Related Posts Plugin for WordPress, Blogger...

Friday, July 12, 2013

ကျူးကျော်ဆိုင်များ ရှင်းလင်းမှု လေးရက်အတွင်း ဒဏ်ငွေသိန်း ၄၀ ခန့် ရဟုဆို

ကျူးကျော်ဆိုင်များ ရှင်းလင်းမှု လေးရက်အတွင်း ဒဏ်ငွေသိန်း ၄၀ ခန့် ရဟုဆို

မန္တလေး၊ ဇူလိုင် ၁၁

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ် ဖြစ်သည့် ၈၁ လမ်း၊ ၈၂ လမ်း၊ ၈၃ လမ်းနှင့် ၈၄ လမ်းပေါ်ရှိ ကျူးကျော်ဆိုင်ခန်း များကို ဇူလိုင်လ ၄ ရက်နေ့မှ စတင်ဖယ်ရှား ရှင်းလင်းရာ ဇူလိုင် ၄ ရက်၊ ၅ ရက်နှင့် ဇူလိုင် လ ၉ ရက်၊ ၁၀ ရက်အထိ လေးရက်အတွင်း ယင်းကျူးကျော်ဆိုင် များမှ ဒဏ်ကြေးငွေ ကျပ်သိန်း ၄ဝ ခန့်ရရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေး ဌာနတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ လေးရက်အတွင်း ကျူးကျော် ဆိုင်ခန်းရှင်ပေါင်း ၁၄၂ ဦးကို ဒဏ်ငွေရိုက် အရေးယူထားပြီး ဆက်လက်ရှင်းလင်းမည့် လမ်းကြောင်းကိုမူ မပြောနိုင်သေးကြောင်း၊ တိုင်ကြားလာသူ ရှိပါက တိုင်ကြားခံရသည့် ဆိုင်ခန်းများကို ရှင်းလင်းအရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားသည်။
"အဲဒီလမ်းတွေကို ရှင်းလင်းတာက တိုင်ကြားသူရှိတာရယ်။ အဲဒီလမ်းပေါ်မှာ လမ်းသွားလမ်းလာတွေ အနှောင့်အယှက် ဖြစ်အောင် ဆိုင်ခန်းခင်းကျင်း ထားတာကြောင့်ပါ။ ပစ္စည်းတွေကို လမ်းပေါ်မှာ ခင်းတုန်းက ခင်းတယ်။ စည်ပင်ကဖမ်းပြီဆိုတော့မှ သနားပါဆိုပြီး တောင်းပန်တယ်။ အဲဒီတော့ ဘယ်လိုလုပ်ရမလဲ။ အခုဒဏ်ငွေရိုက်ထား တဲ့ဆိုင်တွေကို နောက်တစ်ခါ အဲဒီလိုပဲပြန် ခင်းထားရင် ပြန်ဖမ်းမှာပဲ" ဟု ၄င်းက ဆိုသည်။

ရှင်းလင်းဖယ်ရှားခံရသည့် ဆိုင်ပိုင်ရှင်များက ပေးဆောင်ရသည့် ဒဏ်ငွေများ ကို မြို့တော်စည်ပင်သာယာရေး ကော်မတီ အနေနှင့် ဘဏ်သို့ အမှန်တကယ် ပေးသွင်း ခြင်း ရှိ မရှိကို သိရှိလိုပါက ယင်းဆိုင်ပိုင်ရှင် များသည် စည်ပင်သန့်ရှင်းရေးဌာနတွင် ပြေစာနှင့်တကွ လာရောက်ကြည့်ရှုနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

"လာစစ်ဆေးတာတွေ ဦးတို့ ဘက်ကိုတော့ မလာသေးဘူး။ ဒါပေမဲ့ ဦးတို့လမ်း မှာတော့ လမ်းပေါ်မှာပစ္စည်းတွေ ခင်းကျင်းထားတာ မျိုးတော့ မရှိပါဘူး" ဟု လမ်း၃၀၊ ၈၄x၈၅လမ်းကြားရှိ ငွေကံ့ကော်သစ်သီး ပွဲရုံလုပ်ငန်းရှင် ဦးကိုကိုထွေးက ဆိုသည်။

Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U