အမေရိကန်အခြေစိုက် နာမည်ကြီးဖိနပ်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Icon Shoes
ဟာ ဗုဒ္ဓဘုရားရဲ့ ရုပ်ပုံတော်တွေနဲ့ ကနုတ်ပန်းဒီဇိုင်းတွေကို
အသုံးပြုပြီးတော့ သစ်သားဖိနပ် အနိမ့် ၊ အမြင့်ဒီဇိုင်းမျိုးစုံကို
ထုတ်လုပ်လိုက်ပါတယ်။ ဒီရှူးဖိနပ်ဒီဇိုင်းတွေကိုတော့ www.iconshoes.comမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဗုဒ္ဓရဲ့ရုပ်ပုံတော်ဟာ ကမ္ဘာနဲ့အ၀ှမ်း လူအများသက်ဝင်ယုံကြည်တဲ့
ပုံရိပ်တစ်ခုဖြစ်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး
ကန့်ကွက်သူများစွာရှိနေပါတယ်။ ဗုဒ္ဓရဲ့ရုပ်ပုံ ၊ ဗုဒ္ဓနဲ့ဆက်စပ်နေတဲ့
မည်သည့်အရာမဆို ဖိနပ်မှာတန်ဆာဆင်ခြင်းဟာ ဗုဒ္ဓဘာသာဝင်များ အတွက်တော့
လုံးလုံးလျားလျား သင့်တော်မှုမရှိတဲ့ ကိစ္စဖြစ်တယ်လို့ဆိုပါတယ်။ ဒါဟာ
ရိုင်းစိုင်းမှုကို ဖော်ပြတာ၊ အရိုအသေတန်တာဖြစ်ပါတယ်။ ဗုဒ္ဓသာသနာနဲ့
ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံးကို ရိုင်းပြစွာစော်ကားတာ
ဖြစ်တယ်ပါတယ်။
Icon အနေနဲ့ ကမ္ဘာနဲ့အ၀ှမ်းအသုံးပြုနေတဲ့
သူ့ရဲ့ တံဆိပ်အပေါ် ကွဲပြားတဲ့ဘာသာဝင်တွေ အနေနဲ့ ဘာသာအရေးရှုထောင့်အရ
ဘယ်လိုအမြင်ရှိကြမယ်ဆိုတာကို လုံးဝလျစ်လျူရှုပြီး ထုတ်လုပ်လိုက်တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိမှာ ကမ္ဘာအရပ်ရပ်က လူပေါင်း ၃၂၁၉
ယောက်က အမေရိကန် ဖိနပ်နဲ့ အခြားဆက်စပ်အသုံးအဆောင်ပစ္စည်း အဖွဲ့ (American
Apparel & Footwear Association) ကို ကန့်ကွက်လွှာတွေ တင်သွင်းထားကြပြီး
ဖြစ်ပါတယ်။
ကန့်ကွက်လွှာကတော့ - ကျွန်ုပ်တို့အနေနဲ့
ဗုဒ္ဓနဲ့ ဗုဒ္ဓဘာသာရဲ့ ရုပ်ပုံတွေကို Icon Shoes မှာ အသုံးပြုခြင်းအား
ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။
(၁) ဗုဒ္ဓဘာသာ ရုပ်ပုံနဲ့ဆက်နွယ်နေတဲ့ မည်သည့် ဖိနပ်အသုံးအဆောင်နှင့် ဆက်စပ်ပစ္စည်းများကိုမဆို ယခုချက်ချင်း ဖယ်ရှားပေးရပါမယ်။
(၂) ICON Shoes အနေနဲ့ တကမ္ဘာလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို လူသိရှင်ကြား တရားဝင် တောင်းပန်မှု ပြန်လည်ပြုလုပ်ပေးရပါမယ်။
(၃) လူထုရဲ့ဆန္ဒဖော်ပြချက်ရဲ့ ရလဒ် ၊ အကျိုးကျေးဇူးကို ထုတ်ပြန်ကြေငြာပေးရမယ် လို့ စသဖြင့်ပါရှိပါတယ်။
အကယ်၍များ သင်တို့လည်းကန့်ကွက်လွှာတင်သွင်းချင်တယ်ဆိုရင် www.gopetition.com မှာ သွားရောက်တင်သွင်းနိုင်ပါတယ်။
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment