Related Posts Plugin for WordPress, Blogger...

Monday, September 2, 2013

ဆီးရီးယား ပြည်တွင်းစစ် သေဆုံးသူ တစ်သိန်းတစ်သောင်းကျော်သွားပြီ


Syrian
၂၀၁၁ ခုနှစ် မတ်လက စတင်ခဲ့သော ဆီးရီးယား ပြည်တွင်းစစ် အတွင်း သေဆုံးသူ အရေ အတွက်မှာ ၁၁၀၀၀၀ ကျော်သွားပြီဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ တစ်ခုမှ ယမန်နေ့က ထုတ်ပြန်သည်။

The Syrian Obsservatory for Human Rights ဟု အမည်ရသော လူ့အခွင့်အရေး အဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သော (၂၉) လ အတွင်း သေဆုံး အရေအတွက်မှာ ၁၁၀၃၇၁ ဦးရှိသွားပြီဟု ဆိုသည်။
ထိုကိန်းဂဏန်းထဲတွင် အရပ်သား သေဆုံးသူ အရေ အတွက်မှာ ၄၀၁၄၆ ဦးဖြစ်ကြောင်း၊ ယင်းအထဲတွင် အမျိုးသမီး သေဆုံးသူ အရေအတွက်မှာ ၄၀၀၀ ခန့် ပါဝင်ပြီး သေဆုံးသူ လူမမယ် ကလေးအရေအတွက်မှာ  ၅၈၀၀ ဖြစ်ကြောင်း ဖေါ်ပြသည်။
အဆိုပါ အဖွဲ့၏ မြေပြင် စာရင်းအရ သူပုန်ဘက်မှ သေဆုံးသူ အရေအတွက်မှာ ၂၁၈၅၀ ရှိကြောင်း ဖေါ်ပြပြီး အစိုးရ စစ်တပ်ဘက်မှ သေဆုံးသူ အရေအတွက်မှာ ၂၇၆၅၄ ဦးရှိသည်ဟု ဆိုသည်။
ယင်းအပြင် အစိုးရလိုလားသူ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၇၈၂၄ ဦး သေဆုံးခဲ့ရပြီဟု ဆိုသည်။
ဆီးရီယားပြည်တွင်းစစ်သည် အစိုးရ အပြောင်းအလဲ လုပ်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသူများကို စစ်တပ်မှ လက်စားချေ တိုက်ခိုက်ရာမှ စတင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U