ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ဟောပြောပွဲအား
တောင်ဒဂုံမြို့နယ် NLD ရုံးတွင် ကျင်းပသည်ကို တွေ့ရစဉ် (ဓာတ်ပုံ -
ကျော်ဇင်ဝင်း)
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်ရေး
(သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရးအတွက် အတိုက်အခံပါတီဖြစ်သော NLD ပါတီက
အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ ပြည်သူလူထုအား ၂၀၀၈ ခုနှစ် အခြေခံဥပဒေ
နှင့်ပတ်သက်သည့် အကြောင်းအချက်များအား အသိပေး ဟောပြောခြင်းကို
မြောက်ဥက္ကလာပမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တွင် စတင် ကျင်းပခဲ့သည်။
တောင်ဒဂုံမြို့နယ်တွင် ကျင်းပသည့် ဟောပြောပွဲတွင် တက်ရောက်သူ ၃၀၀
ဝန်းကျင်ခန့်ရှိပြီး NLD ပါတီမှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ
ပြင်ဆင်ရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဦးကိုနီက ဦးဆောင် ဟောပြောခဲ့ပြီး
ဦးကိုနီက ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု၏ ဒီမိုကရေစီ စံနှုန်းအဖြစ်
အချက်စ်ချက်ကို အခြေခံကာ စဉ်းစားသည်ဟု ပြောကြားခဲ့သည်။ ထိုအချက်နှစ်ချက်မှာ
(၁) ပြည်သူ၏ ဆန္ဒမည်မျှ ပါဝင်သနည်းနှင့် (၂) ထိုစာအုပ်တွင် ဖတ်ကြည့်ပါက
နိုင်ငံတော်၏ အာဏာအား မည်သူ့ကို ပေးထားသနည်းဆိုသည့် အချက်ဖြစ်ပြီး ၂၀၀၈
အခြေခံဥပဒေကို ရေးဆွဲခဲ့စဉ်က ပြည်သူလူထု ရွေးကာက်ထားသူ အနည်းငယ်သာ ပါဝင်ကာ
အာဏာသိမ်း စစ်အစိုးရ ရွေးချယ်ထားသူ အများစုသာ ပါဝင်ခဲ့ကြာင်းကို
အချက်အလက်ခိုင်လုံစွာ ရှင်းလင်းခဲ့သည်။ ထို့နောက် နာဂစ်မုန်တိုင်း
တိုက်ခတ်မှုကြောင့် ပြည်သူလူထု မျက်ရည်ပင်လယ် ဝေနေချိန်တွင် အတင်းအဓမ္မ
ဆန္ဒကောက်ခံခဲ့ကာ မဲပေးနိုင်သူဦးရေ၏ ၉၂ ရာခိုင်နှုန်းကျော်
ထောက်ခံသည်ဟုဆိုကာ ဇွတ်အတင်းလုပ်ယူခဲ့ပုံအားလည်း ရှင်းလင်းပြသည်။ ထို့နောက်
၁၉၄၇ အခြေခံဥပဒေ ရေးဆွဲရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြု
လွှတ်တ်ာခေါ်ယူခဲ့ကြောင်းနှင့် ၁၉၄၇ ခုနှစ် ဥပဒေတွင် အာဏာကို အဓိက
ပိုင်ဆိုင်သူများမှာ ပြည်သူလူထုသာ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း
ဖော်ပြခဲ့ကြောင်းလည်း ပြောပြခဲ့သည်။ ၁၉၄၇ အခြေခံဥပဒေသည် ဒီမိုကရေစီ
စံချိန်စံညွန်းများနှင့် ကိုက်ညီမှု ရှိသောကြောင့် ထိုဥပဒေနှင့်
အုပ်ချုပ်ခဲ့သည် ၁၄ နှစ်တာကာလ အတွင်း မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ
နိုင်ငံများတွင် အချမ်းသာဆုံးဖြစ်ခဲ့ပြီး ထိုအချိန်က ဆန်နှင့်
ကျွန်းသစ်နှစ်မျိုးကိုသာ ရောင်းချခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောကြားသည်။
ထို့နောက် ၁၉၆၂ ခုနှစ်မှ စတင်ကာ ဒီမိုကရေစီ စံချိန်စံညွန်းနှင့် ကိုက်ညီမှု
မရှိသော အုပ်ချုပ်ပုံကြောင့် ၁၉၈၇ ခုနှစ်မှ စတင်ကာ အဆင်းရဲဆုံး
တိုင်းပြည်စာရင်း ၀င်သွားခဲ့ရသည်ဟု အလေးအနက် ဟောပြောခဲ့သည်။
ထို့နောက်
၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ ခု အခြေခံဥပဒေနှင့် ၂၀၀၈ အခြေခံဥပဒေများအား
နှိုင်းယှဉ်ပြခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေသည် တစ်ပါတီ အာဏာရှင်စနစ်တွင်
ပြဋ္ဌာန်းခဲ့သည့် အခြေခံဥပဒေထက် ပိုမိုဆိုးရွားစွာ စစ်တပ်ကို
နေရာပေးထားကြောင်းကိုလည်း ပြောကြားခဲ့သည်။
၂၀၀၈ အခြေခံဥပဒေတွင်
အာဏာသုံးရပ် ရှိသော်လည်း ထိုအာဏာသုံးရပ်ကို နောက်ဆုံးချုပ်ကိုင်ထားသည်မှာ
ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့် အကြောင်းအား ဥပဒေပုဒ်မ နံပါတ်များနှင့်
ရှင်းလင်းခဲ့သည်။
ကမ္ဘာပေါ်ရှိ အခြေခံဥပဒေ ပြင်ဆင်ရာတွင်
(၁)လွယ်ကူသော ပြင်ဆင်ခြင်း (၂) ခက်ခဲသော ပြင်ဆင်ခြင်း (၃) အလွန်ခက်ခဲသော
ပြင်ဆင်ခြင်းဟု ခွဲခြားထားပြီး လွယ်သူသော ပြင်ဆင်ခြင်းမှာ လွှတ်တော်အမတ် ၅၁
ရာခိုင်န်း ထောက်ခံရန် လိုအပ်ပြီး ခက်ခဲသည့် ပြင်ဆင်မှုအတွက် လွှတ်တော်အမတ်
၆၇ ရာခိုင်နှုန်း ထောက်ခံရန် လိုအပ်ကာ အလွန်ခက်ခဲ့သည့် အဆင့်အဖြစ်
လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်း ထောက်ခံရန် လိုအပ်သည်။ သို့သော် ၂၀၀၈ အခြေခံ
ဥပဒေကဲ့သို့သော ဥပဒေ ကမ္ဘာပေါ်တွင် အခြားတစ်ခုမျှရှိဟု ဆိုသည်။ ဥပဒေတစ်ခုကို
ပြင်ဆင်ရန်အတွက် လွှတ်တော်ထဲမှ အမတ် ၂၀ ရာခိုင်နှုန်းက ဦးစွာ
ထောက်ခံရန်လိုအပ်ပြီး ထို ၂၀ ရာခိုင်နှုန်း ထောက်ခံပြီးပါက ၇၅
ရာခိုင်နှုန်းကျော် ထောက်ခံရန် လိုအပ်ကာ ၇၅ ရာခိုင်နှုန်းကျော်
ထောက်ခံပြီးပါက ပြည်သူလူထုထံမှ ဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်ကာ မဲထည့်နိုင်သူ
ဦးရေစုစုပေါင်း၏ ၅၁ ရာခိုင်နှုန်း ထောက်ခံမှသာ ပြင်ဆင်ရမည် ဖြစ်သဖြင့်
အလွန်ခက်ခဲ ရှုပ်ထွေးလှသည်ဟု ပြင်ဆင်ပုံအဆင့်ဆင့်ကို ဥပဒေပါအတိုင်း
ရှင်းလင်းပြသည်။ သို့သော်လည်း အသစ်ပြန်လည် ရေးဆွဲပါက တပ်မတော်မှ
အာဏာသိမ်းနိုင်သည်ဟု ယူဆချက်များလည်း ရှိနေကာ မှန်ကန်မှု ရှိ၊ မရှိ မည်သူမျှ
တိတိကျကျ မသိနိုင်ကြောင်းလည်း ရှင်းပြသည်။
ဦးကိုနီက
ရှင်းလင်းပြီးနောက် တက်ရောက်လာသူများထဲမှ အခြေခံဥပဒေအား ပြင်ဆင်လိုသူ
ဦးရေကောက်ယူရာ တက်ရောက်လာသူထဲမှာ ၉၀ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်
လက်ခံသည်။ မြောက်ဥက္ကလာပမြို့နယ်တွင် တက်ရောက်လာသူ ၅၀၀ နီးပါးရှိပြီး ၈၆
ရာခိုင်နှုန်းမှ အခြေခံဥပဒေကို ပြင်ဆင်ရန် လက်ခံကြောင်းလည်း သိရသည်။
ထိုပွဲကို
တက်ရောက်လာသည့် ရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ဦးကျော်မြင့်က "အရင်ဆုံး
ပြင်ဖို့ ကြိုးစားကြည့်ချင်ပါတယ်။ ဘယ်လိုမှ ပြင်လို့
မဖြစ်နိုင်ဘူးဆိုရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့။ ပြင်ဆင်ဖို့ကိုတော့
စစ်တပ်ကလည်း စိတ်ဝင်စားလိမ့်မည်လို့ ကျွန်တော် ယုံကြည်ပါတယ်"ဟု
ပြောကြားခဲ့သည်။
NLD ပါတီအနေနှင့် ထိုဟောပြောပွဲများအား ပြည်သူကြားထဲသို့ ထဲထဲဝင်ဝင် ရောက်ရှိသွားစေရန်လည်း ကြိုးစားမည်ဟု ပြောကြားခဲ့သည်။
ထိုဟောပြောပွဲမှာမှ
ရရှိသည့် ပြည်သူ့သဘောထားနှင့် ရပ်ကျေးမှ ဆက်လက် ကောက်ခံမည့်
ပြည်သူ့သဘောထားများအား လွှတ်တော်မှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ
သုံးသပ်ရေးကော်မတီထံ တင်ပြမှာ ဖြစ်ကြာင်းလည်း သတင်းရရှိသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment