Google
သည် ၎င်း၏ Chrome web browser မှ extensions နှစ်ခုကို ဖယ်ရှားခဲ့သည်။
၎င်းတို့သည် အသုံးပြုသူများထံသို့ malware များ ပို့လွှတ်ပေးခဲ့သောကြောင့်
ဖြစ်သည်။ ထို malicious ads များသည် ၎င်း extensions များကို မူလ developers
များထံမှ လွှဲပြောင်းဝယ်ယူခံရပြီး စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ် သည်။
Google
Chrome အသုံးပြုသူများသည် ၎င်းတို့၏web အတွေ့အကြုံများကိုextension များဖြင့်
ပြုပြင် မွမ်းမံတိုးချဲ့နိုင်ကြ ခြင်းဖြစ်သည်။ ၎င်းတို့သည်web browsers
များအတွက်applsများသာဖြစ်ကြ သည်။
မကြာသေးမီက
တားမြစ်ပိတ်ပင်ခဲ့သောextension နှစ်ခုမှာ Add to Feedly နှင့် Tweet This
Pageတို့ဖြစ်ကြပြီး ၎င်းတို့သည် တစ်ခုချင်းစီ၌
အသုံးပြုသူလေးငါးထောင်ခန့်ရှိကြသည်။၎င်းextensionများကို မူလ developers
များထံမှ မကြာသေးမီကမှ လွှဲပြောင်းဝယ်ယူခံခဲ့ရခြင်းဖြစ်ပြီး
ပိုင်ရှင်အသစ်များ သည် Chrome ၏ feature တစ်ခုဖြစ်သော အသုံးပြုသူများကို
အသိပေးစရာမလိုဘဲ developers များ က ၎င်းတို့၏ extensions များကို update
ပြုလုပ်နိုင်သော ယင်း feature ကို အခွင့်ကောင်းယူ အသုံးချ
ခဲ့ကြခြင်းဖြစ်သည်။ ၎င်း update များဖြင့် ထို extensions များထံသို့ malware
ads များ ထည့်သွင်းပေး လိုက်ခြင်းဖြစ်သည်။
၎င်းတို့သည် web
စာမျက်နှာပေါ်တွင် တွေ့မြင်နေကျ banner ads ရိုးရိုးမျှသာမဟုတ်ဘဲ ၎င်းတို့သည်
နောက်ခံများမှ မမြင်ရနိုင်ဘဲ အလုပ်လုပ်သော ads များ ဖြစ်ကြသည်။
ထိုသို့ဖြင့် သင်သွားရောက်လည်ပတ်သောနေရာတွင် ၎င်းနှင့်အပေါင်းအပါ links
များကို အစားထိုးပေးလိုက်ခြင်းဖြစ်သည်ဟု Add to Feedly ၏ မူလ developer
Amit Agarwal က ပြောကြားသည်။ ရှင်းလင်းစွားပြောရရင်မူ ထို exten- sion ကို
active လုပ်လိုက်သည်နှင့် web စာမျက်နှာအားလုံးသို့ adware များ
ပို့လွှတ်လိုက်မည်ဖြစ် သည်။
Agarwal သည် သူ့အား
ငွေကြေးကိန်းဂဏန်းလေးလုံးခန့်ပမာဏကို လာပေးသောအခါ သူ၏ ထို software ကို
ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ရောင်းချအပြီး
တစ်လခန့်အကြာတွင် Add to Feedly မှာ malware များ
စတင်ထုတ်လွှတ်လာခြင်းဖြစ်သည်။
“Chrome ၏ add-on များကို ရောင်းချရတာ
သိပ်အဆင်မပြေတဲ့အလုပ်ပါ။ သင်ဟာ အခုလက်ရှိ အသုံး ပြုသူဖြစ်နေတယ်ဆိုရင်
ကျွန်တော် စိတ်မကောင်းပါဘူး”ဟု သူက ဆိုသည်။
Add to Feedly နှင့်
Tweet This Page တို့သည် malware များ ထုတ်လွှင့်ရန် မူလပိုင်ရှင်များထံမှ
ဝယ်ယူခံရသော တစ်ခုတည်းသော Chrome extension များ မဟုတ်နိုင်ပေ။ တခြား
Chrome extension တစ်ခုဖြစ်သော Honey ၏ developer များသည်လည်း
ထိုသို့သောရည်ရွယ်ချက်ဖြင့် ၎င်းတို့ လည်း ချဉ်းကပ်ခံရဖူးကြောင်း ပြောသည်။
Honey
၏ developer များက ပြောကြားရာတွင် ပြီးခဲ့သောနှစ်အတွင်းတွင် ၎င်းတို့၏
extension ကို ၀ယ်ယူရန် ကြိုးပမ်းသော malware ကုမ္ပဏီများ၊
အသုံးပြုသူများ၏အချက်အလက်များကို ၀ယ်ယူရန် ကြိုးပမ်းသည့် data collection
ကုမ္ပဏီများ၊ ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် adware ကုမ္ပဏီ များ၏
ချဉ်းကပ်မှုများကို များစွာတွေ့ကြုံခံရကြောင်း ပြောကြားသည်။
Google ၏
ထိုextension နှစ်ခုကို ဖယ်ရှားသည့်ကိစ္စရပ်သည် Google ၎င်း၏Chrome web Store
policies ကို ဒီဇင်ဘာလအတွင်uးpdate ပြုလုပ်အပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။
ထိုသို့ပိတ်ပင်တားမြစ်မှုသည်
နည်းပညာကုမ္ပဏီကြီးဖြစ်သော Googleက ၎င်း၏user များ အခွင့်
ကောင်းယူအသုံးချမှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု
အဓိပ္ပာယ်သက်ရောက် သည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment