Related Posts Plugin for WordPress, Blogger...

Thursday, October 3, 2013

အောင်မြေသာစံမြို့နယ်အတွင်းရှိ ကျောက်တော်ကြီးဘုရားပွဲတော် ဈေးဆိုင်ခန်းနေရာများပြဿနာတက်နေပါသည်


အောင်မြေသာစံမြို့နယ်အတွင်းရှိ ကျောက်တော်ကြီးဘုရားပွဲတော် ဈေးဆိုင်ခန်းနေရာများပြဿနာတက်နေပါသည်ဟုသိရှိရပါသည်။
မနက်ဖြန်မြို့နယ်အုပ်ချုပ်ရေးမှူးကလာရောက်ဖြေရှင်းပေးမည်ဟုသိရှိရပါသည်။

ဖြစ်စဉ်မှာ မန်းမြေရာဇာကုမ္ပဏီလီမိတက်မှဦးကျော်ဝင်း+ဒေါ်မြင့်မြင့်သန်းမိသားစုမှ ဆောက်လုပ်လှူဒါန်းနေသော မဟာပဌာန်းဟောသိမ်တော်ကြီး၊သုဓမ္မာဇရပ်တော်ကြီးနှင့်သုဓမ္မာကျောင်းတော် တို့၏ဆောက်လုပ်ရေးလုပ်ငန်းခွင်မျက်နှာစာတွင် ဆိုင်ခန်းများနေရာချထားမပေးရန်အတွက် ဘုရာဂေါပကအဖွဲ့သို့ စာတင်၍မေတ္တာရပ်ခံထားပြီး ၎င်းတို့ခွင့်ပြုထားသောနေရာတွင်သာ ဆိုင်ခန်းများဆောက်လုပ်ခွင့်ပြုပေးပါရန်လည်း အဆိုပါစာထဲတွင်ထည့်သွင်းပြောကြားထားပါသည်။
သို့သော် တကယ့်လက်တွေ့တွင်မူ ၎င်းတို့ခွင့်ပြုထားသောနေရာများကိုလည်းဆိုင်ခန်းများမဆောက်နိုင်အောင် သံဆူးကြိုးများပိတ်ထားလိုက်ပါသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဈေးသည်များမှမကျေမနပ်ဖြစ်ကာ ဆိုင်ခန်းတာဝန်ခံမှတဆင့် ဘုရားဂေါပကလူကြီးများဖြင့်ညှိနှိုင်းကြသော်လည်း အဆင်မပြေသဖြင့် ဦးကျော်ဝင်းသမီးဟုဆိုသူ မဇာခြည်မှလာရောက်၍ ဘုရားဂေါပကအဖွဲ့နှင့် လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံဆွေးနွေးပြီးသော်လည်း တစ်စုံတစ်ရာဆုံးဖြတ်မပေးနိုင်သေးပဲ ဦးကျော်ဝင်ထံတင်ပြပေးမည်ဟုသာပြောကြားသွားပါသည်။

၎င်းနောက် ညနေပိုင်းတွင် သံဆူးကြိုးများပြန်လည်ရုပ်သိမ်းသွားပါသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U