Related Posts Plugin for WordPress, Blogger...

Thursday, July 18, 2013

မိသားစုစုံညီ ဗိုလ်ချုပ်ပြတိုက်ဆီ


မိသားစုစုံညီ ဗိုလ်ချုပ်ပြတိုက်ဆီ ‘အာဇာနည်နေ့’ အား မြန်မာတစ်မျိုး သားလုံး၏ အသည်းစိုင်ကို စွဲကိုင်လှုပ်သည့်နေ့ ဟု ညွှန်းဆိုပြောရင် မှားမည်မထင်။ အာဇာနည်နေ့နှင့် ဗိုလ်ချုပ်ကျေးဇူး ထိုနေ့သို့ရောက်တိုင်း ဗိုလ်ချုပ်ကို ချစ် ခင်လေးစားသူ မိဘတိုင်းက သားသမီး၊ ရင် သွေးများကို အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာ နည်များ ၏ ကျေးဇူးကိုသိရှိနားလည်စေရန် အာဇာနည် ဂူဗိမာန်သို့လည်းကောင်း၊ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ် ကြေးရုပ် နှင့် ဗိုလ်ချုပ်ပြတိုက်များဆီသို့ လည်းကောင်းပို့ ဆောင်ပေးလေ့ ရှိကြ၏။ ”အာဇာ နည်နေ့ ဆိုတာ တိုင်းပြည် တစ်ပြည်လုံး အတွက် အ သက်ပေးစတေး သွားတဲ့ အာ ဇာနည်တွေကျ ဆုံးသွားတဲ့နေ့ ဆိုတာ ဒီနိုင်ငံ မှာေ နသ၍နေ တဲ့သူတိုင်းမြန်မာ ပြည်သားမဟုတ် တာတောင်ဒီလို နေ့မျိုးကိုအလေးအမြတ်ထားရမယ်။ အဲဒီနေ့ကိုဘာလို့သတိရသင့်လဲဆိုတာဒီနေ့ ကိုယ် တိုင်းပြည်မှာ ကိုယ့် မိသားစုနဲ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ လွတ်လပ်စွာ၊အေး ချမ်းစွာနေနိုင်တာသူတို့တွေရဲ့ကျေးဇူးကြောင့် အဲဒီကျေးဇူးတရားကမြန်မာပြည်သူပြည်သား တိုင်းရဲ့အသည်းနှလုံးထဲမှာကမ္ပည်းတင်ထား ရမယ့်ကိစ္စပဲ၊မေ့ပျောက်လို့ရမယ့်ကိစ္စ၊ ဖျောက် ဖျက်လို့ရမယ့်ကိစ္စမဟုတ်ဘူး။ ဒီအမွေကို လက်ဆင့်ကမ်းသယ်ဆောင်သွား ရမယ့်တာဝန် ရှိတယ်။ကိုယ်ကနေကိုယ့် သားသမီး သူတို့ ကနေတစ်ဆင့် သယ်ဆောင်သွားရမယ့်သမိုင်းဝင်နေ့ထူးနေ့မြတ်တစ်ခုပေါ့”ဟု သရုပ်ဆောင်၊ ဒါရိုက်တာထပ် ဆင့် အကယ်ဒမီလူမင်းက ပေါ်ပြူလာဂျာနယ် ၏ အာဇာနည်နေ့အမှတ်တရ ဗိုလ်ချုပ် ပြတိုက်သို့ မိသားစုနှင့်အသွား သား သမီးများထံ အာဇာနည် ခေါင်းဆောင် များ၏ေ ကျးဇူးကို သိရှိစေရန်သမိုင်းပေး တာဝန်တစ်ရပ်အနေနှင့်လက်ဆင့်ကမ်း အမွေပေးသင့်ကြောင်းဆိုပါသည်။ ဗိုလ်ချုပ်ကြေးရုပ်နှင့် ဗိုလ်ချုပ်ပြတိုက် ဗိုလ်ချုပ်ပြတိုက်သို့သွားရာ ကန်တော်ကြီးပတ်လမ်းပေါ်က ဗိုလ်ချုပ်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင် ဆန်း၏ ကြေးရုပ်တုကြီး ကအနာဂတ် သားကောင်းရတနာများကို တိုင်းပြည် နှင့်လူမျိုးအတွက် မျိုးချစ်စိတ်ထက် သန်စွာ ကြိုးစားနေထိုင်ကြဖို့ မှာကြားနေသယောင်။ဗိုလ်ချုပ်ကြေးရုပ် ဆီသို့ ကိုလူမင်းတို့မိသားစု ရောက်ရှိ သွားချိန် ‘ဒါ.. ဗိုလ်ချုပ်မဟုတ် လား .. ဖေဖေ၊ မေမေ’ဟု စိတ်ဝင် စားစွာတုံ့လှည့်မေးရင်းဗိုလ်ချုပ် ကြေးရုပ်ကို စူးစိုက်ကြည့်နေကြသည့် ကလေးငယ်နှစ်ဦးအတွက် မြင်ရသူများပါ ပီတိအဟုန်လွှမ်းခြုံစေခဲ့သည်။ နတ်မောက်လမ်းရှိအဆိုပါဗိုလ်ချုပ် ပန်း ခြံနှင့်မျက်နှာချင်းဆိုင်လမ်းမှချိုးဝင်ပြီး ဗိုလ်ချုပ် ပြတိုက်ဆီသို့ရှေ့ရှုလိုက်လျှင်ပင် အမျိုးသားခေါ င်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ စိတ်ဓာတ်ခွန်အားတွေ ရရှိသွားသကဲ့သို့ ခံစားရမိသည်ကတော့ထူးခြားသည်ဟု ဆိုရမည်။မြန်မာလူမျိုးမိဘတိုင်းသည် သားသမီး များကို နယ်ပယ်အသီးသီးက စံပြပုဂ္ဂိုလ် များအကြောင်း လေးစားအတု ယူစရာအဖြစ် ပြောဆိုပေးသကဲ့သို့ မြန်မာလူမျိုးတို့၏ လေးစားဂုဏ်ယူစရာ၊ အမှတ်ရစရာနေရာ များကိုလည်း ကိုယ်တိုင်လိုက်လံပို့ဆောင်ကာရှင်းလင်းပြောကြားသည့် မိဘကောင်းတို့၏ တာဝန်တစ်ရပ်ကို ယခုအခါ မြန်မာ့ရုပ်ရှင် သရုပ်ဆောင်လူမင်းနှင့်ဇနီးသည် ခင်စံပယ်ဦး တို့က ကျေပွန်စွာထမ်းဆောင်ကာ အာဇာနည် နေ့ကဲ့သို့ သမိုင်းဝင်နေ့ထူးနေ့ မြတ်ကို နေ့စဉ်မပြတ် အမှတ်ရ သိရှိနေစေရန် မိဘတိုင်းက ရင်သွေးရတနာများ ကိုလက် ဆင့်ကမ်း အမွေပေးစေလို သည့်အကြောင်းကိုလည်း လူမင်းကဆိုသည်။ ကိုယ်စီမိသားစုအလိုက် ကိုယ့်အသိစိတ်ဓာတ်နဲ့ လုပ်သွား တာကတစ်ကြောင်း ၊ နိုင် ငံတော် အနေ နဲ့လည်း ဒီနေ့ထူးနေ့မြတ်ကို နိုင်ငံနဲ့ အဝန်းအမျိုးသားစိတ်ဓာတ်တက်ကြွစရာကို ဒီထက်ပိုပြီး ကျယ်ကျယ် ပြန့်ပြန့်ကျင်းပသင့်တယ်လို့ထင်တယ်။ ကျွန်တော့်အိမ်မှာ ဟိုးအရင် ကတည်း က ဗိုလ်ချုပ်အောင်ဆန်းပုံ အကြီးကြီးချိတ်ထားတယ်။ သမီးသိ တတ်တဲ့အရွယ်ကတည်းက သိ အောင်ပြောပြထားတယ်။ ပြောပြ ထားတော့ သမီးဆို ဗိုလ်ချုပ် ပုံကိုမြင် ရင် အမြဲ အလေးပြု တယ်။ သားက တော့ငယ်သေးတော့ ဗိုလ်ချုပ်ဆိုတာပဲ သိတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဒေါ်အောင် ဆန်းစုကြည်ရဲ့အဖေ လို့သူကောင်းကောင်းသိတယ်။ ပြောပြထားရတာပေါ့”ဟု လည်းကိုလူမင်းက သားဖြစ်သူ၊ သမီးဖြစ်သူ ဧရာဝတီ လူမင်းနှင့် ဧဝရက်လူမင်းတို့နှစ်ဦး စလုံးဗိုလ်ချုပ်အောင်ဆန်းကိုရင်းနှီးကျွမ်း ဝင်နေပုံကိုအားပါးတရဖွင့်ဟ၏။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး ”ဗိုလ်ချုပ်အောင်ဆန်း ဆို တာက ဘယ်လိုပုဂ္ဂိုလ်ကြီးဆိုတာ ကလေးတွေ နားလည်အောင် ကိုယ့်အဖေ၊ အမေတွေလိုပဲကိုယ့်ရဲ့ ကျေးဇူးရှင်၊ ရှိခိုးဦးချ ကန်တော့ရ မယ်လို့ အဲဒီလောက်ထိ ကလေးတွေကိုပြောပြ ထားတာ။ အာဇာနည် နေ့ဆိုတာကိုတော့ ကလေးတွေကို ပြောပြဖို့အတွက် ၄နှစ် အရွယ်ဆိုတော့ ငယ်သေးတယ်လေ။ သူတို့ စိတ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကို သိအောင် ပဲ ပြောပြရသေးတယ်။ ကိုယ့်တိုင်းပြည် ကမ္ဘာ့ အလယ်မှာ မြန်မာနိုင်ငံဆိုပြီး မြန်မာလူမျိုး တိုင်းရင်းသားတွေ လွတ်လပ်ခွင့် ပိုင်ဆိုင်ခွင့်ရအောင်ကြိုး စားခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်တွေကျဆုံးခဲ့တဲ့နေ့ဆိုတာ မြန်မာပြည်သူပြည်သားမှ မဟုတ်ဘူး။ ဒီမြေ ပေါ်ကို ခြေချတဲ့သူတိုင်း သိနေရမယ့်၊ အလေးအမြတ်ထားနေရမယ့် နေ့တစ် နေ့လိုပြောချင်တယ်” ဟုလည်း ကိုလူမင်းက ဆိုသည်။ယခုနှစ် အာဇာနည်နေ့မတိုင်မီ ဗိုလ် ချုပ်ကြေးရုပ်နှင့် ဗိုလ်ချုပ်ပြတိုက်အား တစ်ခဲ နက်လာရောက် ကြည့်ရှုခံစားနိုင်ရန်အတွက် အားတက် သရောမွမ်းမံ ပြင်ဆင်နေကြ သည် ကိုတွေ့မြင်ခဲ့ရသည်။ ဗိုလ်ချုပ်ပြတိုက်သည် အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့အပြင် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှာလည်း ပြတိုက် ပိတ်ပြီး ကျန်နေ့ရက်များတွင် မနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိဖွင့်လှစ်ထား သည်။နှစ်စဉ် အာဇာနည်နေ့ ကျရောက်တိုင်း လာ ရောက်ကြည့်ရှုကြသည့် မိသားစုဝင်ပြည်သူ များကိုဝင်ကြေးအခမဲ့ဖြစ်ပြီး ကြားရက်ပြတိုက် ဖွင့်ချိန်တိုင်းမှာ လူကြီး ကျပ် ၃ဝဝ၊ ကလေး ကျပ် ၁ဝဝ နှုန်း ဝင်ကြေး ပေးဆောင်ရန်သတ်မှတ်ထားသည်။ မေမွန်မောင် ဓာတ်ပုံ-အောင်ဇော်မင်း၊ အိသွဲ့(တန့်ယန်း) ( ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် အနုပညာရှင်များ၏ အာဇာနည်နေ့ အမှတ်တရများကို အာဇာနည်နေ့အထိမ်းအမှတ်ဖြစ် ပရိသတ်များအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည် ။ 

Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U