Related Posts Plugin for WordPress, Blogger...

Thursday, July 18, 2013

ဖိတ်စာဗျို့ ........(၁၉ )ဇူလိုင် အာဇာနည် ခေါင်းဆောင်များအား အောက်မေ့တမ်းတဂုဏ်ပြု အလေးပြုကျပါစို့ ။


(၁၉.၇.၁၃) ရက်နေ့တွင် ကျရောက်သော (၆၆) နှစ်မြောက် အာဇာနည်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ အား မန္တလေး မြို့ မိ မြို့ ဖ များနှင့် ပြည်သူများ စုပေါင်း ပြီး ၍ အောက်မေ့ တမ်းတ ဂုဏ်ပြု ဦးညွှတ်အလေးပြုမည် ဖြစ်ပါသဖြင့် ဂုဏ်ပြု အလေးပြုလိုသူ မည်သူမဆို ပါဝင်နိုင်ရန်အတွက်
၆၂ လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ရှိရာ နေရာ (မနေရမ္မံ ဥယျာဉ် အနီး ) သို့  တက်ရောက်ဂုဏ်ပြုနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

နေရက် ။ ။ (၁၉.၇.၂၀၁၃) အချိန် ၊ နံနက် (၁၀) နာရီ

တည်နေရာ။ ။၆၂ လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ရှိရာနေရာ (မနေရမ္မံ ဥယျာဉ် အနီး)

အစီအစဉ် ။ ။

၁။ မနက် (၁၀) နာရီတွင် အာဇာနည် သူရဲကောင်းများအား ချစ်မြတ်နိုးသူများ စုစည်းခြင်း

၂။ မနက် ( ၁၀.၃၀) မိနစ်တွင် ၆၂ လမ်း၊ ပလက်ဖောင်း ထက်တွင် နေရာယူ တန်းစီခြင်း

၃။ မနက် ( ၁၀.၃၇) မိနစ် တွင် အလေးပြု ဂုဏ်ပြုခြင်း

၎။ လွမ်းသူပန်းခွေများအား ဗိုလ်ချုပ်ကြေးရုပ်ရှေ့ သို့ သွားရောက် ဂါရ၀ပြု ပို့ သခြင်း

၅။ လူစုလူဝေး ခွဲခြင်း

အထက်ပါ အစီအစဉ်အတိုင်း ဆောင်ရွက်ခြင်းအား ပြည်သူ များနှင့် သက်ဆိုင်ရာလူကြိးမင်းများမှတရားဝင်ပူးပေါင်းကူညီဆောင်ရွက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်
 
Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U