Related Posts Plugin for WordPress, Blogger...

Monday, January 20, 2014

နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ကစားသမား ၂၄၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား ကာရူကီ နှစ်နှစ်ဆက်တိုက်ဗိုလ်စွဲ

 
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲမြင်ကွင်း


ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ဇန်န၀ါရီ ၁၉ ရက်က ကျင်းပခဲ့ရာ ၄၂ ကီလိုပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား ကာရူကီက နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပြီး အမျိုးသမီးပြိုင်ပွဲတွင် မြင့်မြင့်အေးက ပထမနေရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ၄၂ ကီလိုပြိုင်ပွဲနှင့် ၂၁ ကီလိုပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ပြိုင်ပွဲဝင် ၂၄၀၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲကို အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှ စတင်တာထွက်ပြီး ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ လှိုင်၊ ရန်ကင်း၊ သင်္ဃန်းကျွန်းမြို့နယ်များကို ဖြတ်ကာ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ပင် ပြန်လည်ပန်းဝင်ခဲ့ခြင်းဖြစ်သည်။ ၄၂ ကီလိုပြိုင်ပွဲတွင် ပထမ ကာရူကီ (ကင်ညာ)၊ ဒုတိယ ဝေလင်းထွန်း (မြန်မာ)၊ တတိယ စိုးနိုင် (မြန်မာ)၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမ မြင့်မြင့်အေး (မြန်မာ)၊ ဒုတိယ နီလာစန်း (မြန်မာ)၊ တတိယ သီတာချို (မြန်မာ) တို့က ရရှိကြသည်။ ယင်းကစားသမားများမှာ မြန်မာ့လက်ရွေးစင် ကစားသမားများလည်းဖြစ်သည်။









၄၂ ကီလိုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြင့်မြင့်အေး (၀ဲ)၊ အမျိုးသားပြိုင်ပွဲတွင် ပထမရရှိခဲ့သည့် ကာရူကီ ပန်းဝင်လာစဉ် (လယ်) နှင့် ပြိုင်ပွဲဝင်တစ်ဦး ယှဉ်ပြိုင်နေစဉ် (ယာ) (ဓာတ်ပုံ- ညီညီစိုးညွန့်)

၂၁ ကီလို အမျိုးသားပြိုင်ပွဲတွင် ပထမ ပေါလ်ကူမန်နီ (ကင်ညာ)၊ ဒုတိယ အွန်ဒိုရာ (ကင်ညာ)၊ တတိယ ဆန်းနိုင် (မြန်မာ)၊ အမျိုးသမီး ပြိုင်ပွဲတွင် ပထမ မယ်ရီ (ကင်ညာ)၊ ဒုတိယ ဖြူဝါသက် (မြန်မာ)၊ တတိယ ခင်မာဆယ် (မြန်မာ) တို့က ရရှိကြသည်။ ဖြူဝါသက်မှာ ပြီးခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မီတာ ၁၅၀၀ ပြိုင်ပွဲ၌ ရွှေတံဆိပ်ရရှိခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။ ဆုကြေးများအဖြစ် ၄၂ ကီလိုပြိုင်ပွဲတွင် ပထမ အမေရိကန်ဒေါ်လာ ၂၅၀၀၊ ဒုတိယ ၁၅၀၀၊ တတိယ ၈၀၀၊ ၂၁ ကီလိုပြိုင်ပွဲတွင် ပထမ အမေရိကန်ဒေါ်လာ ၁၅၀၀၊ ဒုတိယ ၈၀၀၊ တတိယ ၄၀၀ တို့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အခြေခံပညာ ကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် သက်ကြီးရွယ်အိုများ ၀င်ရောက်ယှဉ်ပြိုင်သည့် ငါးကီလို အပြေးပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U