Related Posts Plugin for WordPress, Blogger...

Thursday, October 3, 2013

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်သို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ လာရောက်ရှင်းလင်းမည်

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်သို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ယနေ့ (အောက်တိုဘာ ၄ ရက်) တွင် လာရောက် ရှင်းလင်းမည်ဟု သိရသည်။

ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယနေ့ အစီအစဉ် လျာထားချက်တွင် ''ပြည်တွင်း ပုဂ္ဂလိကသ တင်းဆောင်းပါး တစ်ခုတွင် ပါရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ အထိရှိသော ဘဏ်စာရင်း ငါးခုကို နိုင်ငံခြား ဘဏ်များတွင် မြန်မာနိုင်ငံက အပ်နှံထားသည့် အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးမလျှော် ပေးခဲ့ခြင်းဆိုသည့် အချက်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း'' ဟု အစီအစဉ်တစ်ရပ် ပါဝင်သည်။

၎င်းအစီအစဉ်နှင့် ပတ်သက်၍
ပြည်သူ့လွှတ်တော်၊ ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ''အစိုးရအဖွဲ့က မီဒီယာတွေကိုရှင်းပြီး နောက်လွှတ်တော်ကိုပါရှင်းဖို့ လိုမယ်ထင်လို့ လာရှင်းပြမှာပါ'' ဟု ဆိုသည်။

အဆိုပါ ၁၁ ဘီလျံကိစ္စနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ''ကျွန်တော်မှန်းတာက သူတို့ ၁၁ ဘီလျံမရှိပါဘူး။ ခုနစ်ဘီလျံလောက်ပဲ ရှိမယ်လို့ ရှင်းပြမှာပေါ့။ ကျွန်တော်ထင်တယ်။ ၁၁ ဘီလျံက နိုင်ငံခြားမှာ တကယ်ရှိရင် ရှိနေမှာ။ အဲဒါတွေက ပုဂ္ဂလိကဟာတွေ ဖြစ်နိုင်တယ်။ ပုဂ္ဂလိကဆိုတာ သူဌေးတွေပေါ့ဗျာ။ သူဌေးတွေ ဆိုတာကလည်း အရင်အစိုးရနဲ့ အဆက်အသွယ်ရှိတဲ့ သူဌေးတွေ လားတော့မသိဘူး'' ဟု ဆိုသည်။ Bank Information Center (BIC) ၏ Asia Program မန်နေဂျာ မစ္စတာဂါစီယာက စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သော အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်၍ BIC နှင့် ကမ္ဘာ့ဘဏ်တို့က ငြင်းဆိုပြောကြားခဲ့ခြင်း မရှိပေ။


Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U