Related Posts Plugin for WordPress, Blogger...

Thursday, October 3, 2013

ဒီမာရီယာအတွက် ထိုက်တန်တဲ့ နေရာတစ်ခု (သို့) ဂိုးပြတ်နိုင်ပွဲဖြင့် အောင်ပွဲခံနိုင်ခဲ့သည့် ရီးရဲလ်





ရီးရဲလ် အလယ်တောင်ပံကစားသမား ဒီမာရီယသည် မနေ့က ချန်ပီယံ အုပ်စုပွဲစဉ်ဖြစ်တဲ့ ကိုပင်ဟေဂင်ကို ၄ ဂိုးပြတ်နိုင်ခဲ့ပြီးနောက်သူ့အနေဖြင့် ဂျာရတ်ဘေးလ်တို့ထက် ပထမပွဲထွက် ကစားခွင့်ပိုမိုရရှိနိုင်မယ်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။

ထိုနေ့ပွဲမှာတုန်းက ဒီမာရီယာ က ခရစ်စတီယာနို ရိုနယ်ဒိုနှင့်အတူ သွင်းဂိုး (၂)ဂိုးရယူပေးနိုင်ခဲ့ပြီး၊ တိုက်စစ်မှုး ရိုနယ်ဒိုအတွက်လည်းအကောင်းဆုံး ပံ့ပို့မှုတွေကို ပြုလုပ်ဖန်တီးနိုင်ခဲ့ပါသည်။ သန်း ၁၀၀ တန် ဘေးလ်တစ်ယောက် အသင်းမှာ ဒဏ်ရအနေအထားနဲ့ ဖြစ်နေချိန်မှာ အစွမ်းအစတွေ၊ ကြိုးစားအားထုတ်မှုတွေနဲ့ အတူ အန်ဆယ်လော့တီ၏ ဦးစားပေးခံရမှုကို ရရှိပြီး အသင်းအတွက် အမြဲတမ်း အသင်းလက်ရွှေးစင် lineup ထဲပါဝင်ဖို့ မျှော်လင့်မိကြောင်းလည်းပြောခဲ့ပါသည်။

"ကျွန်တော် နည်းပြကြီးကို လက်ခံယုံကြည်အားကိုးလာအောင် ဆက်လက်ပြီး အားထုတ် ကြိုးပမ်းသွားမယ် " လို့လည်း၊ ဒီမာရီယာက ပြောထားပါသည်။ ကျွန်တော်တို့ အကောင်းဆုံးအနေအထားဖြင့် ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့တယ်လို့ ထင်မြင်မိတယ်။ ရှေ့တိုက်စစ်ကို ၃ ယောက်ထားခဲ့ခြင်းကလည်းဂိုးပြတ်နိုင်ဖို့အတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲအပြီးမှာနည်းပြကြီးက လက်ရှိရလဒ်ကိုကျေနပ်မိကြောင်း၊ပျော်ရွှင်မိကြောင်း ပြောခဲ့ပါတယ်" ဆိုပြီး ဒီမာရီယာက ပြောခဲ့တာပါ။ သူကိုယ်တိုင်လည်း အနိုင်ဂိုး (၂) ဂိုးနှင့်အတူ၊ တောင်ပံ့ကနေ စကေးပြပြီး ဒိုလေးဆီကို ဘောလုံးပေးပို့မှု ပြုလုပ်ခဲ့ပါသေးသည်။

လက်ရှိ ရီးရဲလ်မက်ဒရစ်ကတော့ အုပ်စု (B) မှာ ရမှတ် (၆)မှတ်ဖြင့် ထိပ်ကနေ ကျန်တဲ့အသင်းများကို အမှတ်ဖြတ်ထားခဲ့နိုင်ပါသည်။ နောက်တစ်ကျော့အောက်တိုဘာ ၂၃ မှာတော့ ဂျူဗင်တပ် အသင်းဖြင့် ကစားရမှာဖြစ်ပြီး၊ ဂျူဗင်တပ်အသင်းကတော့ နိုင်ပွဲမရရှိသေးဘဲ သရေ (၂) မှတ်ဖြင့် အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေတာပါ။။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U