Related Posts Plugin for WordPress, Blogger...

Saturday, August 31, 2013

မြန်မာအစိုးရရဲ့ လူကကျင့်ဝတ်တွေက လေဖိအားတိုင်းကိရိယာလို အပြောင်းအလဲမြန်ဆန်လွန်းပါတယ်


မြန်မာအစိုးရရဲ့ လူကကျင့်ဝတ်တွေက လေဖိအားတိုင်းကိရိယာလို အပြောင်းအလဲမြန်ဆန်လွန်းပါတယ်။မြစ်ဆုံစိမံကိန်းရဲ့ အနာဂါတ်ဟာ အခုထက်ထိ မရေရာသေးဘဲ Jin Hoggen ကတော့ ၄င်းရဲ့မြန်မာနိုင်ငံမှာနေတဲ့ အတွေ့အကြုံတွေအရ အ၇င်တုန်းက မြန်မာအရာရှိတွေနဲ့ တွေ့ဆုံမယ်ဆိုရင် အခက်အခဲလုံးဝမရှိဘဲ အခုမြစ်ဆုံရပ်တန့်ပြီးနောက်ပိုင်းမှာ
ဆက်ဆံရေးကျဲလာတာကို တွေ့ရပါတယ်။မြန်မာနိုင်ငံရဲ့ စာချုပ်ဖောက်ဖျက်ပြီး ၇ပ်တန့်မှုတွေ အပြီးမှ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံ့မှုတွေဟာ သိသိသာသာ ကျဆင်းသွားပြီးအခြားနိုင်ငံတွေမှာ ရင်းနှီးထားတဲ့ေ၇အားလျှပ်စစ်စီမံကိန်းတွေဟာ အခက်အခဲတွေနဲ့တွေ့လိုက်ရပါတော့တယ်။
အမေရိကန်နဲ့ ဂျပန်နိုင်ငံက ကတိပေးထားတဲ့ ချေးငွေတွေဟာ ပုံပေါ်လာခြင်းမရှိသေးတာကြောင့် မြန်မာနိုင်ငံရဲ့ ထိပ်တန်းအရာ၇ှိတွေဟာ တရုတ်နိုင်ငံကို နောက်တစ်ကြိမ် ဦးလှည့်ကြပြန်ပါတယ်။

နှစ်စဉ်ငွေကြေး

RMB သန်း၃၀၀ လောက်ဆုံးရှူံးရတဲ့အတွက် နောက်ထပ်ဒီစိမံကိန်းကို ပြန်လည်ဆောက်ဖို့ မလွယ်ကူနိုင်သေးဘူးလို့ Li GuangHua ကဆိုပါတယ်။ကျွန်တော်တို့ရဲ့ ဆုံးရှူံးသွားတဲ့ ငွေကြေးတွေ ပြန်လည်ကာမီအောင် အခြားနည်းလမ်းတစ်ခုကို ကြံရွယ်ရပါမယ် ယခုလောလောဆယ် မြန်မာနိုင်ငံရဲ့ အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ အစီအစဉ်မရှိဘူးဆိုရင်
၂၀၁၅ မှ နောက်ထပ် ပြန်လည်တည်ဆောက်ရမှာဖြစ်ပါတယ်။Jen Honggen ရဲ့ထင်မြင်ချက်ကတော့ အနောက်နိုင်ငံရဲ့ ကုမ္မဏီတွေ မြန်မာနိုင်ငံကို ၀င်ရောက်လာခြင်းဟာ တရုတ်ကုမ္မဏီတွေအတွက် ဘေးကြပ်နံကြပ် အခြေအနေဖြစ်စေပါတယ်။အဆိုးထဲက အကောင်းအနေနဲ့ ကျွန်တော်တို့ရဲ့ စီမံအုပ်ချုပ်တဲ့စွမ်းရည်တွေကို တိုးမြင့်ဖို့အချိန်ရောက်နေပြီဆိုတာ ပြလိုက်သလိုပါပဲ။
အနောက်နဲ့ အရှေ့အားပြိုင်မှုတွေဟာ ဒီအချိန်မှာ စတင်လာခဲ့ပြီး မျှမျှတတ ယှဉ်ပြိုင်ကြမဲ့အချိန်ပဲလို့ သူကဆိုပါတယ်။
အနောက်နိုင်ငံတွေက NGO တွေကလဲ မြစ်ဆုံစီမံကိန်းကနေ တရုတ်တွေကို အလဲထိုးနိုင်မယ့် အချက်တစ်ချက်ကို လိုက်လံထိုးနှက်နေကြပါတယ်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့သူတွေကို ပြန်လည်နေ၇ာချထားတဲ့ ကျေးရွာကို(Takungpao သတင်းထောက် လီလီက သြဂုတ်လ ၉ ၇က်မှာ ဓါတ်ပုံရိုက်ကူးခဲ့ပါတယ်)၂၀၁၃ ခုနှစ်မေလမှာ နိုင်ငံတကာ ရေအားလျှပ်စစ် အဖွဲ့အစည်း(IHA)က မလေးရှားမှာကျင်းပတဲ့ အစည်းအဝေးမှာ မြစ်ဆုံနားမှာ ပေါက်ကွဲမှုတွေကို မြင်တွေ့ရတဲ့ပုံစံကို ဖော်ပြခဲ့ပါတယ်။ပြီးတော့ အနောက်နိုင်ငံ NGO
တွေကေ၇အားလျှပ်စစ်စီမံကိန်းကြောင့် သစ်တောပြန်းတီးမှုတွေနဲ့ သဘာပတ်ဝန်းကျင်ထိခိုက်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ ထောက်ပြခဲ့ပါတယ်။ဆွီဒင် ရေအားလျှပ်စစ်ကျွမ်းကျင်သူတစ်ယောက်က ဒီအဆိုကို ငြင်းဆန်ခဲ့ပါတယ်"နိုင်ငံရဲ့ သစ်တောဖုံးအုပ်နယ်မြေ ၉၀%ကျော်ရှိတဲ့ နေရာမှာမှ ရေအားလျှပ်စစ်ကြောင့် သစ်တောပြုန်းမှုကို ဖြစ်စေနိုင်တာပါ။ကျွန်တော်နားမလည်တာက သူတို့ဘာလို့ ဒီစီမံကိန်းကို
ရပ်ဆိုင်းပစ်လိုက်ရတာလဲ တကယ်တမ်းတွက်ကြည့်ရင် မြန်မာနိုင်ငံရဲ့ သစ်တောဖုံးအုပ်မှု ဧရိယာက ၉၀% မှမရှိတာဘဲ"လို့ ပြောကြားသွားပါတယ်။
NGO တွေဟာ တရုတ်ကုမ္မဏီတွေအတွက် ပြဿနာတော်တော်များများကို ဖန်တီးနေပါတယ်။Li Guanghua ကသူ့ရဲ့ အတွေ့အကြုံတွေအရ မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေကနေ ရင်းနှီးမြှပ်နှံမှုတွေ ဘယ်လိုဝင်ရောက်လာသလဲ ဆိုတာကို သူ့ရဲ့အမြင်အရ "သူတို့(အနောက်နိုင်ငံတွေ)ဟာ သူတို့ရဲ့ရင်းနှီးမြှပ်နှံမှုတွေကို ခြေမခြခင် NGO တွေစေလွတ်ပြီးတော့ စီးပွားရေး၊ပညာရေး၊လူမှုရေးတွေ၊ကျန်းမာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ
အဖွဲံတွေကို စေလွှတ်ပြီးတော့ ပြည်သူတွေရဲ့ အမြင်ကောင်းရရှိအောင် ဆောင်ရွက်ထားပါတယ်။ပြီးတော့မှ စွန့်ဦးတီထွင်သူတွေနဲ့ အစိုးရခေါင်းဆောင်ပိုင်းတွေ မြန်မာနိုင်ငံကို လာရောက်တာကို ကြည့်ခြင်းအားဖြင့် ကျိုးကြောင်းဆီလျော်စွာ သိနိုင်ပါတယ်"လို့ သူကဆိုပါတယ်။

နောက်တစ်နည်းအားဖြင့် တရုတ် NGO တွေဟာ မြန်မာနိုင်ငံရဲ့ အောက်ခြေလူတ်န်းစားတွေနဲ့ အလယ်အလတ်လူတန်းစားတွေအထိကို ထိထိရောက်ရောက်မလုပ်နိုင်တာကိုက အားနည်းချက်တစ်ခုဖြစ်ပြီး မြန်မာပြည်သူတွေအပေါ် သြဇာသက်ရောက်မှုမရှိတာလဲ ဒီအကြောင်းကြောင့်ဖြစ်ပါတယ်။Gao Yumin အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ မြစ်ကြီးနားဒေသခံတစ်ဦးက "အနောက်နိုင်ငံတွေရဲ့ NGO အများကြီးဟာ မြန်မာအစိုးရသစ်တက်ပြီး
တဲ့နောက်ပိုင်းမှာ မြစ်ဆုံနားကို စုပြုံပြီးရောက်လာကြတာဖြစ်ပါတယ်"လို့ သတင်းထောက်ကို ပြောပါတယ်။

ကောင်းကောင်းလေ့ကျင့်ပေးထားတဲ့ နိုင်ငံခြား NGO အဖွဲ့ဝင်တွေဟာ မြစ်ဆုံစီမံကိန်းရဲ့ ပြန်လည်နေရာချထားတဲ့ကျေးရွာတွေအထိသွားရောက်ပြီး ပြစ်ချက်ရှာကြရာ နောက်ဆုံးတော့ တရုတ်ကုမ္မဏီရဲ့ နစ်နာကြေးပေးတဲ့ အပေါ်မှာပြစ်ချက်ရှာကြတော့ပါတယ်။ကျောင်းဆရာတစ်ယောက်ကတော့ သူ့ရဲ့ဖော်ပြချက်အရ "တရုတ်ကုမ္မဏီရဲ့ နစ်နာကြေးတွေ လက်ခံရရှိပြီးတဲ့အချိန်မှာ ကလေးတွေတောင်မှာ မော်တော်ဆိုင်ကယ်တွေစီးနိုင်ကြတယ်၊ဒါကြောင့်မို့လို့ ဝေးလံတဲ့နေရာ
တွေကိုတောင်မှ လွယ်လွယ်ကူကူသွားရောက်နိုင်ကြပြီး အဆင်ပြေတဲ့အခြေအနေတစ်ရပါပါပဲ" လို့ရေးသားထားပါတယ်။
ဒါပေမယ့် အနောက်နိုင်ငံတွေရဲ့ NGO တွေကထုတ်ပြန်တဲ့ အဆိုအရ တရုတ်ကုမ္မဏီတွေရဲ့ ပြောင်းရွှေ့ခံပြည်သူတွေကို ထောက်ပံ့ပေးမှုက အလွန်အားနည်းပါတယ်လို့ ကြေငြာလိုက်ပါတယ်။မြန်မာနိုင်ငံ စက်ရုံများအသင်းဝင် တစ်ဦးဖြစ်တဲ့ ကိုထွန်းနိုင်အောင်က"မြန်မာနိုင်ငံသားအများစုဟာ တကယ်တမ်းကျတော့ ဒီမြစ်ဆုံကနေ ရေအားလျှပ်စစ်ဘယ်လိုထုတ်လုပ်ကြတယ်ဆိုတာ နားမလည်ကြပါဘူး။ဒါကြောင့်မို့မြန်မာပြည်သူတွေက NGO တွေရဲ့ အစိရင်ခံစာထဲမှာ ဖော်ပြထားသလို
"မြစ်ဆုံစီမံကိန်းပြီးသွားပြီး လည်ပတ်နိုင်မယ်ဆိုရင် ဧရာဝတီမြစ်ရေ ခမ်းခြောက်ပြီး ကုန်ခမ်းသွားမယ်" ဆိုတာကို ယုံကြည်နေကြပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေခံပြည်သူတွေကို မြစ်ဆုံကြောင့် ရရှိလာမယ့် ကောင်းကျိုးတွေနဲ့ ဆိုးကျိုးတွေကို သေသေချာချာ သိပ္ပံနည်းကျကျ ပြန်လည်ရှင်းပြသင့်တယ်"လို့ ကို ထွန်းနိုင်အောင်ကပဲ ဆိုပါတယ်။

တရုတ်ကုမ္မဏီတွေရဲ့ အတိတ်က နိုင်ငံတကာလူ့အဖွဲ့အစည်းတွေနဲ့ ပေါင်းစည်း ရင်းနှီးမှု အားနည်းတဲ့အတွက် အခုအခါမှာများစွာထောက်ပြစရာတွေ ဖြစ်လာခဲ့ပါတယ်။Li GuangHua ကပဲ"စစ်အစိုးရ လက်ထက်တုန်းက ကျွန်တော်တို့ရဲ့ အသံတွေကို မီဒီယာကနေတဆင့် မဖြန့်ချိနိုင်ခဲ့ပါဘူး။အခုတော့ ကျွန်တော်တို့က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး မြစ်ဆုံးစီမံကိန်းကြောင့် ရရှိလာမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို တကယ်နားလည်အောင် သေသေချာချာရှင်းပြပြီး ဆောင်ရွက်နေပါပြီ"
လို့ သူကပြောပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U