Related Posts Plugin for WordPress, Blogger...

Saturday, July 27, 2013

နာမည်ကျော် ကုမ္ပဏီများရဲ့ ရှာရှာကြံကြံ မေးတတ်တဲ့ အင်တာဗျူးမေးခွန်းများ



အောက်မှာ ကျွန်တော် ဖော်ပြပေးထားတာတွေကတော့ တကယ့်ကို နာမည်ကျော် ကုမ္ပဏီကြီးတွေရဲ့ ရှာရှာကြံကြံ မေးတတ်တဲ့ အင်တာဗျူးမေးခွန်းတွေ ဖြစ်ပါတယ်။ အဖြေတွေကိုတော့ ဖော်ပြထားခြင်း မရှိတာကြောင့် ပရိတ်သတ်တွေပဲ ကိုယ့်အတွေးနဲ့ကိုယ် ဖြေကြည့်ကြပါတော့ဗျာ။

(၁) တကယ်လို့ မင်းကို ခဲတံတွေ အပြည့်ပါတဲ့ သေတ္တာတစ်လုံးကို ပေးလိုက်မယ်။ နောက်ပြီး အဲဒီ ခဲတံတွေကို စာရေးတဲ့ နေရာမှာ သုံးတာကလွဲရင် အခြားသော ၁၀နေရာမှာ ဘယ်လို အသုံးဝင်အောင် သုံးမလဲဆိုတာ ပြောပါ။ (Google Administration Assistant ရာထူးနေရာအတွက်)

(၂) ခင်ဗျားအနေနဲ့ ဓါတ်လှေကားတစ်စီးကို ဘယ်လို စစ်ဆေးမလဲ ( Software Development Engineer, Microsoft ရာထူးနေရာအတွက်)

(၃) မင်းကိုသာ အင်္ဂါဂြိုလ်က လူလို့ စွပ်စွဲလာရင် မင်းဘယ်လို ဖြေရှင်းမလဲ (Senior Recruiting Manager, Amazon ရာထူးနေရာအတွက်)

(၄) သင်ဂုဏ်ယူတဲ့ နှစ်သက်သဘောကျတဲ့ အလုပ်တစ်ခု ပြီးမြောက်အောင်မြင်တိုင်း ဘာလုပ်မလဲ (Apple Software Engineering Manager ရာထူးနေရာအတွက်)

(၅) မင်းသာ လမ်းညွှန်ဆိုင်းဘုတ် တစ်ခုဆိုရင် သင်ဘာလုပ်မလဲ၊ ဘယ်လို ဆိုင်းဘုတ်ဖြစ်ချင်လဲ (Sales Assoicate at Pacific Sunwear ရာထူးနေရာအတွက်)

(၆) ပြင်ညီတစ်ခုပေါ်မှာ မရေတွက်နိုင်လောက်တဲ့ အဖြူရောင်နဲ့ အနက်ရောင် အမှုန်တွေ အများကြီး ရှိနေတယ်။ အဲဒီမှာ အဖြူရောင် အမှုန်တစ်ခုနဲ့ အနက်ရောင် အမှုန်တစ်ခုရဲ့ ကြားထဲက အကွာအဝေးကိုပြောပါ။ (Technology Analyst, Goldman Sachs ရာထူးနေရာအတွက်)

(၇) သေနတ်သမားတစ်ယောက်က ကျည်ဆံနှစ်တောင့်ကို သူ့ရဲ့ ခြောက်လုံးပြူးသေနတ်ထဲကို ထည့်လိုက်တယ်။ နောက်ပြီး ကျည်ဆံအိမ်ကို လှည့်လိုက်တယ်၊ မင်းကို ပစ်လိုက်တယ်။ ဒါပေမယ့် မင်းမသေသေးဘူး။ ဒီတော့ သေနတ်သမားက မင်းကို ရွေးချယ်စရာ နှစ်ခုပြောတယ်။ ငါနောက်တစ်ကြိမ် ကျည်ဆံအိမ်ကို လှည့်ပြီး ထပ်ပစ်ရမလား ဒါမှမဟုတ် ကျည်ဆံကို ပြန်ထုတ် ပြန်ထည့်ပြီး ထပ်ပစ်ရမလားလို့ ရွေးခိုင်းတယ်။ မင်း သေနတ်နဲ့ အပစ်ခံရဖို့ အနီးစပ်ဆုံး ရွေးချယ်မှုက ဘာဖြစ်မလဲ။
(Internet Marketing Analyst, Facebook ရာထူးနေရာအတွက်)

(၈) ငါ့ကို ဟာသတစ်ခု ပြောစမ်းကွာ
(Financial Analyst, JP Morgan Chase ရာထူးနေရာအတွက်)

(၉) အမေရိကန် တစ်နိုင်ငံလုံးမှာ ပစ္စည်းသစ်တစ်ခု ဈေးကွက်အောင်မြင်အောင် ဘယ်လောက် ကုန်ကျခံပြီး လုပ်ရမလဲ။
(Product Manager, Google ရာထူးနေရာအတွက်)

(၁၀) ငါဘာကြောင့် မင်းကို အလုပ်မခေါ်တာလဲ သိလား။
(Recruiter, Twitter ရာထူးနေရာအတွက်)

(၁၁) တကယ်လို့ မင်းသာ Sonyရဲ့ ပစ္စည်းတစ်ခုဆိုရင် ဘယ်လို ပစ္စည်းဖြစ်ချင်လဲ။
(Retail Sales Specialist, Sony ရာထူးနေရာအတွက်)

(၁၂) အမေရိကန်မှာ Radio Stationပေါင်း ဘယ်လောက်ရှိတယ် ထင်လဲ။
(Product Manager, Google ရာထူးနေရာအတွက်)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U