
မင်္ဂလာဒုံမြို့နယ်တွင် စိတ်ဖောက်ပြန်ပြီး သောင်းကျန်းနေသည့်သူကို
အိမ်တွင်ထားခဲ့ရာမှ ကြိုးဆွဲချသေ ဆုံးသွားသည်ဆိုသည့်အမှုကို
မင်္ဂလာဒုံရဲစခန်းက ဖေဖော်ဝါရီ ၄ ရက်တွင် ဓမ္မတာသေဆုံးခဲ့ခြင်း ဟုတ် မဟုတ်ကို
အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက
သတင်းထုတ်ပြန်ထားသည်။
အမှုတွင် မင်္ဂလာဒုံရဲစခန်းမှ တာဝန်ရှိသူများသည် ပလရ
ရပ်ကွက်၊ ကြူစမ်းရွာသစ်၊ ဂရုဏာ (၁) လမ်း သွယ်၊ အမှတ် (၉၃)နေအိမ်တွင်
လူတစ်ဦးကြိုးဆွဲချသေဆုံးကြောင်း နံနက် ၈ နာရီသတင်းအရ သွား
ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ ဦးဝင်းသူ
(၄၈)နှစ်ဖြစ်ပြီး နေအိမ်ဧည့်ခန်းနှင့် နောက်ဖေးအခန်းကြား အမြင့်ခြောက်ပေရှိ
သစ်သားတန်းတွင် အရှည် ၂၇ ပေခန့်ရှိ အဖြူရောင် ဆားဗစ်ဝိုင်ယာကြိုးဖြင့်
ကြိုးဆွဲချသေဆုံးနေသည် ကို တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
သေဆုံးသူသည်
စိတ်ဖောက်ပြန်ပြီး နေအိမ်တွင် သောင်းကျန်းနေ၍ မိသားစုဝင်များက
အခြားနေအိမ်များ သို့ သွားရောက်တိမ်းရှောင်ပြီး နေအိမ်သို့ ပြန်လာရာတွင်
၎င်းကိုကြိုးဆွဲချသေဆုံးလျက်တွေ့ရှိရသည်ဟု မိသားစုက ထွက်ဆိုထားသည်။
ထို့ကြောင့် အလောင်းအား ဆက်လက်စစ်ဆေးနိုင်ရန် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ထားရာ ဆေးရုံက ပီအာရ် ၂၀ ဖြင့် လက်ခံစစ်ဆေးနေသည်။
ယင်းသေဆုံးမှုကို
ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် ဒု-ရဲအုပ်
ခင်သိန်းက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက
သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးနေသည်ဟု
တိုင်းရဲတပ်ဖွဲ့ထုတ်ပြန်သည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
6 years ago




2:09 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment