Related Posts Plugin for WordPress, Blogger...

Tuesday, October 8, 2013

နိုင်ငံရေး အကျဉ်းသား ၅၆ ဦး ယနေ့ လွတ်မြောက်

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသား ၅၆ ဦး ယနေ့ လွတ်မြောက်ကြတယ်လို့ သတင်းရ ပါတယ်။


လားရှိုးထောင်မှ ၁၅ ဦး၊
မိတ္ထီလာထောင် ၄ ဦး၊
ကျိုင်းတုံထောင် ၆ ဦး၊

ဗန်းမော်ထောင် ၇ ဦး၊
ကလေးထောင် ၄ ဦး၊
မိုင်းဆတ်ထောင် ၂ ဦး၊

ခန္တီးထောင် ၁ ဦး၊
အင်းစိန်ထောင် ၁ ဦး၊
ကသာထောင် ၁ ဦး၊


မော်လမြိုင်ထောင် ၁ ဦး၊
မြောင်းမြထောင် ၁ ဦး၊
မြစ်ကြီးနားထောင် ၁ ဦး၊

သီပေါထောင် ၁၁ ဦး၊ 

တောင်ကြီးထောင် ၁ ဦး 

တို့ဖြစ်တယ်လို့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စီစစ်ရေးကော်မတီနှင့် နီးစပ်သူတွေက ပြောပါ တယ်။ 

ယခင် ရက်သတ္တပတ်က နေပြည်တော်မှာ သမ္မတရုံး ၀န်ကြီးများပါဝင်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီက နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ရေး၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသေးတယ်။ 

သမ္မတ ဦးသိန်းစိန်ကလည်း ဒီနှစ်ကုန်ပိုင်းက စပြီး မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိစေရဘူးလို့ ကတိပေးထားပါတယ်။ 
ဒါပေမယ့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ အခုနောက်ပိုင်းမှာ ပုဒ်မ ၁၈ ဆိုတဲ့ ငြိမ်းချမ်းစွာ၊ စုဝေး စီတန်းလှည့်လည်ခွင့် ပုဒ်မတွေကို ကျူးလွန်ဖောက်ဖျက်တယ်ဆိုပြီး ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေဆဲပါ။ 


 ဓာတ်ပုံ- ဦးတိတ်နိုင်- အတွင်းရေးမှူး / AAPP 
 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U