Related Posts Plugin for WordPress, Blogger...

Thursday, July 18, 2013

ခွန်းဆင့် Facebook ကို ဘယ်သူတွေ ဖောက်သွားသလဲ



တိုက်ကွမ်ဒိုကို ကျွမ်းကျွမ်းကျင်ကျင် သင်ယူလေ့ကျင့်ခဲ့တယ်ဆိုတဲ့ သရုပ်ဆောင်၊ အဆိုတော် ခွန်းဆင့်နေခြည်က သူ လတ်တလော ရင်ဆိုင်နေရတဲ့ ရန်သူရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်ဖို့ အခက်တွေ့နေပါတယ်။

ဘာကြောင့်လဲ ဆိုတော့ .... သူ့ရန်သူက ဟက်ကာ ဖြစ်နေလို့ပါပဲ။

ခွန်းဆင့်က သူ့ရဲ့ Facebook အကောင့် တပါးသူလက်ရောက်သွားရခြင်းနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ

"၂၄-၆-၂၀၁၃ နေ့လယ် ၁၁ နာရီလောက်က ဟက်ခံလိုက်ရပါတယ်" လို့ အဆိုတော်မင်းသမီးက ပြောပါတယ်။

အင်တာနက်သုံးရာမှာ သူ့ဆီကိုရောက်လာတဲ့ လင့်တခုကို ကလစ်လိုက်တယ်၊ password တောင်းလို့ ရိုက်ထည့်လိုက်တယ် လို့ ခွန်းဆင့်က သူ့ Facebook အကောင့် ဖောက်ထွင်းခံရပုံကို ရှင်းပြပါတယ်။

လေးနှစ်ကျော်ကျော် သုံးခဲ့တာ ဘာမှမဖြစ်ခဲ့တဲ့ သူ့Facebook ကို တိုက်ခိုက် ခိုးယူသူဟာ ဘယ်သူလဲ ဆိုတာ ခုချိန်ထိ မသိရသေးပါဘူး။

ခွန်းဆင့်နေခြည်က မယ်ပြိုင်ပွဲများစွာကို ဝင်ရောက် ယှဉ်ပြိုင်ပြီး ပြိုင်ပွဲတချို့မှာ အောင်ပွဲခံခဲ့ရာကနေ ဂီတ၊ ဗီဒီယို လောကထဲ ရောက်လာသူပါ။

မကြာသေးခင်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ သရဲကား ဖြစ်ပြီး အမည်က မိုင်တိုင် ၂၆ ဖြစ်ပါတယ်။
ဒီအကြောင်း ဧရာဝတီ http://burma.irrawaddy.org/archives/43622 မှာ ဖတ်ရှုနိုင်ပါတယ်။

ဂမ္ဘီရ ဆန်ဆန် ဇာတ်ကားတွေ၊ ဝိညာဉ် ဇာတ်မျိုးတွေရိုက်လို့ သရုပ်ဆောင်လို့ သူ့Facebook ကို ဟက်တာများလား။
ဒီလိုလည်း ဟုတ်ပုံမရပါဘူး။

ပရလောကသားတွေအတွက် အမြဲတမ်း အလှူအတန်း လုပ်ပေးတယ်လို့ ခွန်းဆင့်က ပြောခဲ့ဖူးပါတယ်။

ဒါကြောင့် သူ့ Facebook ကို ဟက်သူ(တွေ)ဟာ ပရလောကသားတွေ မဟုတ်ဘူးလို့ ယူဆရပါတယ်။

ဒီညနေပိုင်း ရန်ကုန်မြို့မှာ သတင်းသမားတွေနဲ့ တွေ့နေတဲ့ ခွန်းဆင့်နေခြည် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U