Related Posts Plugin for WordPress, Blogger...

Sunday, July 28, 2013

ဝက်ဆေးစားမိသော အဝလွန်သူ အကူအညီများလိုအပ်လျက်ရှိ


ကချင်ပြည်နယ်၊ မိုးညှင်းမြိ့နယ် ရွာသစ်ကုန်းကျေးရှာရှိ ဒေါ်ခင်ရှိန်သည် အပြင်ဆေး ခန်းမှ ဆရာဝန်ကျွေးသော ဝက်ဆေးအား စားမိရာမှ အဝလွန်ရော ဂါ ဖြစ်နေသောကြောင့် ဆေးကုသရန်အတွက်မန္တလေးမြို့ ဗြဟ္မစိုလ်လူ မှုကူ ညီရေး အသင်း၏ အကူအညီဖြင့် မန္တလေးဆေးရုံကြီးတွင် ဆေးကုသရန် ယနေ့တွင် မိုးညှင်းမြို့မှ စတင်ထွက်ခွာပြီဖြစ်ကြောင်း သိရသည်။

အစာအိမ်နဲ့ အဆုတ်မကောင်းလို့ အပြင်ဆေးခန်းးမှာ ဆေးကုဖူးတယ်။ အစာအိမ်ကျဉ်းလို့ဆိုပြီး ဆရာဝန်က ၀က်ကျွေးတဲ့ ဆေးကို ပေးတယ်။ အဲဒီဆေးသုံးတာ ဝက်ဆေးမှန်း ဆရာဝန်ရဲ့တပည့်ကပြောလို့
ရက်ပေါင်း၂၁ ရက်ကျမှ သိရတယ်။

ဆရာဝန်ကိုပြောတော့ ဖြေဆေးပြန်ထိုးပေးတယ်။ အဲ့ဒီကတည်းက တစ်ဖြည်းတစ်ဖြည်း ၀လာတော့တာဘဲ။ ဒီလိုဖြစ်တာကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး။

အခုလို ၀ိုင်းလို့ကူညီ ပေးကြတဲ့ အတွက် သက်ဆိုင်ရာ အားလုံး ကို ကျေးဇူးတင်ပါတယ်” ဟု ဒေါ်ခင်ရှိန်က ပြောသည်။
မိုးညှင်းမြို့ မှ မေတ္တာလေးညှင်းအဖွဲ့၏ အကူအညီဖြင့် ၎င်း၏နေအိမ်မှ မိုးညှင်းမြို့ ကြက်ခြေနီအသင်း၏ အကူအညီဖြင့် ဒေသခံများက ဘူတာသို့ ရောက်ရှိရန်ကူညီခဲ့ကြပြီးနောက် မိုးညှင်းဘူတာ ရုံပိုင်ကြီးနှင့်တကွ
မီးရထားမှ တာဝန်ရှိသူ အသီးသီးက ကူညီခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဒေါ်ခင်ချိုချိုဦးဆောင်သော မိုးညှင်းမြို့မဈေး မိသားစု မှ ဆေးကုသစားရိတ်အတွက် ငွေကျပ်ရှစ်သောင်းနှင့် စတီးတောင်ဝှေးတစ်ချောင်းအပြင်ဒေသခံများက အလှူငွေထည့် ဝင်ကြရာ တစ်သိန်းခွဲကျော်ရရှိကြောင်း သိရသည်။

အဆိုပါ ဒေါ်ခင်ရှိန်သည် အသက်၄၅နှစ် ရှိပြီးဖြစ်သည့်အပြင် သွေးတိုးရောဂါပါ ခံစားနေရကြောင်း သိရသည်။ ယခင်ကပုံမှန် အရွယ်ရှိခဲ့သော ၎င်းသည် ယင်းဝင်ဆေးစားပြီးနောက် ပေါင်လေးရာကျော်အထိ ဝလာခြင်းဖြစ်ကြောင်း ဒေ သခံများထံမှ သိရသည်။ အဆိုပါ အဝလွန်သူသို့ ဆေးကုသရန်အတွက် လှူဒါန်းလိုပါက မိသားဝင် တစ်ဦး၏ ဖုန်းနံပါတ်ဖြစ်သော ၀၉ ၄၀၀၀၁၇၆၈၀သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U