အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် 
ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ဟာ ဒီကနေ့ မနက်ပိုင်းက 
ဝိတိုရိယဆေးရုံးကြီးကနေ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင် ( ICU ) သို့ 
ရွှေ့ပြောင်း ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ 
 ဒီကနေ့ မနက်ပိုင်းက ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ ဆေးကုသခံယူလာတဲ့ ဦးဝင်းတင်၊ ဓာတ်ပုံ- Ko Ko Gyi ( 88 ) 's facebook
ဦးဝင်းတင်သည် အသက်ရှုလမ်းကြောင်းရောဂါ တခုကြောင့် အသက်ရှုခက်ခဲနေပြီး အောက်စီဂျင်ပေးထား ရတယ်လို့လည်း သိရပါတယ်။
ဦးဝင်းတင်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ အဆိုအရ စင်ကာပူ ဒါမှ မဟုတ် ထိုင်း နိုင်ငံကို ထွက် ကာ ဆေးကုသမှုခံယူဖို့ ပြင်ဆင်မှုတွေလုပ်ဆောင်နေပြီး နိုင်ငံကူးလက်မှတ် အမြန်ရရေး အားလုံးက ဝိုင်းဝန်း ကြိုးစားနေတယ်လို့ သိရပါတယ်။




7:47 PM
 sayarchan.blogspot.com

 Posted in:  
0 comments:
Post a Comment