Related Posts Plugin for WordPress, Blogger...

Thursday, October 3, 2013

Everywhere & Every time


ဒီည အလွမ်းမိုးတွေ အရမ်းရွာတဲ့ည….. .….ငါ အိပ်လို့မပျော်ဘူး……… စိတ်တွေက တောင်ရောက် မြောက်ရောက် ……အထူးသဖြင့် နင့်ဆီကိုဘဲ ငါ့စိတ်တွေ ရောက်နေတယ်။ နင်ငါ့ကို လွှမ်းမိုးသွားပြီလေ။ တကယ် နင့်ကို ချစ်မိသွားတဲ့ အချိန်ကစပြီး နင့်အရိပ်တွေကို မြင်ယောင်နေတယ် ပြီးတော့ နင့်အသံတွေ ကြားယောင်နေတယ် အခုလဲ အလွမ်းတွေနဲ့အတူ ငါ့နှသားထဲက နင့်အရိပ် ကို မြင်ယောင်နေတယ်။ နင် ငါ့ကို စိတ်ကူးယဉ် အရမ်းဆန်တဲ့သူလို့ ထင်လား….. မထင်ပါနဲ့ ချစ်သူ….. တစ်ချိန်တုန်းက အဲလို ချစ်ခဲ့ဖူးတဲ့သူတွေကို တွေ့တိုင်း ငါပျက်ရယ်ပြု ခဲ့တယ်….. အခုတော့ ငါ့အလှည့်ထင်ပါတယ်ဟယ်…. ငါဝဋ်များလည်လား မသိဘူး…အခု ငါ့စိတ်ထဲမှာ နင်ဘဲ့ ရှိတယ်…. အင်္ဂလိပ်လို ပြောရင်တော့ everywhere & every time ပေါ့။ အခုငါ ကြောက်နေတယ်သိလား…
ငါအိပ်လို့မပျော်ဘူး……အဲဒီအတွေးက ငါ့ကို တစ္ဆေတစ်ကောင်ကို ခြောက်လန့်နေတယ်။ မောလိုက်တာ ချစ်သူရယ်…. မျှော်လင့်စောင့်စားနေရတဲ့ ကာလတစ်ခုကို ကြောက်ရွံ့တုန်လှုပ် မောပန်းစွာနဲ့ ငါ ဖြတ်သန်းနေတယ်…… ဒါကို နင် သိရဲ့လား….ချစ်သူ…….
ပြီးတော့လေ ….. ငါနင့်ကို အရမ်းလွမ်းတယ် သိလား….ချစ်တဲ့ဆိုတာ ဘာမှန်း မသိခင် လွမ်းဆွတ်ခြင်းဒဏ်ကို ငါ့နှလုံးသားမှာ စူးစူးနက်နက် ခံစားနေရတယ်…ချစ်သူ......... ချစ်သူနဲ့ကွေကွင်းရခြင်းဆိုတဲ့ ဒုက္ခကို မခံစားပါရစေနဲ့လို့ ငါ အကြိမ်ကြိမ် ဆုတောင်းနေမိတယ်……..ဆုတောင်းခြင်းကို မယုံကြည်ခဲ့တဲ့ငါ ဆုတောင်းတတ်နေပြီ သိလား………. အရာရာ အားလုံး နင့်ကြောင့်ပြောင်းလဲသွားတယ်လို့ ငါပြောပါရစေ…….နင်ဟာ ငါ့ကို ပြောင်းလဲစေနိုင်ခဲ့သူ….. ပြီးတော့ နင်ဟာ ငါ့ကို ချစ်တတ်စေခဲ့သူပါ။
ခုတော့ငါအိပ်တော့မယ်ဟာ နင့်ကိုလွမ်းတဲ့အလွမ်းတွေနဲ့ပဲ ငါအိပ်စက်ချင်းကို ကျော်ဖြတ်လိုက်မယ် ငါ့ရင်ထဲမှာနင့်ကိုဘယ်လောက်ချစ်လည်းဆိုတာ ငါမပြောပြတက်ဘူး ငါနင့်ကိုအသက်ထက်မကချစ်တယ်ဆိုတာ နင်ယုံကြည် ထားပေးပါနော်... Good Night! နော် နင်လည်းငါ့လိုဘဲလွမ်းနေမယ်ဆိုတာသိ ပါတယ်။ နင့်အချစ်တွေကို ငါမသိလို့မဟုတ်ပါဘူး ငါနင့်ကိုမေးနေကြစကားတစ်ခွန်လေ * မောင့်ကိုချစ်လား* ခဏခဏမေးနေလို့ နင်ငါ့ကိုငြိုငြင်နေပြီလား ငါလေ နင့်ဆီက ငါ့ကိုအရမ်းချစ်တယ်ဆိုတဲ့ အသံလေးကိုကြားချင်ယုံသက်သက်ရယ်ပါကွာ... အဲ့စကားလေးကိုငါကြားလိုက်ရတဲ့ အချိန် ငါဘယ်လောက်ပျော်သွားမလည်း ဆိုတာ နင်တွေးကြည့်ယုံနဲ့တင်သိနိုင်ပါတယ်။ ငါ့ကိုအရမ်းချစ်တယ်ဆိုတာသိပါတယ်... မသိလို့မေးရခြင်းမျိုးလည်းမဟုတ်ရပါ ဘူး... မောင်အိပ်တော့မယ်နော် နန်းလည်းအိပ်တော့ ကောင်းသောညလေး
ပိုင်ဆိုင်နိုင်ပါစေလို့မောင်ဆုတောင်ပါတယ် ... အရမ်းချစ်တယ်နန်းရယ် ♥♥♥


 


Sayar Chan


 


0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U