
“ရဲစခန်းမှုး ဦးလှစိုးက မှန်တာမပြောလျှင် ထောင်ချပြစ်မည်ဟု ပြောဆို စစ်ဆေးမှုကို ခံရရှာသော စတုတ္ထတန်းကျောင်းသူ မအိအိငြိမ်း “
........
စစ်ကိုင်းတိုင်း
 ဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊မရိုးတုန်းကျေးရွာ အခြေခံမှုလ 
တန်းလွန်ကျောင်း က ဆရာ၊ ဆရာမများသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် စတုတ္ထတန်း 
အတန်းတင်စာမေးပွဲသည် မြို့နယ်စစ် စာမေးပွဲ ဖြစ်သည်အလျှောက် ပညာရေး 
တိုးတက်စေခြင်းငှာ ရည်ရွယ်၍ ကျောင်းသား၊ကျောင်းသူများကို 
အနီးကပ်ကြီးကြပ်နိုင်ရန် စာသင်ကျောင်းသို့ ညအိပ် ခေါ်ယူ စာကြည့် စေခဲ့ပါသည်။
 
အချိန်ကာလ အားဖြင့်လည်း (၁)လ ခန့် ကြာမြင့်ခဲပြီး ဖြစ်ပါသည်။
၂၄.၁၂.၂၀၁၃
 နေ့ ည အချိန်မတော်တွင် ယာယီကျောင်းအုပ် ဆရာဦးမျိုးနိုင်ထွန်း က 
စတုတ္ထတန်းကျောင်းသူ မအိအိငြိမ်း၏ အိပ်ယာသို့ ၀င်ရောက်ကာ မအိအိငြိမ်းအား 
ရင်သားများကို ဆွဲကိုင် ပြီး တကိုယ်လုံးကို ပွေ့ဖက် နမ်းရှိုက်၍ ၊ 
လုံချည်ကို ချွတ်ကာ ကာမ ဆက်ဆံရန် ကျိုးစားခြင်းကို ခံခဲ့ရပါသည်။ 
ထိုဖြစ်စဉ်နှင့်
 ပတ်သက်၍ ၇.၁.၂၀၁၄ ရက်နေ့တွင် မိဘအုပ်ထိန်း သူများနှင့် တကွ 
၊စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် 
၊ချစ်ပြစ်ရဲစခန်းသို့ သွားရောက် တိုင်ကြား စစ်ဆေးခံခဲ့ပါသည်။
” 
ထိုသို့စစ်ဆေးရာတွင် ရဲစခန်းမှုး ဦးလှစိုး ဆိုသူနှင့် ကျွန်မ တစ်ဦးတည်း 
အခန်းကျဉ်းလေးထဲသို့ ခေါ်ယူပြီး အချိန်(၂) နာရီခန့် ကြာ အစစ်ဆေး ခံခဲ့ 
ရပါသည်။ အစစ်ဆေးခံနေစဉ် တွင် ရဲစခန်းမှုးဆိုသူမှ ကျွန်မအားအမှန်ကို 
ပြောလျှင် ပြော ၊ မမှန်တာကိုပြော လျှင် ထောင်ချပြစ်မည်ဟု ပြောဆိုစစ်ဆေး 
ခံခဲ့ ရပါသည်။”  ..
ဟု စတုတ္ထတန်း ကျောင်းသူလေး မအိအိငြိမ်းမှ ပြန်လည် ပြောပြပါသည်။
ဤကဲ့သို့
 အသက်အရွယ်မပြည့်သေးသော ကလေးသူငယ် မိန်းကလေး တစ်ဦးတည်းနှင့် အမှုစစ်အရာရှိ 
နှစ်ကိုယ်တည်း ခေါ်ယူ စစ်ဆေးခြင်းသည် ရဲလုပ်ထုံး၊ လုပ်နည်းများ ကိုက်ညီခြင်း
 ရှိမရှိနှင့်  တရားဥပဒေ စိုးမိုးရေး အတွက် လည်း မေးခွန်းထုတ်စရာများ  
ဖြစ်လာပါသည်။ 
လာရောက်တိုင်ကြားသော မိဘ အုပ်ထိန်းသူနှင့် ကလေးမလေး 
ကိုလည်း ပျူပျူငှာငှာ ဆက်ဆံ ခြင်း မခံရသည်ကိုလည်း တွေ့ရှိရပါသည်။ 
တရားလိုကို အဘယ့်ကြောင့် တစ်ဘက်သတ် ပြုမှုပြောဆို ဆက်ဆံရသလဲ ဆိုတာကိုတော့ 
စခန်းမှုး ဦးလှစိုး  ဆိုသူသည် သာ အသိဆုံး ဖြစ်ပါလိမ့်မည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
                      -
                    
 
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့ 
ဒီဆိုဒ်ရဲ့  Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




 
 
 
 
 
 
 
 
 
 
 
 
 
 
 



 12:59 AM
12:59 AM
 sayarchan.blogspot.com
 sayarchan.blogspot.com
 
 Posted in:
 Posted in:   
 
0 comments:
Post a Comment