယ်။
Luna ကို အများအားဖြင့် အနက်ရောင်နဲ့သာ တွေ့ရလေ့ရှိပြီး
အနက်ရောင်ဟာ သူမရဲ့အသက်တွေကို ထပ်ပေါင်းထည့်နေသလိုပါပဲ။ ရွှေရောင်နဲ့သူမကို
တွေ့လိုက်ရတဲ့အခါမှာတော့ တဖန်ပြန်လည် မွေးဖွားလာသလိုပါပဲ။
Girl’s Generation ထဲက Hyoyeon ဟာ
အနည်းငယ်ယောက်ျားဆန်တဲ့သွင်အပြင်နဲ့ ကောင်မလေးပါ။ သူမရဲ့ အနက်ရောင်ဆံပင်နဲ့
သူမဟာ ရင့်ကျက်တဲ့အသွင်ပေါက်ပါတယ်။ သူမရွှေရောင်ပြောင်းဖို့
ဆုံးဖြတ်လိုက်တာ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပါ ။ သူမဟာ ဒီအရောင်နဲ့ပိုပြီး
တောက်ပသွားသလို ပိုပြီးတော့လည်း ငယ်သွားပါတယ်။
Nana ရွှေရောင်ပြောင်းလိုက်တဲ့အခါ သူမဟာ
ဒီအရောင်နဲ့မွေးဖွားခဲ့သင့်တာ လို့ပဲ ပြောချင်ပါတယ်။ သူမကို ကြည့်ရတာ
အလွန်ပဲ classic ဆန်သွားပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလကမှ သူမဆံပင်တွေကို
အရောင်ချွတ်ထားတာပါ။
ရွှေရောင်က HyunA ကို တကယ်ကလေးလေးတစ်ဦးလိုမျိုး
အသွင်ပြောင်းပေးလိုက်နိုင်ပါတယ်။ သူမကို ဒီဆံပင်က
အလွန်လတ်ဆတ်သွားစေတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။
Jiyeon ကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ သူမဟာ အစောကတည်းက
ဒီလိုဆုံးဖြတ်ခဲ့သင့်တာ လို့တောင် ပြောမိမတတ်ပါပဲ။ အရောင်ချွတ်ထားတဲ့
သူမရဲ့ဆံပင်က သူမကို အလွန်ပဲ sexy ကျစေပါတယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment