Related Posts Plugin for WordPress, Blogger...

Tuesday, January 14, 2014

အမျိုးအမည်မသိ ထူးခြားသော အသွင်သဏ္ဌာာန်ရှိငှက်တစ်ကောင် မန္တလေးမြို့တွင် တွေ့ရှိ


အမျိုးအမည်မသိ ထူးခြားသော အသွင်သဏ္ဌာာန်ရှိငှက်တစ်ကောင် မန္တလေးမြို့တွင် တွေ့ရှိ မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၂၇x၂၈ လမ်းကြား ၈၄ လမ်း ဈေးချို မန်းမြန်မာပလာဇာ ၂၅ ထပ်ပေါ်တွင် အမျိုးအမည်မသိ ထူးခြားသော ငှက်တစ်ကောင်ကို ဇန်န၀ါရီ ၁၁ ရက် ညနေ ၃ နာရီက မန္တလေး ပြည်ကြီးရန်လုံရပ်ကွက်နေ အဆောက်အအုံကန်ထရိုက် ဦးဇော်ဝင်း(ဆေးဆရာ) မှ တွေ့ရှိခဲ့သည်။ အဆိုပါ ထူးခြားသောအသွင်သဏ္ဌာန်ရှိ အမျိုးအမည်မသိငှက် သည် ကြောင်ခေါင်းသဏ္ဌာာန်ရှိပြီး လည်ပင်းတွင်အဖြူရောင်ပါရှိသည်။ အတောင်နှစ်ဖက်ဖြန့်လျှင် သုံးပေခန့်ရှည်လျားပြီး အမြီးနှင့်အတောင်တို့ တွင် ဒေါင်းမြီးများကဲ့သို့ လှပသောပန်းကွက်များပါရှိသော ထူးခြားသည့် ဆောင်းခိုငှက်တစ်ကောင်ဖြစ်မည်ဟု ယူဆရသည်။ ၎င်းငှက်ကိုစိတ်ပါဝင်စားသူများနှင့် ကလေးသူငယ်များ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ဇန်န၀ါရီ ၁၂ ရက် နံနက် ၉ နာရီတွင် မန္တလေး အောင်မြေသာစံမြို့နယ် ၁၂ လမ်းရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U