Related Posts Plugin for WordPress, Blogger...

Friday, July 12, 2013

"မြန်မာပြည်တွင်းတွင် အသုံးပြုရန်အတွက် ရောင်းချခွင့်ပြုသည် "



ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စဉ်းစားနေမိတာတော့ တော်တော်ကြာပါပြီ ၊ တစ်နေ့က ယာဉ်စည်းကမ်းပညာပေးအတွက်
၆၂-၃၅ လမ်းဆုံမီးပွိုင့်မှာဖွင့်ထားတဲ့ "မိဘပြည်သူများအနေဖြင့် မိမိအသက်အန္တရာယ် မထိခိုက်စေရန်အတွက် လုံခြုံစိတ်ချရတဲ့ ဆိုင်ကယ်စီးဦးထုပ်များကိုသာဝယ်ယူပြီး ဆောင်းကြပါရန်" ဆိုပြီး ကြော်ငြာနေသံကို ကြားလိုက်ရပါတယ် ။
ပြည်သူတွေက စိတ်ချရလား မချရလားကို ဘယ်လိုစံနဲ့ ရွေးချယ်ရမှာလဲ ?
မြန်မာနိုင်ငံထဲမှာ ရောင်းချနေတဲ့ ဆိုင်ကယ်စီး ဦးထုပ်တွေအားလုံးဟာ ထိခိုက်မှုကို ကာကွယ်မပေးနိုင်ဘူးလား?
ထိခိုက်မှုကာကွယ်မပေးနိုင်တဲ့ ဦးထုပ်တွေကို ဘာလို့ ရောင်းချခွင့် ပေးနေရတာလဲ ?
ဈေးကွက်ထဲမှာ ဝင်ရောက်နေတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးတွေကို မစစ်ဆေးဘူးလား ?
ပြောချင်တာကတော့QC လို့ခေါ်တဲ့ Quality Control အကြောင်းပါ ။ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံကြီးတွေဟာ သူတို့နိုင်ငံထဲမှာ ရောင်းချလို့မရတဲ့ ပစ္စည်းတွေကို ကျနော်တို့နိုင်ငံကိုတင်ပို့နေကြပါတယ် ၊ ကုန်သည်တချို့ကလဲ အရည်အသွေးကို ဂရုမစိုက်နိုင်တော့ပဲ ဈေးကွက်တောင်းဆိုမှုအရ Quality လျှော့ထားတဲ့ပစ္စည်းတွေကို သွင်းနေကြတာ တော်တော်များနေပါပြီ ။ Techspace journal မှာတစ်ခုထပ်ပြီးဖတ်လိုက်ရတာက အခုမြန်မာနိုင်ငံ ဈေးကွက်ထဲမှာ ဝင်ရောက်လာတဲ့ တန်ဖိုးနည်းဖုန်းတွေဟာ SAR လို့ခေါ်တဲ့ specific absorption rate အရမ်းမြင့်နေပါတယ်တဲ့ ၊ SAR မြင့်တဲ့အတွက် ဦးနှောက်ကင်ဆာဖြစ်ဖို့ကလဲ အတော်အခွင့်အရေးများပါသတဲ့ ၊ ဒီတန်ဖိုးနည်းဖုန်းတွေကို ဥရောပနိုင်ငံတွေမှာဆိုရင် တင်သွင်းခွင့် ရမှာ မဟုတ်ပါဘူး ၊ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ အရည်အသွေးကို စီစစ်ပြီးမှ တင်သွင်းခွင့်ပြုတဲ့ ဥပဒေ ရှိလို့ပါ ၊ CE အမှတ်အသား ( certificate in europa ) မပါရင် ဥရောပနိုင်ငံတွေမှာ ရောင်းချလို့မရပါ ၊ အလားတူ တခြားသော ဖွံ့ဖြိုးပြီးနိုင်ငံတိုင်းမှာ အဲလို rules တွေရှိကြပါတယ် ၊အရှေ့တောင်အာရှနိုင်ငံတွေမှာလဲ ရှိပါတယ် ၊မြန်မာနိုင်ငံအပါအဝင် တတိယကမ္ဘာ့နိုင်ငံတချို့မှာသာ အားနည်းတာပါ ၊ ထိန်းချုပ်မှုမရှိတဲ့ အရည်အသွေးနိမ့် ပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကလဲ အများကြီးပါပဲ ၊ ဥပမာပြောရရင် အရည်အသွေးမမှီတဲ့ ဝါယာကြိုးတွေ ၊ အော်တိုချုပ်တွေ ၊မီးအားမြှင့်စက်တွေ တခြားသောလျှပ်စစ်ပစ္စည်းတွေ. ကြောင့် ဝါယာရှော့ဖြစ်ပြီး မီးလောင်တာတွေ ၊ ဘေးဥပါဒ် ရှိမရှိ စစ်ဆေးထားခြင်းမရှိတဲ့ စားသောက်ကုန်တွေကြောင့် ကျန်းမာရေးကို ထိခိုက်တာတွေ ၊ ခြင်ဆေးခွေ ၊ ဓါတ်မြေသြဇာ ၊ဆိုးဆေး ၊စသဖြင့် ဘေးထွက်ဆိုးကျိုးတွေ အများကြီးပါပဲ ၊ စဉ်းစားကြည့်ရင် တော်တော်လေးကို အန္တရာယ် များပါတယ် ၊ တခြား တခြားသော ကျနော်တို့ လက်လှမ်းမမှီတဲ့ အပိုင်းတွေမှာလဲ စိမ့်ဝင်ပြီး ပြန့်နှံ့နေပါပြီ ၊ ဒါတွေကို ထိန်းချုပ်ဖို့က အရည်အသွေး စီစစ် စစ်ဆေးရေး ကိုထိထိရောက်ရောက် လုပ် ၊ ပြည်သူတွေကို ပညာပေးပြီးတော့ ဥပဒေနဲ့ ထိန်းချုပ်နိုင်မှ သက်သာရာရတော့မှာဖြစ်ပါတယ် ၊ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေလဲ ဆက်လက်ပြီးဆွေးနွေးပေးဖို့ တောင်းဆိုပါတယ် ၊ "မြန်မာပြည်တွင်းတွင်ရောင်းချခွင့်ပြုလိုက်သည် ဆိုတဲ့ စာတမ်းလေးပါတဲ့ ပစ္စည်းတွေကိုပဲ ကျနော်တို့သုံးချင်ပါတယ်။
 
Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U