ရန်ကုန်မြို့တော် အပါအဝင် နေပြည်တော်၊
ကျိုင်းတုံ၊ တောင်ငူ အစရှိသည့် မြို့ကြီးအချို့တွင် မေလ ၅ ရက်နေ့ ညနေ ၅
နာရီ ၄၀ မိနစ်ခန့်က အင်အား ရစ်ခ်ျစတာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲက ကြေညာချက် ထုတ်ပြန်သည်။
ယင်းအပြင် မန္တလေး၊ တာချီလိတ် အစရှိသော မြို့ကြီးတို့တွင်လည်း ငလျင်လှုပ်ခတ်သွားကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာထံမှ သိရှိရသည်။
အဆိုပါ
ငလျင်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း
ဖြစ်ပြီး အင်အား ရစ်ခ်ျစတာစကေး ၅ ဒသမ ၈ အဆင့် ရှိခြင်းကြောင့် ရန်ကုန်
အပါအဝင် မြို့ကြီးအချို့တွင်ပါ ငလျင်ဒဏ်ကို သိသာစွာ ခံစားလိုက်ရခြင်း
ဖြစ်ကြောင်း မြေငလျင်ဌာနခွဲ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“နှစ်မိနစ်လောက် ကြာအောင် တော်တော်လေးကို လှုပ်သွားတယ်။ ထိခိုက် ပျက်စီးတာတော့ မရှိပါဘူး” ဟု တာချီလိတ် မြို့ခံတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်
ငလျင်လှုပ်ခတ်မှုကို သိသာစွာ ခံစားရသော်လည်း မကွေးတိုင်းဒေသကြီးနှင့်
ဧရာဝတီတိုင်း ဒေသကြီးတို့တွင်မူ ငလျင်လှုပ်ခတ်ခဲ့ခြင်း မရှိကြောင်း အဆိုပါ
ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ငလျင်ကြီးများသည် စစ်ကိုင်း
ပြတ်ရွေ့ကြောပေါ်တွင် မြေပြင် ပြတ်ရွေ့ကြောများအရ ဒေသ အပိုင်းအခြားအလိုက်
လှုတ်ခတ်ခြင်းသာ ဖြစ်ပြီး ယခုအခါတွင် မြန်မာနိုင်ငံ ပြင်ပကို
ဗဟိုပြုခြင်းကြောင့် စိုးရိမ်ဖွယ် မရှိသော်လည်း သတိပြုရန် လိုကြောင်း
မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက သုံးသပ်
ပြောဆိုသည်။
“တာလေမှာ လှုပ်တဲ့ ပြတ်ရွေ့ကြီးနားက ပြတ်ရွေ့ကလေးတစ်ခု
လှုပ်သွားတာပါ။ ရွှေတြိဂံနယ်မြေ အနားမှာက အရှေ့မြောက် အနောက်တောင် နာရီလက်တံ
ပြောင်းပြန်အတိုင်း ရွေ့နေတဲ့ ပြတ်ရွေ့တွေ ရှိတယ်။ ဒါပေမဲ့ အခုဟာက
အန္တရာယ်ရှိမယ်လို့ မထင်ပါဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါ ငလျင်ကြောင့်
ထိုင်းနိုင်ငံတွင် လမ်းများ အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်သွားခဲ့ကြောင်း
နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။
၂၀၁၁ ခုနှစ်မတ်လ
၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့နယ်၊
တာလေမြို့နယ်ခွဲတွင် အင်အား ရစ်ခ်ျစတာစကေး ၆ ဒဿမ ၈ အဆင့်ရှိ အင်အား
ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်မှုကြောင့် ရွာပေါင်း ၉၀ နှင့် ပြည်သူပေါင်း
နှစ်သောင်းနီးပါး ငလျင်ဒဏ်သင့်ခဲ့ပြီး လူပေါင်း ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့
ဖြစ်ခဲ့ရသည်။
Sayar Chan IT Media Teams
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment