Related Posts Plugin for WordPress, Blogger...

Monday, January 20, 2014

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းမှ မီးလောင်ဆုံးရှုံးမှုအတွက် လျော်ကြေးငွေကျပ်၂၉၇ သန်း အများဆုံးပေးလျော်



မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက လျော်ကြေးငွေပေးအပ်စဉ်


၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းမှ မီးလောင်ဆုံးရှုံးမှုအတွက် အများဆုံးအဖြစ် လျော်ကြေးငွေကျပ် ၂၉၇ သန်းကို ပေးလျော်ခဲ့ရကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

ယင်းသို့ ပေးလျော်ရမှုမှာ ပွင့်ဦးပရိဘောဂသိုလှောင်ရုံ အဆောက်အအုံ မီးလောင်ဆုံးရှုံးမှုအတွက် ငွေကျပ်သန်း ၂၉၇ သန်း (ကျပ်သိန်း ၂၉၇၆၀၀၀၀၀) ပေးလျော်ခဲ့ရသည့် ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။

ပွင့်ဦးပရိဘောဂသိုလှောင်ရုံ အဆောက်အအုံကို အာမခံထားငွေစုစုပေါင်း ကျပ် ၃၁၁ ဒသမ ၄၅ သန်းဖြင့် ၂၀၁၀ ပြည့်နှစ်မှစကာ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားရှိခဲ့ပြီး ပေးသွင်းခဲ့သည့် ပရီမီယံအနေဖြင့် ကျပ် ၇ သန်းကျော်ရှိကြောင်း သိရသည်။

အဆိုပါသိုလှောင်ရုံသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သောကြောင့် မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးပေးလျော်ရန်အတွက် စိစစ်ခဲ့ရာ ဇန်န၀ါရီ ၁၇ ရက်တွင် ကျပ်သန်း ၂၉၇ သန်း ပေးလျော်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အင်းလေးကန်နောက်ဘက် ညောင်ရွှေမြို့ရှိ ဟူပင်ဟိုတယ်ပေါ်သို့ မီးပုံးပျံကျရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် အဆိုပါရေပေါ်ဟိုတယ်အတွက် လျော်ကြေးငွေ ကျပ် ၁၂ သန်းကိုလည်း ပေးလျော် ခဲ့သည်။

အဆိုပါ ရေပေါ်ဟိုတယ်သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှစကာ မြန်မာ့အာမခံလုပ်ငန်းတွင် အဆောက်အအုံ ၄၉ လုံးအတွက် ကျပ် ၆၅၅ သန်းဖြင့် အာမခံထားရှိခဲ့ပြီး ပေးသွင်းခဲ့သည့် ပရီမီယံမှာ ကျပ်ခြောက်သန်းရှိကြောင်း သိရသည်။

မြန်မာ့အာမခံလုပ်ငန်းသည် အာမခံအမျိုးအစား ၄၆ မျိုး လုပ်ကိုင်လျက်ရှိပြီး ယင်းအာမခံအမျိုးအစားများအနက်မှ မီးအာမခံထားရှိမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U