အာဆတ်အစိုးရရဲ့ ဆီးရီးယားအကျဉ်းထောင်တွေထဲမှာ စနစ်တကျသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေဒီနေ့ ထပ်ထွက်လာပါတယ်။
ဒီဓာတ်ပုံတွေက
၂၀၁၁ နဲ့ ၂၀၁၃ကာလအတွင်းမှာရိုက်ယူခဲ့တဲ့ပုံပေါင်း ၅၅၀၀ထဲက တချို
့ဖြစ်ပါတယ်။ခုထွက်ပေါ်လာတဲ့ပုံတွေကဒုတိယအကြိမ်ဖြစ်ပါတယ်။
ဓာတ်ပုံတွေကိုရိုက်ကူးခဲ့တဲ့ရဲအရာရှိက
နှစ်နှစ်လောက်ဒီပုံတွေကိုသိမ်းဆည်း ထားခဲ့ပြီး
ခုအတိုက်အခံကိုလက်လွှဲလိုက်တာဖြစ်ပါတယ်။ ဒီပုံတွေက အာဆတ်အစိုးရဟာ
စစ်ရာဇ၀တ်မှုကျူးလွန်တယ်ဆိုတာကိုထင်ထင်ရှားရှားဖော်ပြ နေတဲ့သက်သေခံ
ဓာတ်ပုံတွေပဲဖြစ်ပါတယ်။
အလောင်းတွေရဲ့ ကိုယ်ခန္ဓာတွေမှာ
ရောင်ကိုင်းနေတာ၊လှီးဖြတ်ထားတဲ့ဒဏ်ရာတွေ၊ ကျင်စက် နဲ့ တို
့ထားတဲ့ဒဏ်ရာတွေကမသေခင် အလွန်အကျွံနှိပ်စက်ခံခဲ့ရတယ် ဆိုတဲ့
အချက်ကိုဖော်ပြနေပါတယ်။
တချို့ အကျဉ်းသားတွေဟာ မျက်စိဖောက်ထုတ်ခံထားရတွေ့ ရပါတယ်။
ဒီဓာတ်ပုံတွေကိုရိုက်ကူးခဲ့သူက စစ်တပ်မှာ၁၃နှစ်လောက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး
သူ
့တာဝန်ကပြည်တွင်းစစ်ကာလမှာဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့စစ်ဆေးရုံကို
ယူဆောင်လာတဲ့ သေဆုံးသူတွေကိုဓာတ်ပုံရိုက်မှတ်တမ်းတင်ရ တာဖြစ်ပါတယ်။
ဓာတ်ပုံထဲကသူတွေအကုန်လုံးဟာ သူပုန်အုပ်စုကဖြစ်ပြီး အဖမ်းဆီးခံရစဉ်မှာ
ငတ်ပြတ်ပြီး နှိပ်စက်ခံရ တဲ့ဒဏ်တွေနဲ့ သေဆုံးခဲ့ကြတယ်။ဆီးရီးယား
နိုင်ငံသားလေးပုံတစ် ပုံလောက်ဟာ ပြည်
တွင်းစစ်ပွဲထဲ ကို တွန်းပို့ ခြင်းခံခဲ့ကြရပြီး မှာ လူတစ်သိန်း သုံးသောင်းလောက်အသတ်ခံခဲ့ရပါတယ်။
အောက်မှာ
နှိပ်စက်ခံရပြီးသေဆုံးသွားခဲ့ကြတဲ့ သူတွေရဲ့ ဓာတ်ပုံတွေကိုဖော်ပြထားပါတယ်။
အနိဌာရုံမြင်ကွင်းများဖြစ်တာကြောင့်
နှလုံးရောဂါရှိသူများမကြည့်ရှုကြရန်သတိပေးပါတယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment