Related Posts Plugin for WordPress, Blogger...

Friday, January 31, 2014

Facebook Bug ( Hacking Facebook with 1 SMS Only )




ဒီပိုစ့်မှာတော့ facebook က fixed ပြန်လုပ်ပြီးသား bug တစ်ခု အကြောင်းကို တင်ပြပေးသွားမှာဖြစ်ပါတယ်
ဒီ bug ကို ရှာတွေ့ ခဲ့တဲ့  Fin1te ဆိုတဲ့ ငနဲကတော့ US$ 20,000 ရသွားတယ်ဗျ။

အရင်ဆုံး သဘောတရားကို ပြောရမယ်ဆိုရင်တော့
fb က သင့်ရဲ့ account တစ်ခုအတွက် link လုပ်ဖို့  mobile နံပါတ် တစ်ခုတောင်းတယ်ဗျ
အဲ့ဒီ mobile ရဲ့  SMS ကနေတဆင့် fb news feed တွေ post တွေ ကိုလည်း update ရသလို  fb ကို login ၀င်တဲ့အခါ email address အစား အဲ့ ဖုန်းနံပါတ်ကို လည်း အသုံးပြုလို့ ရတယ် ဆိုတဲ့ အချက်ကနေ အစ ဆွဲထုတ်ထားတဲ့ bug ပဲဗျ။

အဲ့ bug ရဲ့ အစကတော့ /ajax/settings/mobile/confirm_phone.php ရဲ့ အဆုံးပိုင်းနားမှာဗျ
account နဲ့  phone no ချိတ်တဲ့ ( verification code received via your mobile ) ရဲ့  profile_id
က main ပဲ..

profile_id က account တစ်ခုကို account ပိုင်ရှင်ထည့်သွင်းထားတဲ့ mobile no တစ်ခုနဲ့ set လုပ်ပြီးသား အဲ့ဒါကို account ပိုင်ရှင် မသိလိုက် သတိမထားမိလိုက်ပဲ verification လုပ်တဲ့ mobile no ကို ပြောင်းလို့ ရပါတယ်။

( အောက်မှာ ဆက်လက်ဖော်ပြထားသော exploit များသည် မူလ bug ကို exploit လုပ်ထားသူ Fin1te ရဲ့  UK မှ ပြုလုပ်ပုံ အဆင့်ဆင့်ဖြစ်ပါသည် )

အရင်ဆုံး facebook SMS short code ဖြစ်တဲ့  "F" ဆိုတဲ့ letter ကို 32665 သို့  Send လုပ်လိုက်ပါ
ဒါဆိုရင်တော့ character ၈ခု ပါတဲ့  verification code တစ်ခု ကို receive ပြန်ရမှာဖြစ်ပါတယ်

ပြီးရင်တော့ ဒီနေရာက code ကို အောက်က ပေးထားတဲ့ ပုံထဲကအတိုင်း modify လုပ်သွားတာပါ

profile_id element ထဲမှာ ကိုယ် redirect လုပ်ချင်တဲ့ ကိုယ့် mobile no ကို ဖြည့်သွားတာပါ။

ဒါဆိုရင်တော့ မူလ user ရဲ့ value of __user နဲ့  ကျွန်တော်တို့ ခုနက edit လုပ်ပြီး ပြင်လိုက်တဲ့ profile_id နဲ့ မတူတော့ဘူးဆိုတာကို တွေ့ ရတယ်ခင်ဗျ။


ပြီးရင်တော့ SMS နဲ့ တဆင့် Confirmation ရမှာဖြစ်ပါတယ်





ဒီကနေမှတဆင့် password reset ကို ပြောင်းလဲထားတဲ့ mobile no ရဲ့  SMS ကတဆင့် reset ချသွားတာပါ။

နောက်ထပ် SMS တစ်စောင် ထပ်ရောက်ပါသေးတယ် အဲ့ဒါကတော့ password reset code ပဲဖြစ်ပါတယ်


ဒါဆိုရင်တော့ ရရှိလာတဲ့ code ကို ဖြည့်ပြီး password အသစ် ကိုပေးလိုက်မယ်ဆိုရင်
ပွဲသိမ်းသွားပြီပေါ့....

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U