Related Posts Plugin for WordPress, Blogger...

Friday, August 2, 2013

မန္တလေး နေ့စား လပေး ဆရာ အပါအဝင် ပညာရေး ဝန်ထမ်း နှစ်ထောင်ကျော်ခန့်


မန္တလေးတိုင်းဒေသကြီး အတွင်း ပညာရေး မြှင့်တင်မှုအနေနှင့် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ မြို့နယ် ၃၅ မြို့နယ်တွင် နေ့စား လပေး မူလတန်းပြ ဆရာ၊ ဆရာမ ၄၇ ဦး အပါအဝင် နေ့စား ပညာရေး ဝန်ထမ်းပေါင်း နှစ်ထောင်ကျော် အလုပ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေး ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

ဆရာ၊ ဆရာမများအပြင် အခြေခံပညာ ကျောင်းများတွင် လိုအပ်နေသည့် သိပ္ပံ အကူ၊ ရုံး အကူ၊ အထွေထွေလုပ်သား၊ စာရေး (၁)၊ သန့်ရှင်းရေးဝန်ထမ်း အပါအဝင် စုစုပေါင်း ၂၃၅၄ ဦးကို နေ့စား ဝန်ထမ်းအဖြစ် စတင် ခန့်အပ်ခဲ့ကြောင်း အဆိုပါ ရုံးထံမှ ထပ်မံ သိရသည်။

“အဓိကကတော့ ဆရာ၊ ဆရာမ ဦးရေ မလုံလောက်လို့ ချပေးတဲ့ သဘောပါ၊ အင်အားနည်းတဲ့ ကျောင်းတွေမှာ ဖြည့်စွက်ပေးတာပါ။ မဟာတန်း ဖြေပြီးတဲ့သူတွေ အောင်စာရင်း ထွက်တာနဲ့ အခုလောလောဆယ်က နေ့စားအနေနဲ့ အရင် ခန့်ထားတာပါ၊ အရင်ကလို လစာနဲ့ ခန့်လိုက်တယ် ဆိုရင် နယ်တွေ ပို့တဲ့အခါမှာ မလုပ်တော့ဘူးဆိုရင် ဝန်ထမ်းအင်အား စာရင်းမှာ ထိခိုက်တယ်။ အခု နေ့စားခန့်တဲ့ ဝန်ထမ်းတွေကိုလည်း လခစား အနေနဲ့ သေချာပေါက် ခန့်သွားမှာပါ။ ဘယ်အချိန်လဲ ဆိုတာ အတိအကျ မသိဘူး” ဟု အမရပူရမြို့နယ် ညောင်နီပင်ကျေးရွာ ကျောင်းအုပ်ဆရာကြီး ဦးမောင်မြင့်က သုံးသပ် ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းပေါင်း လေးထောင်နီးပါး ရှိပြီး ဆရာ၊ ဆရာမ ၃၃၈၅၃ ဦး ခန့်အပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။
 Sayar Chan
 

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U