Related Posts Plugin for WordPress, Blogger...

Saturday, January 18, 2014

တရုတ်နှစ်သစ်ကူးအတွက် အထူးထုတ်လုပ်လိုက်တဲ့ ၀တ်စုံတွေ



တရုတ်လူမျိုးဟာ ကမ္ဘာအနှံ့အပြားမှာ နေထိုင်ပြီး လူမျိုးအင်အားလည်းများပြားတာနဲ့အညီ သူတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကိုလည်း အလွန်ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ရှိပါတယ်။ ရိုးရာကို တန်ဖိုးထားတတ်တဲ့ တရုတ်လူမျိုးအတွက် နှစ်သစ်ကူးပွဲဟာ တစ်နှစ်တာလုံးမှာ အစည်ကားဆုံးနဲ့ တစ်အိမ်ထောင်မကျန် ဆင်နွှဲကြတဲ့ ပွဲတစ်ခုပါ။

အလားတူ စင်္ကာပူနိုင်ငံဟာလည်း တရုတ်လူဦးရေ များပြားတဲ့နိုင်ငံပါ။ စင်္ကာပူနိုင်ငံလုပ် Brand တစ်ခုဖြစ်တဲ့ Arc ကတော့ ဒီနှစ် chinese newyear မှာ ပျိုမေတွေ အလှဆုံးပွဲတက်နိုင်ဖို့ တရုတ်ရိုးရာကို အခြေခံထားတဲ့ ဒီဇိုင်းအဆန်းလေးတွေ တီထွင်လိုက်ပါပြီ။

သင့်ရဲ့ တရုတ်နှစ်ကူးအတွက် ဈေးဝယ်မထွက်ရသေးဘူး (ဒါမှမဟုတ်) ရုံးအလုပ်တွေနဲ့ မအားလပ်နိုင်တဲ့ အတွက် ဈေးဝယ်ထွက်ဖို့တောင် အချိန်မပေးနိုင်သေးဘူးဆိုရင်တော့ စိုးရိမ်စရာ မလိုတော့ပါဘူး။ စင်္ကာပူ fashion label Arc က သင့်ကို ဒီနှစ်ကူးမှာ အကောင်းဆုံး ပြင်ဆင်ပေးပါလိမ့်မယ်။

အခုကစပြီး ဇန်န၀ါရီလ (၃၀)ရက်နေ့အထိဟာ Arc ရဲ့ ပရိုမိုးရှင်းကာလဖြစ်တဲ့အတွက် ၅၀ ရာခိုင်နှုန်း လျော့ဈေးနဲ့ ရောင်းချပေးမှာပါ။ မနက် ၁၁နာရီကနေ ညနေ ၁၁နာရီအထိ နေ့စဉ်ရောင်းချပေးမှာ ဖြစ်တဲ့အတွက် စင်္ကာပူကို ရှော့ပင်းထွက်ရင်ပဲဖြစ်ဖြစ် ၊ သူငယ်ချင်းကတဆင့် မှာရင်ပဲဖြစ်ဖြစ် အွန်ုလိုင်းက မှာရင်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။

လှပတဲ့ chinese new year ညနေခင်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U