ဇန်န၀ါရီ ၉ ရက် သောကြာနေ့ထုတ် စံတော်ချိန်သတင်းစာ
မန္တလေး ဈေးချိုနာရီစင်ကြီးဟာ ဈေးချိုတော်ကြီးအတူတူဆောက်
လုပ်ခဲ့တာမဟုတ်ပါဘူး။ဈေးချိုတော်ကြီးကိုတော့ မြန်မာ့သက္ကရာဇ် ၁၂၆၅ ခုနှစ် ၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၀၃ ခုနှစ်မှာဆောက်လုပ်ခဲ့ပါတယ် ။ဈေးချိုတော်ကြီးကို "အုတ်ကာသွပ်မိုး" ဆိုပြီး မှတ်မှတ်ရရ သင်္ကေတပြုထားပါတယ်။သို့ေ ပမယ့် မန္တလေး လို့ပြောလိုက်လျှင်တချို့က ဈေးချိုတော်ကြီး နှင့် နာရီစင်ကိုတွဲ၍ပြေးမြင်မိသည် ။တချို့ကတော့ နန်းတော်ကြီးနဲ့ကျုံးမြို့ရိုး ၊ တချို့က မန္တလေးတောင်နှင့်မြွေကြီးနှစ်
ကောင် ၊ တချို့ကတော့ အတုမရှိကျောင် ၊ ရွှေကျောင်းကြီး
၊ကုသိုလ်တော် စသည်ဖြင့်တွဲ၍မြင်ကြ ပြောကြသည်။ဈေးချိုနာရီစင် ကြီးမှာ {၁၈}နှစ်သမီးကတည်းကဘုရင်မြ ဖစ်လာတဲ့ အင်္ဂလန် ဘုရင်မကြီး ဝိတိုရိယ ၏နန်းသက်နှစ်{၆၀}မြောက် စိန်ရတုသဘင်အထိမ်းအမှတ်ဖြင့်  အေဒီ {၁၉၀၉}တွင်တည်ဆောက်ခဲ့သည်။ အသက် {၈၂} မှာတော့ ဘုရင်မကြီး နတ်ရွာစံသွားပါတယ်။အဲဒီခေတ် တုန်းက နာရီကိုင်ဆောင်နိုင်တဲ့သူက အလွန်ရှားပါးတော့ နာရီစင်ကြီးဟာ ရွှေအမျှ အလွန်အဖိုးထိုက်တန်လှပါတယ်။ ဒီနာရီစင်ကြီးကို မြူနီစပယ်ကရပ်မသွားရအောင် ၊ မပျက်အောင်ထိန်းသိမ်းစော င့်ရှောက်ဂရုစိုက်ပါတယ်။ဒု တိယကမ္ဘာစစ်အတွင်း စစ်ဘေးဒဏ်မခံခဲ့ရဘဲမူရင်း အတိုင်းကြွင်းကျန်ရစ်သောမူ လလက်ဟောင်နာရီစင်ကြီးဖြစ် သည်။
ထိုမူလလက်ဟောင်း မန္တလေးမြို့ရဲ့ကျက်သရေဆောင် ဈေးချိုနာရီစင်ကြီးမှ နာရီအသစ်လည်းလည်လိုက်ပါတယ် ။မူလ အင်္ဂလန်နာရီကြီးကိုတော့ {၁၉၈၅}ခုနှစ်တွင် SEIKO{ဂျပန်}နာရီကြီးဖြင့်လည်
းလည်ခဲ့ပါတယ်။ထိုဂျပန် SEIKO နာရီကြီးကိုသက်တမ်းအားဖြင့် ၂၉
နှစ်ကြာသုံးစွဲခဲ့ပြီး နောက်ပိုင်း နှစ်များတွင်
သဘာဘေးဒဏ်ကြောင့်သော်လည်းကောင်း ၊ ခို ငှက်များကြောင့်သော်လည်း ကောင်း ၊ သက်တမ်းအရသော်လည်းကောင်း နာရီတစ်လုံး နဲ့တစ်လုံးမှာပြိုင်ဆိုင်လာ ကြသည်
။အရှေ့ဘက်ကနာရီက 6 နာရီဆိုရင် အနောက်ဘက်ကနာရီက 7 နာရီမတ်တင်း
တောင်ဘက်ကနာရီက 8 နာရီ 15 မိနစ် မြောက်ဘက်ကနာရီက 9 နာရီမတ်တင်း
စသည့်ဖြင့်မာနများထားလာမှုေ ကြာင့် M.C.D.C {မန်းစည်ပင်}မှနာရီအသစ်လည်းဖို့အတွက် ၂၀၁၄ နိုဝင်ဘာလတွင် စီစဉ်ခဲ့ပြီး ဒီဇင်ဘာလ အလယ်မှာဆောင်ရွက်ပြီးစီးခဲ့ ပါတယ်။နာရီအချင်းမှာ ၃ ပေရှိသဖြင့်ပြင်ပဈေးကွက် တွင်ထိုနာရီမျိုးကိုဝယ်ယူ၍ မရသဖြင့် ပြည်တွင်း Electronic ပညာရှင်ဦးရဲဝင်းက နိုင်ငံခြားမှ လိုအပ်သည့်ပစ္စည်းများဝယ်ယူ ခဲ့သည်
။နာရီအသစ်တွင် နာရီစက်ကိရိယာအပိုင်းများ ၊
လျှပ်စစ်ပိုင်းဆိုင်ရာများ ၊ အသံပိုင်းဆိုင်ရာတို့ဖြင့်
နာရီအသစ်ကိုထုတ်လုပ်တပ်ဆင် ခဲ့သည်။ထိုနာရီအသစ်တွင် Battery Back Up System ပါဝင်မှုကြောင့်မီးပျက်လျှင် လည်း နာရီမှာရပ်မနေဘဲ ဆက်လက်လည်ပတ်နိုင်ပေမည်။ ယခုနာရီအသစ်တွင် နာရီထိုးမောင်းစနစ်ကိုအသုံြး ပုထားသဖြင်
့တစ်နာရီတစ်ကြိမ် ထိုးမောင်း စနစ်ဖြင့် အသံမြည်နေမည်။သို့သော်
ည ၁၀ နာရီ မှ နံနက် ၄ နာရီအတွင်း အများပြည်သူ အနှောက်အယှက်
မဖြစ်စေရန်အတွက်နာရီထိုးေ မာင်းစနစ်ကိုအလိုအလျှောက်ပိ တ်ထားမည်ဖြစ်သည်။
ကျုံးမြို့ရိုးကြီး နဲ့ မန္တလေး ၊ ဦးပိန်ရဲ့ ရင်ခွင်ကိုခိုလှုံနေတဲ့ မန္တလေး ၊ ထိုမုန့် တွေ ပေါက်စီဖြစ်ကုန်တဲ့ မန္တလေး ၊ စက်ဘီးတွေ မော်တာတပ်ခံလိုက်ရတဲ့ မန္တလေး ၊ အမောပြေသောက်စရာ လမ်းဘေးရေချမ်းအိုးစဉ်လေး တွေ ပျောက်ကုန်တဲ့ မန္တလေး.... မန္တလေး.... မန္တလေး..... မန္တလေး ။ဟုတ်ပါတယ်....အခုဆိုရင် နာရီစင်ကြီးအောက်မှာ အချိန်မမှန်ဖြစ်နေတဲ့မန္တေ လး အချိန်မှန်သွားပါပြီ.....။ ။
ထိုမူလလက်ဟောင်း မန္တလေးမြို့ရဲ့ကျက်သရေဆောင်
ကျုံးမြို့ရိုးကြီး နဲ့ မန္တလေး ၊ ဦးပိန်ရဲ့ ရင်ခွင်ကိုခိုလှုံနေတဲ့ မန္တလေး ၊ ထိုမုန့် တွေ ပေါက်စီဖြစ်ကုန်တဲ့ မန္တလေး ၊ စက်ဘီးတွေ မော်တာတပ်ခံလိုက်ရတဲ့ မန္တလေး ၊ အမောပြေသောက်စရာ လမ်းဘေးရေချမ်းအိုးစဉ်လေး
ချမ်းမြ
0 comments:
Post a Comment