နယူး ဇီလန် နိုင်ငံ၊ ဂစ်ဘော်နီ ပင်လယ် ကမ်းခြေ မှာ ကျင်းပပြု လုပ် ခဲ့
တဲ့ အ၀တ် ဗလာ ရေကူး ပွဲ တော် ကို လူပေါင်း (၇၄၅)ဦး ၀င် ရောက် ဆင်နွှဲ ခဲ့တာ
ဖြစ်ပြီး အ၀တ် ဗလာ နဲ့ ရေကူး ခဲ့ရာ မှ လူ အများ ဆုံး အ ဖြစ် မှတ်တမ်း
တင်ခြင်း ခံခဲ့ ရပါ တယ်။ နယူး ဇီလန် အရှေ့ မြောက် ပိုင်း မှာ ရှိ တဲ့
ပင်လယ် ကမ်းခြေ မှာ သာ ယာတဲ့ရာသီ ဥတုရှိချိန် အ၀တ်ဗလာနဲ့လူပေါင်း ၇၄၅ ဦး
ဟာ ရေကူးခြင်း ပြုလုပ် ခဲ့တာဖြစ်ပါတယ်။ ဒီ ပွဲ တော် ကို
နယူးဇီလန်နိုင်ငံတ၀န်းမှ လာရောက် ဆင်နွှဲခဲ့တာဖြစ်ပြီး ကမ္ဘာ စံချိန်အဖြစ်
ဂင်းနစ် အဖွဲ့က မှတ်တမ်း တင်ခြင်းခံရလိမ့်မယ်လို့ ပြိုင် ပွဲကျင်းပသူတွေက
မျှော်လင့်ထားကြပါတယ်။
ဒီပင် လယ် ကမ်းခြေ မှာ ပြီးခဲ့တဲ့ နှစ်က
အ၀တ် ဗလာနဲ့ လူပေါင်း ၅၀၆ ဦး ရေကူးပြီး ကမ္ဘာ့ စံချိန် တင် ထား ပေမယ့်
ဇူလိုင်လအရောက် မှာတော့ စပိန် နိုင်ငံ၊ ဗီရာ မြို့မှာရှိတဲ့ ပင်လယ် ကမ်း
ခြေ မှာ အ၀တ် ဗလာ နဲ့လူပေါင်း ၇၂၉ ဦး က စံချိန်သစ်တစ်ရပ် တင်သွားခဲ့ပါတယ်။
ဒါ ကြောင့် အ၀တ်ဗလာနဲ့လူပေါင်း ၇၄၅ ဦး ပါဝင် ဆင်နွှဲကာ ကမ္ဘာ
့စံချိန်ပြန်တင်နိုင်ဖို့လိုအပ်တဲ့ အထောက် အထား တွေဖြစ်တဲ့ ဗီဒီယို
မှတ်တမ်းနဲ့ ဓာတ်ပုံတို့ကို ဂင်း နစ် ကမ္ဘာ့ စံချိန်အဖွဲ့ကြီးထံ
ပေးပို့လိုက်ပြီဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပရေး အဖွဲ့ဝင်တစ်ဦးက
လူအများအပြား အ၀တ် ဗလာနဲ့ လာရောက်ဆင်နွှဲကြ မယ်လို့မျှော်လင့်
ထားခြင်းမရှိကြောင်း၊ လူပေါင်း ၇၄၅ ဦးရဲ့ အ၀တ်ဗ လာ ပုံ ရိပ် တွေ ဟာ
အမှတ်တရအဖြစ် ရှိသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
6 years ago




2:15 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment