
=======================
အမည်
Myleene Klass လို့ခေါ်ပါတယ်။ အင်္ဂလန်နိုင်ငံသူဖြစ်ပြီး လက်ရှိ အသက်-၃၅
နှစ်အရွယ်ရှိပါပြီ။ နာမည်ကျော် အဆိုတော်၊မော်ဒယ်လ်တစ်ယောက်လည်း
ဖြစ်သလို၊ ပါပါရာဇီတွေ စိတ်ဝင်စားတဲ့ Celebrity တွေထဲမှာလည်း အပါအဝင်ပါပဲ။
ယခုမြင်တွေ့ရတဲ့ ပုံကတော့ သူမရဲ့  Instagram မှာတင်ထားတဲ့ ဓာတ်ပုံဖြစ်ပြီး
လူအများစိတ်ဝင်စားခဲ့တဲ့ပုံ တစ်ပုံဖြစ်ခဲ့ပါတယ်။
အကြောင်းကတော့ပုံမှာ
မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ အစစ်နီးပါးတူညီအောင် ပြင်ဆင်မွန်းမံထားတဲ့
မွေးကင်းစကလေးငယ်ပုံစံ Baby Cake ကြောင့်ပါ။ အမှတ်တမဲ့ကြည့်လိုက်ရင်တော့
ကလေးကို အထုတ်ကဖြေပြီး ဝါးစားတော့မယ့် ဘီလူးမအတိုင်းပါပဲ။
သီးစုံကိတ်အဖြစ်ပြုလုပ်ထားတဲ့
အဆိုပါ Baby Cake သူမဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကိုတော့
ရေးသားထားခြင်းတော့မရှိပါဘူး။ ဒါပေမယ့် အနုပညာသတင်းတွေကိုဖော်ပြတဲ့
omg.yahoo.com မှာတော့ အဆိုပါပုံကို လူပြောသူပြောများတဲ့ ဓာတ်ပုံအဖြစ်
ယခုလိုဖော်ပြသွားပါတယ်။
Sayar Chan
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:35 AM
sayarchan.blogspot.com
0 comments:
Post a Comment