Related Posts Plugin for WordPress, Blogger...

Tuesday, July 2, 2013

*ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်း


(၁၁) စိတ်ရှည်ခြင်းသည် ခေါင်းဆောင်အရည်အချင်းတစ်မျိုး

ဝက်အူရစ်နဲ့ဖြုတ်၊ တပ်နေတဲ့အတွက် စိတ်မရှည်တဲ့စိတ်ဓာတ်မျိုးမရှိတော့ပါဘူး။ စိတ်ရှည်တဲ့စိတ်ဓာတ်မျိုး ရှိလာပါတယ်။ ဒီဘောလ်ပင်က ကိုယ့်ကိုစိတ်ရှည်တဲ့စိတ်ဓာတ်မျိုး ပေးလာပါတယ်။ စိတ်မရှည်ရင် ဒီဘောလ်ပင် မသုံးဘူး။ ဒီဘောလ်ပင်မသုံးလို့ ရေးပစ်နဲ့ပစ် မြန်မြန်ရ၊ မြန်မြန်ပြီးတာပဲဆိုတဲ့ စိတ်ဓာတ်မျိုးဝင်သွားရင် ဘယ်တော့မှ လုပ်ငန်းကြီးကို ဦးဆောင်လို့ မရတော့ပါဘူး။ လူကြီးလူကောင်း ခေါင်းဆောင်ကောင်းအရည်အချင်းထဲမှာ စိတ်ရှည်တာပါတယ်။
ကိုယ်စိတ်မရှည်သေးရင် စိတ်ရှည်အောင် အထောက်အပံ့ပြုမယ့်ပစ္စည်းကို သုံးပါ။ စိတ်ရှည်အောင် အထောက်အပံ့ပြုမယ့် နေရာမှာထိုင်၊ စိတ်ရှည်မယ့် အဝတ်အစားကိုဝတ်၊ စိတ်ရှည်မယ့် အစားအသောက်ကို စားပါ။ အဲဒါတွေကို နေရင်းထိုင်ရင်း စားရင်းသောက်ရင်းနဲ့ပဲ ကိုယ်စိတ်ရှည်လာမှာ ဖြစ်ပါတယ်။
အရှင်ဘုရား စိတ်ရှည်တဲ့အစားအစာဆိုတာ ဘယ်ဟာတုံးမေးတော့လည်း မြီးရှည်စားတာရယ်၊ ပူတင်းစားတာရယ် ဘယ်ဟာစိတ်ရှည်ရလဲဆိုတာ စဉ်းစားကြည့်ပါ။ ကိုယ်အစားအသောက် စားတာ ကိုယ်ကြည့်ပါ။ ဒီလူ ဘာကြိုက်လဲ၊ ပူတင်း ကြိုက်တယ်။ မြီးရှည်မကြိုက်ဘူးဆို တော်တော်စိတ်မြန်တဲ့သူပဲ။ မြန်မြန်စားတာ အေးရော။ ခေါက်ဆွဲကြော်စားတာမျိုး၊ ကြာဆံကြော်စားတာမျိုး၊ ကိုယ်စားတဲ့ အစားအသောက်က ကိုယ့်ကို စိတ်ရှည်အောင် ထောက်ပံ့ပေးတယ်။ စိတ်တိုအောင်လည်း ထောက်ပံ့ပေးပါတယ်။
လူတစ်ယောက် အဝတ်အစားဝတ်တာကို ကြည့်ပြီး တို့က စိတ်ရှည်တယ်၊ စိတ်တိုတယ် ပြောတာပါ။ လာသေးတယ်။ လက်ကလေးကားပြီး တို့ကတော့ ပေါ့ပေါ့ပါးပါးပဲ ဝတ်တာတဲ့။ ပြောလိုက်ချင်တာပါ။ ကဲ တိုက္ပံုအက်ႋီ ဝတ္တာပဲၾကည့္ပါ။ တိုက္ပံုအက်ႋီကို ၾကယ္သီးအျပည့္တပ္တဲ့သူ တော်တော်ရှားသွားပါပြီ။ ရှေးတုန်းက လူကြီးများ မင်းခမ်းမင်းနားကို သွားပြီဆိုရင် တောင်ရှည်ပုဆိုးနဲ့ ပိုးတက်ပုံကြီးနဲ့ အကုန်ကြယ်သီးတွေ တပ်ထားတာပါ။ ဘာကျေးဇူးများလဲဆိုတော့ စိတ်ရှည်စေပါတယ်။
ခုခေတ်များတော့ တိုက်ပုံအင်္ကျီလည်း မဝတ်ပါဘူး။ ဝတ်ရင်လည်း ကြည်သီးမတပ်ပါဘူး။ ရှေးတုန်းက အမျိုးသမီးတွေ ရင်စေ့အဝတ်ကြယ်သီး နှင်းဆီလေးတွေ၊ ပန်းလေးတွေတပ်ပြီး ဝတ်ပါတယ်။ အိမ်က စက်ချုပ်တော့ တို့ကိုယ်တိုင် စက်ချုပ်ဖူးပါတယ်။ အိမ်က အမေတို့၊ အဖေတို့ ကိုယ့်အင်္ကျီကိုယ် ချုပ်ပြီး ဝတ်ကြတာ။ အဲဒီ ကြယ်သီးလေးတွေတပ်တဲ့ မိန်းကလေးတွေမှာ စိတ်ရှည်တဲ့ ကျေးဇူးများသွားပါတယ်။ အခုတော့ အဲဒါမျိုး မဟုတ်တော့ဘူး။ ကပ်ခွာတဲ့။ တစ်ခါတလေ ဘာမဟုတ်တဲ့ ကြယ်သီးလေးတပ်တာတောင် ဖြုတ်နေ၊ တပ်နေရတာကြာရင် ဟင်းဆို ဆွဲဖြုတ်တာ အကုန်ပြုတ်ရော။
ပြန်ပြောပါမယ်။ ကိုယ့်အရည်အချင်းကို ပြုစုပျိုးထောင်ပါ။ ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းတွေမှာ လက်ရေးပြင်ရမယ်။ ခေါင်းဆောင်ကောင်းတွေ၊ လူကြီးလူကောင်းတွေ နေသင့်တဲ့နေရာမှာပဲ နေကြပါ။ ဟိုးတစ်နေ့က တက္ကသိုလ်က ဆရာ၊ ဆရာမတွေ ကျောင်းရောက်တော့ ဒန်းစီးချင်လို့တဲ့။ လျှောမတွေ့လို့၊ လျှောတွေ့ရင် လျှောပါစီးဦးမလားမသိ။ ကိုယ်နေတာ၊ ထိုင်တာက ကိုယ့်အဆင့်အတန်းကို ပြပါတယ်။ ကိုယ့်ဘာသာ ကိုယ်အသိဆုံးပါ။ အရည်အချင်းတွေကို ပြောပြခဲ့ပါတယ်။ ကိုယ် ဘယ်လိုဖြည့်မလဲဆိုတဲ့ ဖြည့်နည်းပါ ပြောပြီးသွားပြီ။
စားတာကစပြီး ခေါင်းဆောင်ဖြစ်မယ့်ပုဂ္ဂိုလ် စားတာနဲ့ မဖြစ်မယ့်ပုဂ္ဂိုလ် စားတာ ကွာပါတယ်။ ခေါင်းဆောင်ဖြစ်မယ့်ပုဂ္ဂိုလ်ဝတ်မယ့်အဝတ်နဲ့ ခေါင်းဆောင်မဖြစ်မယ့်ပုဂ္ဂိုလ် ဝတ်မယ့်အဝတ် ကွာပါတယ်။ တပည့်တော်တို့တော့ လွယ်လွယ်စားတာပဲ။ ခေါင်းဆောင်ဖြစ်တာပါပဲလို့ ဆိုကောင်းဆိုပါမယ်။ အစားအသောက်ကို လွယ်လွယ်စားရင် သူခေါင်းဆောင်ရင်လည်း လွယ်လွယ် ခေါင်းဆောင်မှာပဲ ဖြစ်ပါတယ်။
အောင်မြင်တိုးတက်မှုက ဘယ်လိုမှ လွယ်လွယ်နဲ့ မရပါဘူး။ တပည့်တော်တို့က လွယ်လွယ် ပေါ့ပေါ့ပါးပါးပဲ ဝတ်တာပဲဆိုရင် သူ့အလုပ်ကိုသူ ဦးဆောင်တဲ့အခါလည်း လွယ်လွယ် ပေါ့ပေါ့ပါးပါးပဲ သွားတော့မှာ။ အဲဒီမှာ အဆင်မပြေတာတွေ ဖြစ်ကုန်တာပဲဆိုတာ တွေ့ ရပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U