Related Posts Plugin for WordPress, Blogger...

Friday, July 5, 2013

ကျွန်တော်..Sayar Chan ပြောချင်သော..မျိုးစောင့်ဥပဒေအကြောင်း


“ အဲဒီဥပဒေဘာကြောင့်ပြဋ္ဌာန်းတာလဲ၊ လူမျိုးဘာသာ သာသနာဆိုတာ
ဘာသာခြားယူမှ ပျောက်တာမဟုတ်ဘူး။ အမျိုးဘာသာ သာသနာဆိုတာက
သူတို့ရင်ထဲက လူတစ်ဦးချင်းစီရဲ့ ခံစားချက် ခံယူချက်တွေနဲ့ပဲ ဆိုင်တယ်။
ဘာသာခြားကို ယူလိုက်တာနဲ့ ဘာသာပျက်သွားတယ်ဆိုတာ မဟုတ်ဘူး။

အမျိုးဘာသာ သာသနာကို တကယ်ကာကွယ်ချင်တယ်ဆိုရင် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့တရားတော်တွေ သေသေချာချာလေ့လာ မှတ်သားရမယ်ကျင့်ကြံအားထုတ်ရမယ် လိုက်နာရမယ်။

အဲဒီလို လိုက်နာတဲ့
ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဆိုရင် ယူသင့်လား မယူသင့်ဘူးလားဆိုတာ
ကာယကံရှင်က သူ့ဘာသာသူဆုံးဖြတ်နိုင်တော့မှ အဆင်ပြေမှာပါ။
သူကြိုက်ရင်တော့ ယူမှာပေါ့လေ။ မယူနဲ့လို့တားလည်း ယူမှာပဲလေ ၊
ဒီလိုဆုံးဖြတ်နိုင်ဖို့ ဗုဒ္ဓဘာသာကိုထဲထဲဝင်ဝင်လေ့လာပြီး လိုက်နာဖို့ လိုအပ်တာပါ။
ဘာသာ၊ သာသနာကို ထိမ်းသိမ်းကာကွယ်ချင်တဲ့စိတ်ကိုတော့ ဂုဏ်လဲယူတယ်၊ ၀မ်းသာကြိုဆိုပါတယ်။ ဒါပေမယ့် နည်းလမ်းမှားနေတယ်လို့ ထင်ပါတယ်။

Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U