Related Posts Plugin for WordPress, Blogger...

Sunday, April 13, 2014

“တောင်ပြာတန်း” ခရီးသည်တင် မှန်လုံယာဉ်ပေါ် အသက်ဘေးမှလွတ်မြောက်ခဲ့သူရဲ. ပြောပြချက်

ဟာဂျူလီ ကသာ's photo.

အသက်ဘေးမှလွတ်မြောက်ခဲ့သူရဲ. ပြောပြချက်
==========================
“ကျွန်တော်ကတောင်ကြီးက PPT ကုမ္ပဏီ ၀န်ထမ်းပါ သင်္ကြန်ရက်မှာ အိမ်ကိုပြန်တာပါ။ ကားပေါ်မှာ မအိပ်ပဲစီးလာတာ လမ်းကအကျယ်ကြီး ကားလေးက အနောက်ဘက်ခြမ်းက ကျွန်တော်တို့မှန်လုံးကားက အရှေ့ဘက်ခြမ်းက မောင်းနေတာ၊ ကားကြီးက ကျော်တက်တာ
မဟုတ်ဘူး၊ ကားလေးကကျော်တက်တာ၊ ကားကြီးကခေါင်းမငြိမ်ဘူး ပလက်ဖောင်းကို
ဝင်တိုက်ပြီးမှ ဖြစ်တယ်လို့ထင်တာ ပြီးမှကားကြီးက ရမ်းပြီး ကားလေးဖင်ကို ၀င်ဆောင့်
တာ ဖောင်းခနဲပဲထမြည်တယ် အဲဒီလိုဖြစ်လည်းဖြစ်ပီးရော ကားလေးကနေ အရင်မီးထလောင်
တာပဲ၊ ဆီတိုင်ကီကိုပွတ်တိုက်ပြီး အပူချိန်နဲ့ ထလောင်တယ်လို့ပဲ ထင်တယ်။

ကျွန်တော်တို့ မသေတာကားကြီးကပေါက်ကွဲမှုမဖြစ်တာရယ် မှောက်မသွားတာရယ်ကို
ကျေးဇူးတင်ရမယ်၊ ကျွန်တော်တို့ကားကြီးသာ တစ်ခုခုပေါက်ကွဲမှုဖြစ်ရင် ကားပေါ်မှာပါတဲ့ လူတွေအကုန်လုံး အသက်မရှင်နိုင်ဘူး ဘာဖြစ်လို့လည်းဆိုတော့၊ ကားမှန်တွေက ခွဲလို့မရဘူး၊ ခြေထာက်တွေနဲ့ကန်ပြီးခွဲလည်း မရဘူး။ ကားနောက်ကနေ မှန်လေးတစ်ချပ်
ဖွင့်လိုရတာကလည်း တော်တော်ကံကောင်းသွားတာ၊ အသက်ရှင်ကျန်တဲ့ ကျွန်တော်တို့
အားလုံး ကားနောက်ခန်း အပေါက်ကနေ ကြိုးစားပြီးထွက်လာရတာ” ဟု
ဟာဂျူလီ ကသာ's photo. “တောင်ပြာတန်း” ခရီးသည်တင် မှန်လုံယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဧရာဝတီတိုင်း
ဒေသကြီး၊ သာပေါင်းမြို့နယ်နေ ကိုထွန်းထွန်းက ပြောသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U