Related Posts Plugin for WordPress, Blogger...

Saturday, July 13, 2013

မန္တလေးတွင် ညပိုင်းယာဉ်စည်းကမ်းဖောက်ဖျက်ပါက တစ်ညတာအချုပ် ချခံရမည်


မန္တလေးမြို့တွင် ညပိုင်းယာဉ်မောင်းများ ယာဉ်စည်းကမ်း ဖောက် ဖျက်မောင်းနှင်ပါက တစ်ညတာဖမ်းဆီး အချုပ်ချကာ အရေးယူသွား ရန် ညွှန်ကြားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီးကျော်ဆန်းကပြောသည်။

“အခုပညာပေးကာလကုန်သွားပြီ။ စည်းကမ်းမဲ့ ဆိုင်ကယ်မောင်းသူတွေကို စစ်ဆေးအရေးယူနေတယ်။ တိုင်းဒေသကြီးတစ်ခုလုံးကိုလည်း ယာဉ်စည်း ကမ်းဖောက်ဖျက်မှုအတွက် နေ့စဉ်တာဝန်တစ်ခုသတ်မှတ်ပြီး အရေးယူမှုတွေ လုပ်ဆောင်နေတာတောင် အခုဆိုညပိုင်းတွေမှာ ပိုပြီးဖြစ်နေလို့ စစ်ဆေး အရေးယူမှုတွေလုပ်နေတယ်” ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကပြောသည်။

အရေးယူမှုအများဆုံးသည် ဆိုင်ကယ်စီးသူများဖြစ်ပြီး အများစုသည် ဆိုင်ကယ်စီးဦးထုတ် မဆောင်းခြင်း၊ စတန့်ထွင်မောင်းခြင်းများကို အရေးယူနေရကြောင်းသိရသည်။

ယာဉ်စည်းကမ်းလိုက်နာရန် ယခုနှစ်နှစ်ဦးပိုင်းမှ စတင်ကာ ပညာပေး လမ်းညွှန်မှုများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ မန္တလေးမြို့ရှိ မီးပွိုင့်များတွင် အသံချဲ့စက်များဖွင့်ကာ ပညာပေးသီချင်း ဖွင့်ခြင်းများဆောင်ရွက်သော်လည်း စည်းကမ်းလိုက်နာမှု မရှိကြသေးကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦး က ပြောသည်။

ယာဉ်စည်းကမ်း ဖောက်ဖျက်သူများကို အရေးယူမှုများလုပ်နေပြီး ဒဏ်ကြေးငွေ ကျပ်သုံးသောင်းမှ တစ်သိန်းအထိ ဒဏ်ရိုက်နေကြောင်း လည်းသိရသည်။

ထို့အပြင် မန္တလေးတိုင်း၌ ယာဉ်တိုက်မှုကြောင့် ယခုနှစ်ဇန်န၀ါရီလမှ ဇွန်လခြောက်လအတွင်း သေဆုံးသူ ၃၀၀ကျော်ရှိသည်။ ယာဉ် တိုက်မှုစုစုပေါင်းမှာ ၈၉၂ မှုဖြစ်ပွားခဲ့ပြီး တစ်လပျမ်းမျှ ၅၅ ဦးနှုန်းသေ ဆုံးနေကြောင်းလည်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရသိရသည်။ 
Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U