Related Posts Plugin for WordPress, Blogger...

Thursday, October 3, 2013

မန္တလေး ရွှေကျောင်းတော်ကြီး ပြုပြင် ထိန်းသိမ်းရေး အမေရိကန် ဒေါ်လာ ငါးသိန်းခန့် သုံးစွဲရန် လျာထား



ရန်ကုန် ၊ ၃-၁၀-၂၀၁၃

နှစ်ပေါင်း ၁၃ဝ ကျော်သက်တမ်းရှိ မန္တလေး ရွှေကျောင်းတော်ကြီး ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ငါးသိန်းခန့် သုံးစွဲရန် လျာထားကြောင်း ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။


အဆိုပါ ရှေးမူမပျက် ပြုပြင် ထိန်းသိမ်းရေး ကို နှစ်နှစ် စီမံကိန်းဖြင့် အမေရိကန် ပြည်ထောင်စု Ambassador Fund for the Cultural Preservation က ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ယင်းလုပ်ငန်း ဆောင်ရွက်မှု တွင်
မန္တလေး ရှေးဟောင်း ဌာနမှ တာဝန်ရှိ သူများအပြင် မြန်မာမှု ပညာရှင်များ လည်း ပါဝင် လုပ်ဆောင်မည် ဖြစ်ကြောင်း နှင့် ပြုပြင်ရန် သင့်သော အစိတ်အပိုင်း များကို ခွဲခြား ပြင်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။


'' ကျောင်းတော်ကြီး ရဲ့ထင်ရှားမှုရယ် ၊ မြင်သာတဲ့ နေရာမှာ ရှိနေတာရယ်ကြောင့် သူတို့က ပြုပြင်တာ လို့ပြောတယ် ၊ ရှေးဟောင်း အမွေအနှစ်တွေ နှစ်ရှည်တည်တံ့ နေရင် နောင်လာ နောက်သားတွေ အတွက် အများကြီး အကျိုး ရှိပါတယ် ... .. " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။



အဆိုပါ ရွှေကျောင်းတော်ကြီး (ပုံ) ပြုပြင် ထိန်းသိမ်းခြင်း ဆိုင်ရာ လုပ်ငန်း စဉ်များကို အောက်တိုဘာ ၂ ရက်နေ့မှ စတင် ဆောင်ရွက်မည် ဖြစ်ပြီး လက်ရှိ တွင်လည်း ရှေးဟောင်း ဗိသုကာ လက်ရာများကို စိတ်ဝင်တစား ရှိကြသော ကမ္ဘာလှည့် ခရီးသွား ဧည့်သည် အများစု ကလည်း လာရောက် လေ့လာကြကြောင်း ၊ ဒုတိယ ကမ္ဘာစစ် အတွင်းက စစ်ဘေးရန်မှ ကင်းလွတ် ခဲ့သော ရှေးဟောင်း မြန်မာ့ ယဉ်ကျေးမှု ဗိသုကာ လက်ရာမွန် ကျောင်းတော်ကြီး နှင့် မင်းတုန်းမင်း နတ်ရွာစံခဲ့သော ကျောင်းတော်ကြီး ဖြစ်ကြောင်း သိရှိရသည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U