လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ ၇ လမ်းရှိ တိုက်ခန်းလှေကားတွင်
လွန်ခဲ့သော တစ်ပတ်ခန့် ဇန်နဝါရီလ ၁၄ က ချစ်သူနှင့် ချိန်းတွေ့စဉ်
စကားများရာမှ သူနာပြုတက္ကသိုလ် (ရန်ကုန်) နောက်ဆုံးနှစ် ကျောင်းသူကို
ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသူဟု တိုင်ကြားခံရသည့် ၎င်း၏ချစ်သူကို
တစ်ပတ်အကြာ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ မမိသေးကြောင်း လမ်းမတော်မြို့မ
ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဇန်နဝါရီလ ၁၄ ရက် နံနက် ၆
နာရီ ၃၀ မိနစ်က သူနာပြုတက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသော အသက် ၁၉
နှစ်အရွယ် အမျိုးသမီးသည် ၎င်း၏ချစ်သူ Heavy Machine ကုမ္ပဏီမှ အင်ဂျင်နီယာ
ကိုမင်းဆန်းနှင့် အဆောင်အောက် လှေကား၌ စကားပြောနေရာမှ ကိုမင်းဆန်းက
ဓားမြှောင်ဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်ခဲ့မှုနှင့် ပတ်သက်၍
ကိုမင်းဆန်းကို ဖမ်းမိနိုင်ရေးအတွက် ခရိုင်နှင့် တိုင်းရဲတပ်ဖွဲ့သို့
အကြောင်းကြားကာ စုံစမ်းလျက် ရှိကြောင်း ၎င်းက ပြောကြားသည်။
“ဓားနဲ့ထိုးပြီး
ထွက်ပြေး တိမ်းရှောင်နေတဲ့ အမျိုးသားစခန်းမှာ လာအဖမ်းခံတယ်ဆိုတဲ့ အပြင်မှာ
ပြောနေကြတဲ့ စကားက အမှန်မဟုတ်ပါဘူး။ လက်ရှိ ဖမ်းမိဖို့အတွက်
စုံစမ်းနေဆဲပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ ဓားဖြင့်ထိုးကာ
ထွက်ပြေး တိမ်းရှောင်နေသည်ဟု တိုင်ကြားခံရသူ ကိုမင်းဆန်းသည် ဒဂုံမြို့သစ်
(အရှေ့ပိုင်း) မြို့နယ်၊ (၇) ရပ်ကွက် မင်းတပ်လမ်းတွင် နေထိုင်သူဖြစ်ပြီး
၎င်းကို ဖမ်းဆီးရမိရေးအတွက် ၎င်းနှင့် ပတ်သက်သည့် အမှုကွင်းဆက်များကို
စုံစမ်းဆောင်ရွက်နေကြောင်း လမ်းမတော် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ဓားဖြင့်ထိုးခံရသူသည်
ဧရာဝတီတိုင်း၊ ဒေသကြီး ပုသိမ်မြို့နယ် ရာမညရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး
သူနာပြုတက္ကသိုလ် (ရန်ကုန်) တွင် ပညာသင်ယူနေသူ ဖြစ်ကြောင်း၊ ဓားထိုးခံရစဉ်က
အဆိုပါ ကျောင်းသူ၏ အော်သံကြောင့် ၎င်း၏ မိခင်ဖြစ်သူက အခန်းအပြင် ထွက်ကြည့်ရာမှ
တွေ့ရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ
စိုးရိမ်ဖွယ် အခြေအနေ မရှိတော့ကြောင်း အမှတ် (၃) ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါအမှုအတွက်
တိုင်ကြားခံရသူ ကိုမင်းဆန်းကို လမ်းမတော်မြို့မ ရဲစခန်းက (ပ)၉/၁၄၊ ပုဒ်မ
၃၂၆ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရှိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment