Related Posts Plugin for WordPress, Blogger...

Monday, January 20, 2014

ယာဉ်အစီး ၄၅၀ ခန့် ရပ်နားနိုင်သည့် အထပ်မြင့် ယာဉ်ရပ်နားနေရာများ ပါဝင်သော တိုးချဲ့မင်္ဂလာဈေးသစ်ကြီး ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်မည်


ကျော်ထင်
တိုးချဲ့မင်္ဂလာဈေးသစ်ကြီး ဆောက်လုပ်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ထင်)


ယာဉ်အစီးရေ ၄၅၀ ရပ်နားနိုင်သည့် အထပ်မြင့် ယာဉ်ရပ်နားနေရာများ ပါဝင်သော တိုးချဲ့မင်္ဂလာဈေးသစ် စီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိရာ ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါဈေးသစ်ကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြေပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မဟာအောင်မြင်သူ ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောက်လုပ်ခြင်းဖြစ်ပြီး ခြောက်ထပ်အဆောက်အအုံ စီမံကိန်းဖြစ်ကာ မင်္ဂလာဈေး အ၀န်းအ၀ိုင်းထဲဖြစ်သည့် မင်္ဂလာဈေးသစ်နှင့် မင်္ဂလာမွန်ဈေး ဘေးကပ်လျက်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။ ဈေးသစ်အဆောက်အအုံတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွဲတမ်းရရှိသည့် အထပ်လေးထပ်ထဲမှ အထပ်သုံးထပ်အား ယာဉ်ရပ်နားနိုင်သည့် နေရာများအဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး တစ်ထပ်တွင် ကားအစီး ၁၅၀ ခန့် အခကြေးငွေဖြင့် မည်သူမဆို ၀င်ရောက်ရပ်နားနိုင်မည်ဖြစ်၍ သုံးထပ်ဖြစ်ကာ ကားအစီး ၄၅၀ ခန့် ရပ်ဖြစ်ကြောင်းနှင့် ကျန်တစ်ထပ်တွင်မူ ဈေးဆိုင်ခန်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ကုမ္ပဏီဘက်မှ ခွဲတမ်းရရှိသည့် အထပ်များတွင် ဆိုင်ခန်းသဘောမျိုးများ ဖွင့်လှစ်ရန်ရှိသည်ဟုလည်း သိရသည်။

ယင်းသို့ အထပ်မြင့်ယာဉ်ရပ်နားနေရာ ဖွင့်လှစ်မည်ဖြစ်သောကြောင့် မင်္ဂလာဈေးဝင်း အတွင်းနှင့် အပြင်ဘက်တွင်ပါ ဆက်စပ်ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုများကို ပြေလည်စေနိုင်မည်ဖြစ်ပြီး ဆိုင်ခန်းဖွင့်လှစ်လိုသူများလည်း ယင်းဈေးကြီးတွင် အဆင်ပြေနိုင်မည်ဟုလည်းဆိုသည်။ လက်ရှိဈေးဝင်းအတွင်း အခကြေးငွေယူ၍ ယာဉ်ရပ်နားခွင့် ပြုထားခြင်းဖြစ်ပြီး တစ်ခါလျှင် (ယာဉ်ငယ်) ကျပ် ၂၀၀ နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်းနှင့် တစ်နာရီကျော်ပါက နောက်ထပ် ၁၀၀ ထပ်ပေးရသည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါဈေးသစ်ကြီးကို မဟာအောင်မြေသူ ကုမ္ပဏီမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ယခုနှစ် မေ ၃၁ ရက် နောက်ဆုံးထား၍ အပ်ရမည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ မင်္ဂလာဈေးသစ်မှာ ရာခိုင်နှုန်း ၅၇ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U