Related Posts Plugin for WordPress, Blogger...

Friday, February 21, 2014

ထိုင်းအတိုက်အခံ ဆန္ဒပြသူများက ၀န်ကြီးချုပ်၏ ယာယီရုံးကို ၀ိုင်းရံပိတ်ဆို့

ဖေဖော်ဝါရီ ၁၈ ရက်က လမ်းပေါ်ပဋိပက္ခအတွင်း လူငါးဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ပြီးနောက် အလျှော့မပေးသော ထိုင်းအတိုက်အခံ ဆန္ဒပြသူများသည် ၀န်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ အစိုးရအဖွဲ့ ယာယီရုံးပြုလုပ်ထားသောရုံးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ၀ိုင်းရံပိတ်ဆို့ခဲ့ကာ ၎င်းတို့၏လှုပ်ရှားမှုကို အရှိန်မြှင့်ခဲ့သည်။

ထောင်နှင့်ချီသော ဆန္ဒပြသူများသည် မြို့တော်ဘန်ကောက် ဆင်ခြေဖုံးရှိ အစိုးရ၏ ယာယီရုံးဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးကို ၀ိုင်းရံခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော သီတင်းပတ်များအတွင်း ဆန္ဒပြသူများက ဘန်ကောက်ရှိ အစိုးရရုံးများ ရုံးစိုက်သည့်နေရာမှ အစိုးရအိမ်တော်ကို ပိတ်ဆို့ထားသည့်အတွက် ယင်လက်က ယင်းရုံးဝင်းတွင် အစိုးရအဖွဲ့ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရသည်။

ယင်လက်က သူ၏လူများကို မိမိတို့အား သတ်ရန်ညွှန်ကြားခဲ့ပြီး သူက ယင်းဌာနရုံးတွင် ပုန်းအောင်းနေသည်ကို လက်သင့်မခံနိုင်ကြောင်း၊ ယင်းရုံးကို ၀င်ရောက်စီးနင်းပြီး ရှာဖွေမည်ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ပြောကြားခဲ့သည်။ ယင်းအချိန်တွင် အဆိုပါရုံးထဲ၌ ၀န်ကြီးချုပ်ယင်လက် ရှိမည်မဟုတ်ဟု သိရသည်။ ယင်းနေရာရှိ စစ်တပ်တာဝန်ရှိသူများက ဆူသက်နှင့် ညှိနှိုင်းဆွေးနွေးရန် သဘောတူခဲ့ပြီးနောက် တင်းမာမှုလျော့ကျခဲ့ကြောင်း သိရသည်။ ယင်းရုံး၌ပြုလုပ်မည့် အစိုးရအဖွဲ့ အစည်းအဝေးအားလုံးကို ဖျက်သိမ်းခဲ့သည်ဟု အစိုးရအဖွဲ့ ဒုတိယပြောခွင့်ရပုဂ္ဂိုလ် ဆူနီဆာလာပါကာဝတ်က ကနဦးတွင် ပြောကြားခဲ့သော်လည်း ယင်းရုံးသို့ ယင်လက်ကလာမည်၊ မလာမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။


ဖေဖော်ဝါရီ ၁၉ ရက်က ထိုင်းအစိုးရ၏ ယာယီရုံးအပြင်ဘက်၌ ဆန္ဒပြသူများကို စောင့်ကြည့်နေသည့် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ

ယင်လက်သည် ယင်းနေရာတွင် အလုပ်လုပ်ရန် လာနေမည်ဆိုပါက ၎င်းတို့သည်လည်း နေ့တိုင်းလာနေမည်ဖြစ်ကြောင်း၊ ၀န်ကြီးချုပ်ကို နိုင်ငံမှ ထွက်ခွာသွားစေရမည်ဖြစ်ကြောင်း ဆူသက်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲများက ဘန်ကောက်ရှိ သမိုင်းဝင်ဒေသမှ ဆန္ဒပြနေရာများကို ရှင်းလင်းရန် ကြိုးပမ်းခဲ့ရာမှ အကြမ်းဖက်ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ Golden Mount ဘုရားကျောင်းနှင့် အခြားကမ္ဘာလှည့် ခရီးသွားလည်ပတ်ရန် နေရာများရှိသည့် ဒေသအနီး ပေါက်ကွဲမှုများနှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းပဋိပက္ခအတွင်း ရဲတစ်ဦးမှာ ပစ်သတ်ခံရပြီး အရပ်သားလေးဦးမှာ သေဆုံးခဲ့ကာ လူ ၆၀ ကျော် ဒဏ်ရာရခဲ့သည်ဟု အီရာဝမ်အရေးပေါ် အရေးပေါ်ဌာနက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U