ကျွန်တော့်စာ ကဗျာလေးများ လိုင်းပေါ်အရောက်များလာသည်နှင့်အ
သော စာဖတ်သူများထံက အသိအမှတ်ပြုပေးသောအသံများ မကြာမကြာကြားလာရ၏ ၊
တစ်ချို့က တမင်တကာမြောက်ပင့်ပေးသလို တစ်ချို့ကတော့ အရိုးခံစိတ်ဖြင့် အားပေး၏၊
စာအရေးအသားအရမ်းကောင်းတယ်ဟု ချီးကျူးသူများရှိသလို စာတစ်ပုဒ်ကို ကောင်းအောင်
ဘယ်လိုရေးရမလဲ၊အကြံပေးပါဦးစသည်
တော့ အရာအားလုံးကို ကျေနပ်မိသည်သာ ဖြစ်သည်၊ ပြီးတော့ စာဖတ်ပေးသူများအားလုံးကို
အထူးကျေးဇူးတင်ရပါသည်၊ အမှန်က ကျွန်တော်သည် စာရေးဆရာတစ်ယောက် မဟုတ်၊
ကိုယ့်ကိုကိုယ် စာရေးဆရာဟုလည်း ဘယ်တော့မှ မသတ်မှတ်၊ နောင်လည်း သတ်မှတ်ဖြစ်မည်
မထင်၊ ဝါသနာကြောင့် စာရေးနေသော “စာရေးသူ“တစ်ယောက်အဖြစ်သာ ကိုယ့်ကိုကိုယ် ရိုးရိုး
ကလေးမြင်သည်၊ ယခုဆိုလျှင် ဝါသနာရှင်အဆင့်ဖြင့် ကျွန်တော်စာရေးလာခဲ့သည်မှာ ဆယ်စုနှစ်
တစ်ခုပင်စွန်းလာခဲ့ပြီဖြစ်သည်၊ စာဖတ်သူက ကျွန်တော်ရေးသည့်စာကဗျာလေးများ ကောင်းသည်
ဟု အထင်ရှိလျှင် ထိုဆယ်စုနှစ်အတွင်း အဆက်မပြတ်လေ့ကျင့်ခဲ့မှု၏ အသီးအပွင့်ဟု ရိုးရှင်းစွာ
ကျွန်တော်ယူဆပါသည်၊
ကျွန်တော့်ကိုယ်ကျွန်တော် သိသည်၊ ဝါသနာကြောင့်သာ ကျွန်တော်စာရေးနေသည်၊
စာရေးသားမှုနှင့်ပတ်သက်၍ ကျွန်တော့်တွင် ပါရမီမရှိ၊ ဆိုက်အင်တာဗျူးများ တစ်ချို့ဆောင်းပါး
များတွင် ကျွန်တော်ဖြေဖူး ရေးဖူးသည့်အတိုင်း တစ်ခါတစ်ခါ ကဗျာကလေးတစ်ကြောင်းလောက်နှင့်
ညလုံးပေါက်သည်၊ တစ်ခါတစ်ခါ ကဗျာကလေးတစ်ပုဒ်အတွက် လေးငါးဆယ်ရက် အချိန်ပေးရ
တတ်သည်၊ ဝတ္ထု ဆောင်းပါးများရေးသည့်အခါမှာလည်း
နေရဆဲ၊ များစွာ ကြိုးစားအားထုတ်နေရဆဲပင် ဖြစ်သည်၊ ဆရာကြီးရွှေဥဒေါင်းက သူကိုယ်တိုင်ရေး
“ ဘဝတစ်သက်တာမှတ်တမ်း” တွင် စာတစ်ပုဒ်ကို လေးငါးခေါက် ပြင်ရေးနေရမည်ဆိုပါက ဘယ်
တော့မှ ကျွန်ုပ် စာမရေးတော့ဟု ဆိုဖူးသည်၊ ထိုစာကြောင်းလေးဖတ်ပြီး ကျွန်တော်အားငယ်ခဲ့ရ
ဖူးသည်၊ကျွန်တော့်မှာတော့ ယခုလို စာရေးသက် ဆယ်စုနှစ်တစ်ခုစွန်းလာသည့်တိုင်
ရေးတိုင်း လေးငါးခေါက်မက ထပ်ခါထပ်ခါပြင်ရေးပြီးခါမှ ကိုယ့်စိတ်ကြိုက်စာတစ်ပုဒ်ဖြစ်ေ
ကျွန်တော့်အတွက် စာပေပါရမီဟူသည် ဝါသနာနှင့်ကြိုးစားမှု အဆက်မပြတ်လေ့ကျင့်မှုသာ ဖြစ်
နေတော့သည်၊ သို့ရာတွင် စာရေးရသည့်အပေါ် စိတ်ပျက်သလားဆိုပြန်တော့ ကျွန်တော် လုံးဝ
(လုံးဝ)စိတ်မပျက်၊ ပြောရလောက်အောင် ပါရမီမရှိသော်လည်း စာရေးဖို့သာ စိတ်က အမြဲထက်
သန်နေတတ်သည်၊ ကျွန်တော့်အဖြစ်က “ ပစ္စည်းဥစ္စာမရှိပဲ အရသာကောင်းကို အလွန်အကျွံ
စားသောက်သောသူ၊ ခွန်အားမရှိပဲ အသတ်အပုတ်ကြိုက်သောသူ၊ ပညာမရှိပဲ အလွန်စကားပြော
ချင် ဆိုချင်သောသူ၊ ဤသုံးဦးတို့သည် အရူးနှင့်တူကုန်၏” ဟူသော လောကနီတိအဆိုအမိန့်နှင့်
ထပ်တူဖြစ်နေမည်ထင်သည်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကိုယ့်ဝါသနာကို မစွန့်လွတ်နိုင်၊
အသက်ထက်ရှားရှိနေသမျှတော့ ရေးနေမိဦးမည်ထင်သည်၊ တစ်ချိန်ချိန်တော့ ကမ္မနိယာမအရ
အလုပ်နှင့် ထိုက်တန်သော အသီးအပွင့်များကို မြင်ရမည်ဟု မျှော်လင့်ရပါသည်၊
ကျွန်တော်စာရေးသောအခါ ဝတ္ထုဆောင်းပါးများရေးရာတွင် စကားပြောအရေးအသားထက်
စာပေအရေးအသားကို ပိုအရေးများသည်၊ ထိုသို့ အရေးများသည်မှာ စာပေအရေးအသားသည်
စကားပြောအရေးအသားထက် ပိုလေးနက်တည်ငြိမ်သည်ဟု ယူဆသောကြောင့် ဖြစ်သည်၊
ကဗျာမှာတော့ ခေတ်ပေါ်ကဗျာထက် မြန်မာကဗျာရေးနည်းရေးဟန်ကို ကျွန်တော်ပိုနှစ်သက်သည်၊
နှစ်သက်သည့်အတိုင်း ကဗျာအများစုကို မြန်မာကဗျာရေးနည်းရေးဟန်ဖြင့်သာ
သည်၊ သို့ရာတွင် စကားပြောအရေးအသားကို ကျွန်တော်မပစ်ပယ်၊ ခေတ်ပေါ်ကဗျာကိုလည်း
ကျွန်တော်ဥပေက္ခာမပြု၊ ကျွန်တော်ရေးမည့်အကြောင်းအရာသည်
ရေးမှ၊ ခေတ်ပေါ်ကဗျာနှင့်ဖွဲ့မှ ပိုထိရောက်မည် စာဖတ်သူအတွက် ပိုအဆင်ပြေမည်ဆိုပါက စာပေ
အရေးအသား မြန်မာကဗျာရေးနည်းရေးဟန်တို့ကို
ဖြစ်သည်၊ ကျွန်တော့်တွင် စာပေးရေးသားမှုနှင့်ပတ်သက်၍ ဒါမှဒါဟူ၍ တရားသေ စွဲကိုင်ထားခြင်းမျိုး
မရှိပေ၊ ကျွန်တော့်ဝါသနာ၏ တစ်ဖက်တွင် စာဖတ်သူရှိသည်၊ ဝါသနာအရ စာရေးသည်မှန်သော်
လည်း စာရေးခြင်း၏ အခြားအကြောင်းတစ်ရပ်မှာ သူများဖတ်ဖို့ဖြစ်သည်၊ စာဖတ်သူအတွက်
ဖြစ်သည်၊ ကိုယ့်စာ ကိုယ်ဖတ်ဖို့ဆိုလျှင် အပင်ပန်းခံရေးစရာ မလို၊ ရေးပြီး ဆိုက်ပေါ်တင်စရာမလို၊
ဂျာနယ်စာစောင် မဂ္ဂဇင်းတိုက်များသို့ ပို့စရာမလို၊ စာအုပ်များထုတ်စရာမလိုဟု ကျွန်တော်မြင်သည်၊
ထို့ကြောင့် စာရေးသူတစ်ယောက်သည် မည့်သည့်အကြောင်းအရာကိုပဲရေးရေး
ကိုတော့ မဖြစ်မနေကြည့်ပေးရမည်ဟု ကျွန်တော်ယူဆသည်၊ ဤယူဆချက်ဖြင့် ကိုယ်တိုင်ရေး
စာကဗျာမှန်သမျှကို ကျွန်တော်ဖန်တီးပါသည်၊ စာဖတ်သူ ဖတ်ရတာအဆင်ပြေမည့် နည်းလမ်း
ကိုသာ ကျွန်တော်ဦးစားပေးပါသည်၊
တစ်ခြား စာရေးသူများအတွက်တော့ မသိ၊ ကျွန်တော့်အတွက်တော့ ကိုယ့်စာပေတစ်ခုခုကို
ယခုလို အများဖတ်ဖြစ်သော ဆိုက်ပေါ်သို့ တင်ပေးရသည့်အလုပ်သည် အလွန်တာဝန်ကြီးသည်၊
အကြောင်းမှာ စာပေကို အချိန်ပေး၍ တကယ်လေးလေးစားစားဖတ်ရှုကြသောစာဖတ
သည့်အဖြစ်ကိုသိနေသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ဆိုက်ပေါ်သို့ စာပေတစ်ခုခုတင်တော့မည်
ဆိုပါက ကိုယ့်တင်မည့်စာပေသည် အကြောင်းအကျိုးဆီလျော်မှုရှိမရှိ
စာဖတ်သူအတွက် အကျိုးတစ်စုံတစ်ခုပေးနိုင်မပေးန
သည်ဟု ယုံကြည်ပါက သုံးထားသည့်စကားလုံး ရေးထားသည့်ဝါကျများသည် စာဖတ်သူအတွက်
အဆင်ပြေမပြေ ထပ်ကြည့်ရသည်၊ အဆင်မပြေဘူး ဝါကျများ ထောက်နေသည်ဟု အထင်ရှိလျှင်
ဖြုတ်သင့်တာဖြုတ် ဖြည့်သင့်တာဖြည့်ပြီး စကားလုံးများ ဝါကျအထားအသိုများကို ပြင်ဆင်ရသည်၊
စာစီသောအခါမှာလည်း စာဖတ်သူများဖတ်ရတာ ချောချောမွေ့မွေ့ဖြစ်အောင် အဖြတ်အတောက်
စာလုံးအစိပ်အချဲနှင့် ပုဒ်ထီး ပုဒ်မ ကော်မာ အပိုဒ်ခွဲစသည်တို့ကို သတိကြီးစွာထားရသည်၊
သတ်ပုံသတ်ညွှန်းကိုလည်း အထူးဂရုစိုက်ရသည်၊ လေးငါးခေါက်ထက်မနည်း ပြန်ပြန်စစ်ရသည်၊
ဒါတောင် မှားဖြစ်အောင်မှားသေးသည်၊အလုံးစ
စာလုံးအရောင်နှင့် စာလုံးအကြီးအသေးရွေးပြီး ထည့်သင့်သောပုံလေးများထည့်လျှက်
ရသည်၊ ဤသည်တို့မှာ လိုင်းပေါ်သို့ ကျွန်တော်စာတစ်ခုခုတင်တိုင်း ဖြတ်ကျော်ရသည့် အဆင့်
များဖြစ်သည်၊
တစ်ခါတစ်ခါမှာတော့ ရင်ထဲပေါ်ရာလျှောက်ရေး၍ ဘာမှ အထူးအထွေအပင်ပန်းမခံပဲ
ဘလော့ပို့စ်ဖြစ်ရုံ ပစ်တင်ပေးချင်စိတ်ပေါက်မိသည်၊ ထိုသို့တင်ပေး၍လည်း မရဘူးမဟုတ်၊ ရသည်၊
သို့ရာတွင် အချိန်ပေး၍ လေးလေးစားစားဖတ်ရှုကြမည့် စာဖတ်သူမျက်နှာကို ထောက်ထားမိသော
အခါ ထိုသို့ မရေးရက်တော့၊ ထိုကဲ့သို့ လေးလေးစားစားဖတ်ရှုမည့်စာဖတ်သူသည
နှစ်ယောက်သာ ဖြစ်ကောင်းဖြစ်သည်၊ စာရေးသူတစ်ယောက်၏တာဝန်သည်ကား “ဒီစာဖတ်ရတာ
မတန်လိုက်တာ”ဟု ညည်းညူရသည့်အဖြစ်မျိုးမရောက်အော
ကိုပင် တန်ဘိုးထားပြီး ကိုယ်တင်ပေးမည့်စာပေတစ်ခုခုကို စွမ်းနိုင်သမျှ အကောင်းဆုံးဖြစ်အောင်
ကြိုးစားပေးရမည်သာ ဖြစ်သည်၊ စာရေးသူများသည် စာဖတ်သူများအပေါ် ဦးစွာ တာဝန်ကျေပေးဖို့
လိုသည်ဟု ကျွန်တော်ထင်သည်၊ ထိုသို့ တာဝန်ကျေပေးပါက စာရေးသူမိမိကိုယ်တိုင်လည်း
အကောင်းဆုံးဖြစ်အောင် ကြိုးစားရသောကြောင့် စာပေအရည်အသွေး တစ်နေ့ထက်တစ်နေ့
တိုးတက်၊ စာဖတ်သူများအတွက်လည်း အကျိုးရှိ၊ ရေးသူ ဖတ်သူ နှစ်ဦးလုံးအတွက် အလွန်ကောင်း
သော အခြေအနေတစ်ရပ်ဖြစ်လာမည်ဟု ကျွန်တော်ယုံကြည်ပါသည်၊
ယခု ကျွန်တော်သည် ဤလူ့ဘောင်လောကတွင် အခြေအနေအရ စာပေဆိုင်ရာတာဝန်
တစ်ရပ်ကို ယူထားမိပြီဖြစ်သည်၊ တာဝန်အရ စာဖတ်သူတစ်ယောက်အနေဖြင့် မိသားစုဝင်များ၏
စာပေလက်ရာများကို မဖြစ်မနေဖတ်ရှုနေရပြီဖြစ်သည်၊ ဖတ်ရှုမိတိုင်း စိတ်အနှောက်အယှက်
ဖြစ်စရာ အမြဲလိုလို တွေ့ရသည်၊ အကြောင်းမှာ အချိန်ပေး၍ လေးလေးစားစားဖတ်ရှုကြမည့်
စာဖတ်သူများကို နည်းနည်းမှ ထည့်တွက်ဟန်မရှိပဲ “ငါ ရေးချင်သလိုရေးမည်၊ ဖတ်ချင်သလိုဖတ်“
ဟူသော သဘောမျိုးဖြင့် ဖြစ်ကတတ်ဆန်း ရေးတင်လိုက်သောစာပေလက်ရာများကို
တစ်ခု အမြဲလိုလို ဖတ်နေရသောကြောင့်ဖြစ်သည်၊ အောက်ထစ်ဆုံးအားဖြင့် သတ်ပုံသတ်ညွန်း
ကိုပင် ဂရုစိုက်၊ မမှားသင့်သည့်သတ်ပုံများကိုပင် ထပ်ခါထပ်ခါမှားသည်၊ ဥပမာ “ စောင့်လိုက်ပါ
မောင်”ဟု ရေးရမည့်ဟာကို “ ဆောင့်လိုက်ပါမောင်” ဟု ရေးသည်၊ ဤအမှားမျိုးသည် မည်သည့်
အနက်အဓိပ္ပါယ်ထွက်သွားကြောင်း စာဖတ်သူများအသိဖြစ်ပါသည်၊
သို့ရာတွင် ဆိုရှယ်ဆိုက်ဟူသည် အပြင်လောကတွင် ထုတ်ဝေနေသော ဂျာနယ် စာစောင် မဂ္ဂဇင်း
များကဲ့သို့ မဟုတ်သောကြောင့် ပြဿနာတော့ မရှိ၊ ဆိုက်က သတ်မှတ်ထားသောစည်းကမ်းနှင့်
ငြိစွန်းမှုမရှိလျှင် “ငါ ရေးချင်သလိုရေးမည်၊ ဖတ်ချင်သလိုဖတ်“ဟူသော စာပေမျိုးတို့သည်လည်း
ရှင်သန်ခွင့်ရှိသည်၊ ရှင်သန်နိုင်ရမည်သာ ဖြစ်သည်၊
တစ်ခုသတိချပ်ဖို့ ကောင်းသည်မှာ စာဖတ်သူများသည် လူညံ့များမဟုတ်ဆိုသောအချက်ပင်
ဖြစ်သည်၊ စာဖတ်သူအများစုသည် ကိုယ်တိုင်စာမရေးသော်လည်း စာရေးသူထက်ပင် အကောင်း
အဆိုး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း ပိုရှိတတ်ကြသည်၊ မိမိဖတ်သောစာသည် အရေးအသား
အားနည်းကောင်းနည်းမည်ဖြစ်သော်လည
ကြသည်၊ ကြိုးကြိုးစားစားရေးထားမှန်းသိလ
လိုလိုလားလား အားပေးတတ်ကြသည်၊ ထို့ပြင် စာဖတ်သူအပေါ်စေတနာထား မထား၊ လေးစားမှု
ရှိမရှိ စာဖတ်ကြည့်လိုက်ရုံမျှဖြင့်ပင် သိတတ်ကြသည်၊ စာရေးသူ၏တာဝန်သည်ကား မိမိစွမ်းနိုင်
သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစား၊ စာဖတ်သူများအပေါ် စေတနာထား၊ လေးစားပေးဖို့သာ
ဖြစ်သည်၊ ကျန်သောကိစ္စများကို စာဖတ်သူများကသာ အလိုလိုအဆုံးအဖြတ်ပြုသွားကြပါလိ
ဤစကားရပ်တို့သည် စာတစ်ပုဒ်ကို ကောင်းအောင် ဘယ်လိုရေးရမလဲဟူသော အထက်ပါအမေး၏
အဖြေပင်ဖြစ်ပါသည်၊ ယခု ဤဆောင်းပါးနှင့်ပတ်သက်၍ ထိခိုက်မိသူများရှိပါက ခွင့်လွတ်ပေးပါရန်
အနူးအညွတ်တောင်းပန်အပ်ပါသည်၊ တမင်တကာထိခိုက်မိအောင် ရည်ရွယ်ပြီးရေးခြင်းမဟုတ်
ကြောင်း အထူးပန်ကြားအပ်ပါသည်၊ စာဖတ်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်……။
နေ၀န်းနီ(မန္တလေး)
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment