Related Posts Plugin for WordPress, Blogger...

Friday, January 24, 2014

အာလာဒင် ကော်ဇော်ပျံ အပါအ၀င် ပရိဘောဂ ဒီဇိုင်းဆန်းများထွက်ရှိ



ကော်ဇောပျံ နှစ်ဆလောက်ရှိတဲ့ ကော်ဖီစားပွဲတစ်လုံးကို လန်ဒန်အခြေစိုက် ဒီဇိုင်နာတစ်ယောက်က ရေးဆွဲထုတ်လုပ်ခဲ့ပါတယ်။ ဒီဇိုင်နာရဲ့ နာမည်ကတော့ Chris Duffy ဖြစ်ပြီး သူ့ငယ်ဘ၀ကို လွှမ်းမိုးခဲ့တဲ့ နတ်သမီးပုံပြင်တွေကို အခြေခံကာ အမြင်ပိုင်းေ၀၀ါးသွားစေမယ့် ပရိဘောဂတွေ ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။

အမြင်ေ၀၀ါးသွားစေမယ့် စတာလင်ပေါင် ၁၄၉၅တန် မှော်ကော်ဇောပျံကြီး။



စားပွဲရဲ့အလယ်တည့်တည့်က ဖျောက်ထားတဲ့ ၅စင်တီမီတာအကျယ်ရှိ ခြေထောက်ကိုသုံးပြီး အောက်ခြေပုံရိပ်ယောင်ကို ထုတ်ပေးပါတယ်။ အောက်ခြေ အရိပ်ကို အမဲရောင်ထုတ်ပေးတဲ့အတွက် စားပွဲဟာ လေပေါ်မှာ ဗောလော ပေါ်နေသယောင် ထင်ရစေမှာပါ။



Brothers Grimm နတ်သမီးပုံပြင်ထဲက သစ်ခုတ်သမားရဲ့ စိတ်ကူးယဉ် ပရိဘောဂတစ်ခုပါ။ “သစ်ခုတ်သမား ပုဆိန် စားပွဲ” လို့ခေါ်ပြီး စတာလင်ပေါင် ၂၄၉၅ တန်ပါတယ်။



ဒါလဲ ကော်ဖီစားပွဲပျံပါပဲ။ ကမ္ဘာ့ဆွဲငင်အားကို ကစားပြထားတာပေါ့။ “ဗူပေါင်းတွေက ပင့်တင်ထားလိုက်ပုံများ အံ့အားသင့်လွန်းလို့ တုံ့တောင် တုံ့သွားမယ့် ဖန်တီးမှုမျိုးပါ။” လို့ Brighton တက္ကသိုလ် ဘွဲ့ရဖြစ်တဲ့ Chris Duffy ကပြောပါတယ်။



ထိုင်ခုံ ၈လုံးကို ကြိုးနဲ့ဆိုင်းထားပြီး လွှဲရမ်းဆော့လို့ရမယ့် စားပွဲပုံစံမျိုးကိုလည်း တီထွင်ဖန်တီးထားပါတယ်။



Arthur C. Clarke ရေးသားတဲ့ The Sentinel စာအုပ်ထဲက အတွေးအမြင်ပါတဲ့ ကျောက်စားပွဲကြီးပါ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U