Related Posts Plugin for WordPress, Blogger...

Tuesday, April 15, 2014

အချစ်ကမပြောင်းလဲပေမယ့် လူတွေကအခြေနေပေါ်မူတည်ပြီးပြောင်းလဲသွားတတ်ကြတယ်...



တစ်ခါက မျက်မမြင်မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးတယ်တယ်တဲ့
မျက်မမြင်တစ်ယောက်မို့ သူ့ကိုသူမကြေမနပ်နဲ့ သူ့ချစ်သူကလွဲရင်
ကျန်တဲ့သူအားလုံးကိုမုန်းတအားမုန်းနေလေတယ်....

သူ့ချစ်သူလေးကတော့ အမြဲသူ့အနားမှာရှိပေးနေရှာတော့ သူမမုန်းနိင်ဘူးလေ....
သူချစ်သူကောင်လေး ဟာလည်း ဒီမိန်းကလေး အတွက်ဆိုရင် အမြဲအစစအရာရာအသင့်ကူညီဖို့ရှိနေခဲ့တယ်လေ...

မျက်မမြင်ကောင်မလေးက ပြောတယ်...တစ်နေ့သူမျက်စိသာပြန် မြင်နိင်ခဲ့မယ်ဆိုရင်
သူချစ်သူကောင်လေးနဲ့လက်ထပ်ပြီး ပျော်ရွင်စွာနေမှာတဲ့လေ....

ကံကောင်းထောက်မစွာနဲ့ပဲ တစ်နေ့ အလျှူရှင်တစ်ဦးပေါ်လာတော့ မျက်မမြင်မိန်းကလေးဟာ
သူ့ချစ်သူကောင်လေးအပါ...အရာအားလုံးကိုမြင်နိင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာခဲ့တော့ ပျော်မဆုံးဘူးပေါ့...

ဒီလိုနဲ့ပဲ သူ့ချစ်သူမိန်းကလေးမျက်စိပြန်မြင်လာတဲ့နေ့မှာပဲ ကောင်လေးကမေးတယ်...
အခုချစ်လေးမျက်စိပြန်မြင်ပြီနော်...ကိုယ်တအားဝမ်းသာတာပဲ....ချစ်လေးက လောကကြီး
တစ်ခုလုံးကိုပြန်ရှုမြင်ခံစားနိင်ပြီလေ.......ကိုယ်တကယ်ဝမ်းသာတယ်...တဲ့ ပြီးတော့ မေးလိုက်တယ်...ချစ်လေး .... ကိုယ့်ကိုလက်ထပ်မှာလားတဲ့...

တကယ်တော့ မိန်းကလေးက သူ့အနားအမြဲအသင့်ရှိနေခဲတဲ့ ချစ်သူကိုသူပြန်မြင်လိုက်ရတဲ့နေ့မှာပဲ လန့်သွားတယ်...ဘာလို့လဲဆိုတော့ သူချစ်သူကောင်လေးကလည်း မျက်မမြင်တစ်ယောက်ဖြစ်နေ
လို့ပါပဲ.... ဒီလိုနဲ့ပဲ ကောင်လေးရဲ့ တောင်းဆိုမူကို လက်မခံပဲ... လက်မထပ်နိင်ကြောင်းငြင်းလိုက်တာပေါ့.....

ကောင်လေးခမျာ..မျက်ရည်ပင်လယ်ဝဲသွားရှာတယ်.... မိန်းကလေးရှိရာကနေ အလျင်အမြန်ထွက်
ခွာလာခဲ့တယ်... လောကကြီးတစ်ခုလုံးအမှောင်ကျခဲ့တဲ့နေ့ပေါ့.... သူအားငယ်စွာပဲ ယဲ့ယဲ့လေး ငိုနေမိတယ်.... နောက်ဆုံး စာလေးတစ်ကြောင်းရေးပြီး သူ့ချစ်သူမိန်းကလေးဆီပို့လိုက်တယ်....

.....ချစ်ရယ်...ကိုယ့်မျက်လုံးတွေကို ဂရုစိုက်ပေးပါနော်...တဲ့

တကယ်တေ့ သူ့ချစ်သူ ပြန်မြင်နိင်ဖို့အရေး ကောင်လေးဟာသူ့မျက်လုံးတွေ အစားထိုးပေးခဲ့သူပါ...
လူ့စိတ်ဆိုတာ ထွေပြားလွန်းပါတယ်....အချစ်စစ်လို့ထင်ထား တာတွေတောင် တခါတရံမှာ ဖောက်ပြန်တဲ့ သဘောတွေရှိတယ်...

နေ၀န်းနီ {N@y Winn Ni}

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U