၂၂.၁.၂၀၁၄ ရက်နေ့ ၁၀၄၅အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ
ရဲစခန်းမှူးနှင့် အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊
ရွှေနံ့သာစံပြကျေးရွာတွင် အမျိုးသမီးတစ်ဦး ငုံးဖေါက်စက်နှင့်
ဦးထုပ်ကြိုးတို့ ငြိကာလည်ပင်းအား ရစ်ပတ်မိပြီး သေဆုံးသွားကြောင်း သတင်းအရ
သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ငုံးဖေါက်စက်လုပ်ငန်းလုပ်ကိုင်သူ
ဒေါ်အေးစန်းဖြစ်ပြီး ၎င်းတွင် နဖူးယာဘက်ဖူးရောင်ဒဏ်ရာဖြင့်လျှာထွက်
လျက်သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည်
ငုံးဖေါက်စက်မော်တာ လည်ပတ်နေချိန် ငုံးဖောက်စက်အတွင်းသို့ဝင်ရောက်ခဲ့စဉ်
ဦးခေါင်း၌ဆောင်းထားသော နီညိုရောင်သိုးမွှေးဦးထုပ်၏ အရှည်(၃)ပေခွဲခန့်ရှိ
မေးသိုင်းကြိုးမှာ ယင်းစက်၏ရှပ်တန်းဝင်ရိုးအစွန်းတွင် ရစ်ပတ်ကာပါသွားသဖြင့်
လည်ပင်းအားညှစ်မိပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးရခြင်းနှင့်
ပတ်သက်၍ ထောက်ကြန့်နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၄)
ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment