Related Posts Plugin for WordPress, Blogger...

Friday, February 21, 2014

တစ်ပတ်စာ သင်၏ကံဇာတာ


မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀

အရောင်းအ၀ယ်ကိစ္စ မိမိကြိုးပမ်းမှုအပေါ် မူတည်မည်။ အလုပ်အကိုင် အခွင့်အလမ်းကောင်း ကြုံမည်။ ဘုရားဖူးခရီးသွားလုပ်ငန်း ပိုအဆင်ပြေ မည်။ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ ဟိုတယ်နှင့်ခရီး၊ ပညာရေးလုပ်ငန်း အခက်အခဲကြားမှ အောင်မြင် မည်။ ၂၂ ရက်နှင့် ၂၆ ရက်နေ့တို့တွင် အရေးကြီးကိစ္စ၊ အိမ်ခြံမြေကိစ္စ ဦးစားပေးဆောင်ရွက်သင့်၏။

ယတြာ – သောကြာထောင့်၌ ဆွမ်းတော်ကပ်လှူပါ။

ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁

ပြောရေးဆိုခွင့် ပိုလာမည်။ ဘဏ်၊ ငွေပေးငွေယူ၊ စာချုပ်စာတမ်းကိစ္စများ အဆင်ပြေမည်။ စာနယ်ဇင်း၊ စာအုပ်နှင့်စာရေးကိရိယာ၊ ဘာသာပြန်ဆိုခြင်း၊ ၀ါဒဖြန့်ချိခြင်း၊ သင်ကြားပို့ချခြင်းနှင့် ဘာသာဗေဒလုပ်ငန်းများတွင် ၀င်ငွေတိုးမည်။ ရပ်ဝေးခရီးတွင် အချစ်ရေး၊ အိမ်ထောင်ရေး အနှောင့်အယှက်ပေါ်တတ်၍ သတိပြုသင့်၏။ ကျန်းမာရေးဂရုစိုက်ပါ။

ယတြာ – သောကြာထောင့်၌ နှင်းဆီရောင်စုံ ကပ်လှူပါ။

မေထုန်ရာသီဖွား၊(Gemini) မေ ၂၂ မှ ဇွန် ၂၂

စီးပွားရေးကို လောင်းကစားဆန်ဆန် မပြုသင့်။ အဖိုးတန်ပစ္စည်း ပျောက်ဆုံးတတ်သည်။ အစုစပ်လုပ်ငန်း ဆက်လက်အကျိုးပေးမည်။ ချင့်ချိန်တတ်မှုကြောင့် ပညာရေးတိုးတက်မည်။ အိမ်ထောင်ရေး အထူးသာယာနိုင်ပြီး အချစ်ရေးတွင်မူ ရှုပ်ရှုပ်ထွေးထွေး အကျိုးပေးတတ်ချိန်ဖြစ်သည်။

ယတြာ – ဗုဒ္ဓဟူးထောင့်၌ ရွှေဖယောင်းတိုင်များ ပူဇော်ပါ။

ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃

အကြံအစည်များ အကောင်အထည် မဖော်နိုင်သေး။ ပြောဆိုဆောင်ရွက်မှုများ အရာမထင်ဖြစ်တတ်သည်။ ကုန်အရောင်းအ၀ယ် အကျိုးဖြစ် မည်။ တန်ဖိုးကြီးကျောက်မျက်ရတနာ ၀င်နိုင်သည်။ အိမ်ခြံမြေကိစ္စ အကျိုးပေးလျင်မြန်မည်။ အမှုအခင်း၊ ပြဿနာ၊ အခက်အခဲတို့ကို ကျော်လွှားနိုင်မည်။ ကြွေးမြီကိစ္စ အဆင်ပြေသွားမည်။

ယတြာ – ကြာသပတေးထောင့်၌ အောင်သပြေ ရေမွှေးနှင်းဆီ ကပ်လှူပါ။

သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃

ရပ်ဝေးကုန်သွယ်မှုနည်းလမ်းသစ် ပေါ်ပေါက် မည်။ ပရဟိတ၊ စည်းရုံးရေး၊ သံတမန်ရေးကိစ္စ တိုးတက်မည်။ အစုစပ်လုပ်ငန်း အရာမထင်နိုင်သေး။ အိမ်ထောင်ဖက်အပေါ် အနိုင်မယူဘဲ ကြင်နာယုယမှုက ကောင်းကျိုးဖြစ်စေမည်။ မိသားစုစည်းစိမ်တိုး အောင် ဆောင်ရွက်နိုင်မည်။ လုပ်ငန်းခရီးထွက်မှု အကျိုးရှိပြီး ရည်မှန်းချက်အောင်မြင်မည်။

ယတြာ – စနေထောင့်၌ ရွှေဖယောင်တိုင်များ ပူဇော်ပါ။

ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃

အကြံအစည်အောင်မည်။ ကြားဝင် ဆောင်ရွက်မှု အဆင်ပြေသွားမည်။ ဟောပြောပို့ချခြင်း၊ စာတမ်းပြုစုခြင်း၊ တရားမျှတစွာဆုံးဖြတ်ပေး ခြင်းတို့ အောင်မြင်မှုရမည်။ ငွေကြေးအမြောက်အမြား ၀င်နိုင်ပြီး လက်တွေ့ကျကျဆောင်ရွက်ရန် လိုမည်။ ကုသိုလ်ရေးပြုမှုက ရလဒ်ကောင်းပေါ်စေမည်။ ရုံးတော်၌ ဦးတိုက်လျှောက်လဲမှု အနိုင်ရရှိနိုင်သည်။

ယတြာ – သောကြာထောင့်၌ ပန်းအမျိုးမျိုး ကပ်လဈပါ။

တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃

အစိုးရ၊ ဌာနဆိုင်ရာ၊ အထက် အရာရှိတို့နှင့်ဆိုင်သော ကိစ္စများ အဆင်ပြေမည်။ လုပ်ပိုင်ခွင့်နှင့် ခံစားခွင့် ပိုမိုရရှိမည်။ ဂုဏ်သိက္ခာ တိုးမည်။ တီထွင်ဉာာဏ်ပွင့်လန်းပြီး ပန်းချီ၊ ကဗျာ၊ စာပေနှင့် အ၀တ်အစား၊ ဒီဇိုင်းသစ်များနှင့်ပတ်သက်ပြီး အကျိုးပေးမည်။ လုပ်ငန်းသစ်ဆောင်ရွက်သင့်၏။ စီးပွားရေး တွက်ခြေကိုက်မည်။ လုံ့လအကျိုး ခံစားရမည်။

ယတြာ – သောကြာထောင့်၌ နှင်းဆီရောင်စုံ ကပ်လှူပါ။

ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂

နိုင်ငံရပ်ခြားနှင့်ပတ်သက်၍ အကျိုးပေးနေမည်။ ကြိုတင်စီစဉ်မှုကြောင့် အထူးအောင်မြင်နိုင်သော်လည်း ၀ီရိယလွန်ပြီး ဆန္ဒမစော သင့်။ အကြံသစ်၊ လုပ်ငန်းသစ်များ စတင်ရန် အချိန်စောင့်ရဦးမည်။ ရန်နှင့် အခက်အခဲတို့ကို ဖြေရှင်းကျော်လွှားနိုင်မည်။ မသွားမဖြစ်သော ခရီးများ ပေါ်ပေါက်လာတတ်၏။

ယတြာ – မွေးနံထောင့်၌ တရားထိုင်ရန် အခင်း၊ ကော်ဇောတစ်မျိုးမျိုး လှူပါ။

ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂

ဂုဏ်သိက္ခာ၊ အရည်အချင်း တိုးမည်။ စည်းစိမ်တိုးသလို အကုန်အကျလည်း များနေမည်။ အလဈကြီးပေးရမည်။ ဆရာကောင်းနှင့် တွေ့ ဆုံပြီး ဖေးမကူညီမှုခံရမည်။ နိုင်ငံရပ်ခြားခရီးဝေး ပေါ်ပေါက်နိုင်၏။ လုပ်ငန်းနှင့် နိုင်ငံခြားကုန်သွယ်မှု ဆိုင်ရာစာချုပ်ကိစ္စ အောင်မြင်မည်။ အစွမ်းအစကြောင့် အမြတ်ထွက်ပြီး အရည်အချင်းပြည့်ဝမည်။

ယတြာ – ဗုဒ္ဓဟူးထောင့်၌ ရွှေသင်္ကန်းကပ်လဈရန် အလှူငွေထည့်ပါ။

မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉

ကံကောင်းနေမည်။ အစုစပ်နှင့် ကုန်သွယ်မှု အဆင်ပြေမည်။ အိမ်ထောင်ဖက်ကြောင့် စည်းစိမ်တိုးမည်။ အခက်အခဲတို့ကို ဖြေရှင်း နိုင်မည်။ ရန်နှင့် အတိုက်အခံတို့ကို အောင်မြင်မည်။ ဆန္ဒစော၍ မဆောင်ရွက်သင့်။ မိဘ၊ အကြီးအကဲ တို့ထံမှ အကြံဉာာဏ်ရယူပြီး စည်းစနစ်ကျနစွာ လုပ်ဆောင်ပါက လုပ်ငန်းရာနှုန်းပြည့်အောင်မြင်နိုင်သည်။

ယတြာ – ဗုဒ္ဓဟူးထောင့်၌ ဘက်စုံပြုပြင်ရန် ငွေလှူပါ။

ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉

အစုစပ်လုပ်ငန်း ကမ်းလှမ်းခံ ရမည်။ သံတမန်၊ ၀ါဒဖြန့်ချိရေးမဈး၊ စည်းရုံးရေးသမား၊ အုပ်ချုပ်ရေးသမားများ ဂုဏ်တက်မည်။ ပညာရေးတွင် မျှော်မှန်းသလို အောင်မြင်မည်။ ပရိတ်တော်၊ ဂါထာတော်များ ရွတ်ဖတ်သရဇ္ဈာယ်မှု ပိုမိုထက်မြက် အကျိုးပေးလာမည်။ ဂုဏ်ဒြပ်ထည်ဝါသော မိတ်ဆွေကောင်း တိုးပွားမည်။

ယတြာ – ဗုဒ္ဓဟူးထောင့်၌ နာနတ်ဖျော်ရည် ကပ်လှူပါ။

မိန်ရာသီဖွား (Pisces) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁

၂၄ ရက်၊ ၂၆ ရက်တို့၌ ပေါ်ပင်အလုပ်၊ လေလံတင်ဒါ၊ ပညာရေးကိစ္စများ စတင်ဆောင်ရွက်အောင်မြင်နိုင်၏။ အမွေ၊ မြေယာ၊ ထီ အကျိုးပေး နေမည်။ ရာထူးဝင်ခွင့် စာမေးပွဲများအတွက် ကြိုးစားမှုအရာထင်မည်။ ဩဇာသိက္ခာတိုးမည်။ မိဘ၊ ဆရာသမားတို့ကြောင့် အခြေအနေကောင်းပေါ်မည်။ မိသားစု စည်းစိမ်တိုးမည်။

ယတြာ – သောကြာထောင့်၌ အခင်းကော်ဇော လှူပါ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U